ယူနိုက်တက်ကိုလာတာ ချန်ပီယံလိဂ်ဝင်ဖို့နဲ့ နိုင်ပွဲရယူဖို့ပါဆိုတဲ့ ဖာနန်ဒက်စ်ရဲ့ ပွဲပြီး ပြောစကား
ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ဝတ်ဖိုဒ့်ကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာထိ တက်ရောက်နိုင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက်အတွက် အဖွင့်ဂိုးကို ဖာနန်ဒက်စ်က ပင်နယ်တီကနေ သွင်းယူပေးခဲ့တာဖြစ်ပြီး အဆိုပါ သွင်းဂိုးဟာ ဖာနန်ဒက်စ်အတွက် ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ်သွင်းဂိုးလည်း ဖြစ်လာခဲ့တယ်။ ဆက်ပြီးလည်း ဂရင်းဝုဒ်အတွက် ဂိုးထေက်ပံ့မှုကိုလည်း လုပ်ပေးနိုင်ခဲ့သေးတာဖြစ်ပါတယ်။
ဖာနန်ဒက်စ်က ပွဲပြီး ပြောရာမှာ ” ဒါက ကျနော် လုပ်လိုတာဖြစ်ပြီး လုပ်ပြဖို့ လိုအပ်ခဲ့တယ်။ ကျနော်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရလိုတယ်ဆိုတာ အားလုံး သိပါတယ်။ ကျနော် ယူနိုက်တက်မှာ ရှိနေတာက အသင်းကို နိုင်ပွဲတွေ ဆက်ရစေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ပေးဖို့ပါ ” လို့ ဆိုခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ အဆင့် ၄ နေရာက ချယ်ဆီးနောက် ၃ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်တယ်။ စပါး ရှက်ဖီးတို့ထက် ၁ မှတ် ပိုထားတဲ့ ယူနိုက်တက်ဟာ လာမယ့်ရာသီ မန်စီးတီး ချန်ပီယံလိဂ်ပိတ်ခံထားရခြင်းကြောင့် ဥရောပဝင်ခွင့် တစ်နေရာကို စတင်ဆုပ်ကိုင်နိုင်ပြီဖြစ်ပေမယ့် အဆင့်လေးအတွင်း ဝင်ဖို့ကို ဆက်လက် အာရုံစိုက်ရမှာ ဖြစ်ပါတယ်။
ZAWGYI