စီးတီးဘက် ဂိုးသွင်းနိုင်ရင် စတာလင် အောင်ပွဲခံဖို့ နည်းပြ ပိုချက်တီနို သေချာ မှာခဲ့ပေမယ့် အင်္ဂလန်သားက ပွဲမခံခဲ့

ချဲလ်ဆီး အသင်း နည်းပြ ပိုချက်တီနိုက စတာလင်ကို ဂိုးသွင်းရင် အောင်ပွဲခံဖို့ မှာကြားခဲ့ပေမယ့် အင်္ဂလန်သားဟာ သူ့ အသင်းဟောင်း မန်စီးတီးနဲ့ပွဲမှာ အောင်ပွဲမခံခဲ့ကြောင်း ထုတ်ဖော် လိုက်ပါတယ်။

စတာလင်ဟာ စနေနေ့ညတုန်းက အသင်းဟောင်းစီးတီးနဲ့ပွဲမှာ ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ စီးတီးအတွက် အဖိုးတန်သရေတစ်မှတ်ကို ရိုဒရီက ရယူပေးနိုင်ခဲ့ပြီး အခုသရေပွဲကြောင့် စီးတီးဟာ ၁ ပွဲကျန် အနေအထားနဲ့ ရှိချိန်မှာ ဇယာားထိပ်က လီဗာပူးအသင်းနဲ့ ၄ မှတ်ကွာဟခဲ့ပြီဖြစ်ပါတယ်။

စတာလင်ဟာ ၂၀၁၅ ကနေ ၂၀၂၂ အထိ စီးတီးနဲ့အတူ အောင်မြင်မှု ရယူနိုင်ခဲ့တာဖြစ်ပြီး အခုတော့ ပြိုင်ဘက်အနေနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရကာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အောင်ပွဲမခံခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနိုက စီးတီးကိုဂိုးသွင်းနိုင်ခဲ့ရင် အောင်ပွဲခံဖို့ သူ့ကိုမှာကြားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

“ခင်ဗျားအနေနဲ့ မတူညီတဲ့အသင်းအတွက်ကစားပေးချိန်မှာ ခင်ဗျားခံစားချက်ကို ရပ်တန့်လို့ရမှာမဟုတ်ပါဘူး။ ခင်ဗျားအနေနဲ့ အောင်ပွဲခံဖို့ လိုအပ်ပါတယ်။ အခု ခင်ဗျားက နောက်ထပ်အသင်းတစ်သင်းအတွက် ကစားပေးနေတာပါ”လို့ ပွဲကြိုသတင်းစာရှင်းပွဲတုန်းက ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

“အဲ့တာက အရေးကြီးပါတယ်။ သူ့အတွေ့အကြုံရယ် ပြီးတော့ တိုက်စစ်အားသန်ကစားသမားတစ်ဦးအနေနဲ့ ဂိုးသွင်းဖို့ ယုံကြည်မှုလိုအပ်ပါတယ်။ သူက အသင်းအတွက် အလုပ်တကယ်ကြိုးစားပါတယ်။ ခံစစ်လည်းကောင်းကောင်းလုပ်နိုင်သလို အသင်းကို ကူညီဖို့ မှန်ကန်တဲ့နေရာမှာရှိနေပါတယ်။ ဒါ့အပြင် ခံစစ်လိုင်းမှာလည်း ဘန်ချီဝဲလ်ကို ကူညီပေးပါတယ်။ မှန်ပါတယ်။ တကယ့်အရေးပါတဲ့စွမ်းဆောင်ရည်ပါ။ ဒါကြောင့်ပျော်ပါတ်။ သူက ကျွန်တော်တို့အတွက် အဖိုးတန်သရေတစ်မှတ်ယူပေးနိုင်ခဲ့ပါတယ်”လို့ ပိုချက်တီနိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အဝေးကွင်းမှာ အဖိုးတန်သရေတစ်မှတ်ရခဲ့ပေမယ့် စတာလင်ကတော့ ချဲလ်ဆီးအသင်း အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာကို စိတ်ပျက်နေပါတယ်။