ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဟာလန်းနဲ့ အပြိုင်လုမယ့် တိုက်စစ်မှုး ပြိုင်ဘက်သစ် တစ်ဦး ထပ်တိုးလာပါပြီ

၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး အများဆုံး တိုက်စစ်မှုးသာ ရမယ့် ရွှေဖိနပ်ဆု အတွက် ပြိုင်ပွဲကလည်း အတော် အကြိတ်အနယ် ဖြစ်လာပါပြီ။

ဟာလန်းနဲ့ ဆာလာ တို့သာ လုရမယ် ထင်ခဲ့ရပေမယ့် အခုဆို အာဆင်နယ် တိုက်စစ်မှုး ဆာကာဟာ ရွှေဖိနပ်ဆုကို စိန်ခေါ်မှုအတွင်း ပါဝင်လာနိုင်နေပြီ ဖြစ်ပါတယ်။

ဘန်လေကို အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ဆာကာဟာ နောက်ဆုံး ကစားထားတဲ့ ၅ ပွဲမှာ ၆ ဂိုးထိ ရလာခဲ့ပါပြီ။ အကောင်းဆုံး ပုံစံတွေကြောင့်ပဲ ဆာကာဟာ လက်ရှိ အင်္ဂလန်လိဂ်ရဲ့ အထက်မြက်ဆုံး တိုက်စစ်သမားလည်း ဖြစ်လာနေခဲ့တယ်။

ပရီးမီးယားလိဂ် ၂၅ ပွဲ ကစားအပြီးမှာ ဆာကာဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၂ ဂိုး ရထားပြီဖြစ်ကာ မန်စီးတီးရဲ့ ဟာလန်းနဲ့ လီဗာပူးရဲ့ ဆာလာတို့ကို ဖိအားပေးလာနေပါပြီ။

ဟာလန်းက ၁၆ ဂိုးနဲ့အတူ ထိပ်ဆုံးမှာ ရှိနေတာဖြစ်ပြီး ဒုတိယနေရာမှာ ဆာလာက ၁၅ ဂိုးဖြင့် ရှိနေတာပါ။ သူတို့နောက်မှာ ဘုန်းမောက် တိုက်စစ်မှူး ဆိုလန်ကီ (၁၄ ဂိုး)၊ ဗီလာ တိုက်စစ်မှူး ဝက်ကင် (၁၃ ဂိုး) တို့ ရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်း ထက်မြက်လာမှုတွေအရ လက်ကျန် ပွဲတွေမှာ ဆာကာဟာ ဂိုးတွေ သွင်းနိုင်နေဦးမှာပါ။ သူဟာ ရာသီသိမ်းခါနီးမှာတော့ ဟာလန်းနဲ့ အပြိုင် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို စိန်ခေါ်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။