ဒီည မန်စီးတီး vs ဘရန့်ဖို့ဒ် ပွဲစဉ်က ဘယ်လို ဂိုးရလဒ် ထွက်မလဲ ကြိုတင် ဟောကိန်းထုတ်လာတဲ့ ပေါမာဆန်

မန်ချက်စတာ စီးတီးကတော့ ဒီကြားရက်မှာ ပွဲကျန် တစ်ပွဲ ဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်ကို ယှဉ်ပြိုင် ကစားတော့မှာပါ။ ပွဲကတော့ ဒီည/ ဗုဒ္ဓဟူး နံနက် မြန်မာစံတော်ချိန် ၂ နာရီ အချိန်၊ အီတီဟက် ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။

စီးတီးက ဒီပွဲကျန်ကို အနိုင် ကစားလိုက်ရင် အာဆင်နယ်ကို ကျော်တက်ကာ ဒုတိယ နေရာ ပြန်ရောက်မှာ ဖြစ်ပြီး လီဗာပူးနဲ့ အမှတ်ကွာဟချက် တစ်မှတ်သာ ရှိတော့မှာပါ။

ဒီည ကစားမယ့် မန်စီးတီး vs ဘရန့်ဖို့ဒ် ပွဲ အတွက် ပေါမာဆန်ကြီးကတော့ အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

ပေါမာဆန်ကြီးရဲ့ ပွဲကြို သုံးသပ်ချက်

ဘရန့်ဖို့ဒ်က ပြီးခဲ့တဲ့ ရာသီ မန်စီးတီးကို နှစ်ကြိမ်လုံး အနိုင်ယူခဲ့ပေမယ့် ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီပွဲကိုတော့ သက်တောင့်သက်သာ အနိုင်ရသွားမယ်လို့ ကျွန်တော် ထင်တယ်။ စီးတီးက ဒီပွဲ နိုင်လိုက်ရင် ဇယားထိပ်က လီဗာပူးနဲ့ အာဆင်နယ်ကို ဖိအားပေးနိုင်မှာပါ။

ပြီးခဲ့တဲ့ အပတ် ချန်ပီယံလိဂ်ပွဲမှာ ကိုပင်ဟေဂင်ကို ဂိုးပြတ်နိုင်ထားတဲ့ မန်စီးတီးက နောက်တကျော့မှာ ကစားသမား တချို့ အနားပေးပြီး ပရီးမီးယားလိဂ်ဘက် အာရုံစိုက်နိုင်တော့မှာပါ။

ဒါကို စဉ်းစားကြည့်မယ် ဆိုရင် အခုကနေ ရာသီကုန်ထိ ပရီးမီးယားလိဂ်ထက် ချန်ပီယံလိဂ်မှာမှ အရှုံးခံလို့ ရသေးတယ် လို့ မြင်ပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းက ဒီလို အခြေအနေတွေကို ဖောက်ထွက်တဲ့နေရာမှာ ဆရာကျနေပြီ။ သူတို့ ဘယ်လို လုပ်ရမလဲ ကောင်းကောင်း သိပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်

မန်စီးတီး 3-0 ဘရန့်ဖို့ဒ်