ကယ်ဗင် ဖီးလစ်ကို လူသိရှင်ကြားပဲ တောင်းပန်စကား ပြောဆိုလိုက်တဲ့ စီးတီး နည်းပြ ပက် ဂွါဒီယိုလာ

မန်စီးတီး အသင်း နည်းပြ ပက်ဂွါဒီယိုလာဟာ ဝိတ်တက်နေမှုနှင့်ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့မှုအတွက် ကယ်ဗင်ဖီးလစ်အား တောင်းပန်လာပါတယ်။

ဂွါဒီယိုလာ က ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှ ပြန်ရောက်လာပြီးနောက် ၁.၅ ကီလိုအထိ ဝိတ်တက်နေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားကို ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဖီးလစ်ဟာ မန်စီးတီးတွင် နေရာပျောက်ဆုံးပြီးနောက် ဝက်စ်ဟမ်းသို့ အငှားဖြင့် ပြောင်းရွှေ့ကာ ကစားသမားဘဝ ပြန်လည်ဦးမော့ရေး ကြိုးပမ်းနေပါတယ်။

မကြာသေးမီတုန်းက အင်တာဗျူးတစ်ခုတွင် ဖီးလစ်က ဂွါဒီယိုလာရဲ့ ဝိတ်နှင့်ပတ်သက်ပြီး သူ့အပေါ် ဝေဖန်ခဲ့မှုမှာ သူ့ကစားသမားဘဝ အပေါ် များစွာ အကျိုးသက်ရောက်နေခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒီ အပြောကို ကြားပြီးနောက်မှာတော့ ဂွါဒီယိုလာက အခုလို တုန့်ပြန် တောင်းပန်စကား ဆိုလာခဲ့တာပါ။

ဂွါဒီယိုလာက “စိတ်မကောင်းပါဘူး။ နည်းပြ ၈ နှစ်တာ အတွင်း ဒီ ၁ ကြိမ် ပဲ မှားဖူးတာ မဆိုးပါဘူး။ ဒါပေမဲ့ စိတ်မကောင်းပါဘူး။ ကျွန်တော် သူ့ကို တောင်းပန်ပါတယ်။ တကယ်စိတ်မကာင်းပါဘူး။ တကယ်စိတ်မကောင်းတာပါ။ သူ့ကို တောင်းပန်ပါတယ်။ စိတ်မကောင်းပါဘူး”လို့ ပြောကြားသွားပါတယ်။

ဒါပေမဲ့ ဂွါဒီယိုလာက ၎င်းမှာ မီဒီယာများ ရှေ့တွင် ဝိတ်တက်နေမှုအား မပြောကြားမီ ကယ်ဗင်ဖီးလစ်အား ကိုယ်တိုင် ပြောကြားခဲ့ကြောင်း ဆိုသွားခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိ ဖီးလစ်ဟာ ပြီးခဲ့တဲ့ ၁၈ လတာကာလအတွင်းတွင် မန်စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲ ၂ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး စုစုပေါင်း ၆ ပွဲတည်းသာ ကစားခွင့်ရခဲ့ပါတယ်။