ဂိုးပေါက်ကို ၉ ကြိမ် ကန်ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တဲ့ ဟာလန်း ကို အပြစ်မတင်ဘူး လို့ ဂွာဒီယိုလာ ကာကွယ် ပြောဆို
မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာဟာ စနေနေ့ညတုန်းက အီတီဟတ်ကွင်းတွင် ချဲလ်ဆီးနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲတွင် အခွင့်အရေးများစွာ ဖြုန်းတီးပစ်ခဲ့တဲ့ အာလင်းဟာလန်းကို အပြစ်တင်ရန် ငြင်းဆိုသွားခဲ့ပြီး နောက်ပွဲတွင် ဂိုးသွင်းလာလိမ့်မယ်လို့ ပြောကြားလာပါတယ်။
အာလင်းဟာလန်းဟာ မနေ့ညတုန်းကပွဲတွင် မန်စီးတီးအတွက် ကစားတဲ့ ၇၉ ပွဲတွင် ဂိုးပေါက်ကန်ခွင့် အခွင့်အရေးအများဆုံးအဖြစ် ၉ ကြိမ်အထိ ရရှိခဲ့ပေမဲ့ ဂိုးပေါက်ရှာမတွေ့ခဲ့ပါဘူး။
အာလင်းဟာလန်းရဲ့ ဂိုးပေါက်ကန်ချက် ၉ ကြိမ်မှာ ၇ ကြိမ်မှာ ခေါင်းတိုက်ပြီးတော့ ဖြစ်ပါတယ်။
ဒါပေမဲ့ ဂွါဒီယိုလာက “၉ ကြိမ်ကန်ခွင့်ရခဲ့တာ ကောင်းတာပေါ့။ လာမယ့်ပွဲမှာ သူ ဂိုးသွင်းပါလိမ့်မယ်။ နားထောင်။ ကျုပ်လည်း ဘောလုံးသမားတစ်ဦးဖြစ်ခဲ့တာပါ။ ၁၁ နှစ်ကစားခဲ့တယ်။ ၁၁ ဂိုးသွင်းခဲ့တယ်။ မှတ်တမ်းကြည့်လိုက်စမ်း။ တစ်ရာသီတစ်ဂိုးပဲ။ အဲဒါ ကျုပ်မှတ်တမ်း။
ဒီတော့ တိုက်စစ်မှူးတစ်ဦးကို ဘယ်လို ဂိုးသွင်းပါ ဆိုပြီး အကြံပေးနေမှာ မဟုတ်ပါဘူး။ သူ့အတွက် အခွင့်အရေး ဖန်တီးပေးမယ်။ သူလည်း အခွင့်အရေးရခဲ့တယ်။ လာမဲ့ပွဲမှာ ဂိုးသွင်းမှာပါ။ ဂိုးမသွင်းနိုင်လို့ မပြစ်မတင်လိုပါဘူး။
ဒါမျိုးက ဘောလုံးမှာ ဖြစ်ပျက်နေကြပါ။ လူသားပါ။ အသင်းတစ်သင်း၊ အုပ်စုတစ်ခုအနေနဲ့တော့ ပထမပိုင်းမှာ ကျုပ်တို့ ခြေစွမ်း မကောင်းခဲ့ဘူး”လို့ ပြောကြားသွားပါတယ်။
ဧည့်သည် ချဲလ်ဆီးဟာ ပထမပိုင်း ၄၂ မိနစ်မှာ ရာဟင်းစတာလင်း သွင်းယူတဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ၈၃ မိနစ်မှာ ရိုဒရီက မန်စီးတီးအတွက် ချေပဂိုးသွင်းယူခဲ့တာပါ။