အနိုင် ၃မှတ်ပြည့် မရပျော်ချင်သူတွေ ပျော်ကြပါစေပဲ သဘောထားတဲ့ မန်စီးတီး နည်းပြ ပိုချက်တီနို
မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာဟာ စနေနေ့ညတုန်းက အီတီဟတ်ကွင်းမှာ ချဲလ်ဆီးနှင့် တစ်ဂိုးစီသရေကျတဲ့ ပွဲအပြီး ချဲဆီးနည်းပြ ပိုချက်တီနို ပျော်ရွှင်နေတဲ့ အပေါ် ပျော်ပါစေ လို့ ပြောဆိုလိုက်ပါတယ်။
အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ စနေည ပရီးမီးယားလိဂ် ပွဲမှာ ချဲလ်ဆီးဟာ အိမ်ရှင်အသင်းကို စတာလင်းရဲ့ သွင်းဂိုးနဲ့ ဦး ဆောင်နိုင်ခဲ့ပြီး ရိုဒရီရဲ့ နောက်ကျ ချေပဂိုးကြောင့် သရေတစ်မှတ် ခွဲပေးလိုက်ရတာပါ။
ပိုချက်တီနိုက ချဲလ်ဆီး အသင်း စီးတီးကို သရေ ကစားနိုင်လို့ ဂုဏ်ယူ ပျော်ရွှင်နေပေမယ့် တစ်ဖက်မှာတော့ နည်းပြ ဂွါဒီယိုလာက စီးတီးရဲ့ ပထမပိုင်း ကစားပုံဟာ လုံးဝမကောင်း တာကြောင့် ဒီလိုအခြေအနေမျိုးမှာ ကျေနပ်တယ်ဆိုရင်လည်း သဘောပါပဲလို့ ခပ်ပါးပါး ပုတ်ကာ တုန့်ပြန်လိုက်ပါတယ်။
” (ပိုချက်တီနို ပျော်နေတယ်ဆို) ကောင်းတယ်ဗျာ။ ဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ သူက ဒီလိုမျိုး မြင်နေ တယ်ဆိုရင်တော့လည်း သူ့အသင်းအတွက် ကောင်းတာပေါ့လေ။ ချဲလ်ဆီးဟာ စိန်ခေါ်မှု တစ်ခုဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။
ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မယုံနိုင်စရာ ကောင်းတဲ့ ဒုတိယပိုင်းကို ကစားပြခဲ့တာဖြစ်ပါ တယ်။ ပထမပိုင်းကတော့ ကျွန်တော်တို့ရဲ့ ပုံမှန်ရှိနေကျ အဆင့်မျိုး မဟုတ်ဘူး။
ဒါပေမဲ့ သူတို့လို အသင်းမျိုးနဲ့ ရင်ဆိုင်ကစားမယ်ဆိုရင်တော့ မိနစ် ၉၀ လုံးလုံး ကွက်ပြည့်ကောင်း အောင် ကစားရမယ်။ တစ်ပိုင်းတည်း ကောင်းလို့ မရဘူး ” လို့ ဂွါဒီယိုလာ ပြောသွားတာ ဖြစ်ပါတယ်။