ပိုချက်တီနိုရဲ့ နောင်တ စကားနဲ့ ပက် အတွက် ချီးကျူးမှု၊ အပြန်အလှန် ပြန် ချီးကျူးနေပြန်တဲ့ ပက် ဂွာဒီယိုလာ
ဒီတပတ်မှာ မန်စီးတီးနဲ့ ချယ်ဆီးအသင်းတို့ အီတီဟက်ကွင်းမှာ ထိပ်တိုက်တွေ့ဖို့ ရှိနေပြီး ဒီပွဲ မတိုင်ခင် နည်းပြ နှစ်ဦး ဖြစ်တဲ့ ပက် ဂွာဒီယိုလာနဲ့ပိုချက်တီနို တို့က အပြန်အလှန် ချီးကျူးစကားတွေ ပြောဆိုနေကြပါတယ်။
ပိုချက်တီနို က “မန်စီးတီးက တကယ်ကို ကောင်းကောင်းလုပ်ဆောင်နေတာပါ။ သူတို့က ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဆိုတာ ငြင်းစရာမရှိပါဘူး။
ကျွန်တော် ပက် ကို မုန်းတီးနေလား။ သဘောမကျဘူးလားလို့ လာ မေးတယ်ပေါ့ .. ။ နည်းပြ တစ်ယောက်အနေနဲ့ သူ့ကို ငါသဘောကျတယ်။ မင်းမေးခွန်းက ငါ့ကိုစိတ်ပျက်စေတယ်နော်။
သူ့ကို ငါသဘောကျတယ်၊ လေးစားတယ် ဒါအမှန်တရားပဲ။ နောက်တစ်ကြိမ် ပက်ကို လက်ဆွဲ မနှုတ်ဆက်တာမျိုးတွေ ငါလုပ်မှာမဟုတ်တော့ဘူး။
အဲ့နေ့က ငါ ဒိုင်ကိုစိတ်ဆိုးလို့ သူ့ကိုရန်တွေ့ဖို့ အတွက် ကွင်းထဲကို မြှားတစ်စင်းလို ပစ်ဝင်သွားလိုက်တာ။ အကြီးဆုံး အမှားတစ်ခုပါပဲ” လို့ ပြောဆိုရင်း ယခင် ထိပ်တိုက်တွေ့မှုက ပြသနာတွေကိုလည်း ဖြေရှင်းခဲ့ပါတယ်။
ပက် ဂွာဒီယိုလာကလည်း -“ပိုချက်တီနိုက အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ပါ။ ချယ်ဆီးက ထူးခြားတဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် လာမယ့် ပွဲစဉ်ဟာ ဒီရာသီကျွန်တော့်အတွက် ခက်ခဲတဲ့ပွဲစဉ်တွေထဲက တစ်ပဲွဲ ဖြစ်လာပါလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။