ဟာလန်း ကစားတာ ကြည့်ချင်လို့ ဆိုပြီး မန်စီးတီးပွဲ မကြည့်ဖူးဘူး ဆိုလာတဲ့ အီဒင် ဟာဇက်

ချယ်ဆီး ဂန္တဝင် ကွင်းလယ်ဟောင်း အီဒင် ဟာဇက်ကတော့ ဒီတလော သူ့ရဲ့ အင်တာဗျူး အစီအစဉ်မှာ မန်စီးတီး ကစားသမားတွေ အကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။
ဟာဇက် က ပရီးမီးယားလိဂ်မှာ ဟာလန်း ဂိုးသွင်းကောင်းပြီး အကျော်အမော ဖြစ်နေပေမယ့် မန်စီးတီးမှာတော့ သူ စောင့်ကြည့်ချင်စရာ ကစားသမား မဟုတ်ဘူးလို့ ပြောဆိုလာပါတယ်။
“ဟာလန်း ကစားတာကို ကြည့်ချင်လို့ ဆိုပြီး ကျနော် ဘောလုံးပွဲမကြည့်ဖူးဘူး၊ သူက ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးပါ၊ သူ့ကို ကျနော် တိုက်ခိုက်တာ မဟုတ်ဘူး၊
ဒါပေမယ့် ကျနော်က ဒီဘရိုင်း၊ ဘယ်လင်ဟမ်၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဂရီလစ်ရှ်တို့ ကစားတာကိုကြည့်ချင်လို့ ပွဲတွေကြည့်ဖြစ်ပါတယ်၊ ဟာလန်းက ကျနော့် အကြိုက် ကစားသမားတော့မဟုတ်ပါဘူး” လို့ ဟာဇက် က ပွင့်ပွင့်လင်းလင်း ပြောခဲ့တာ ဖြစ်ပါတယ်။
ဟာဇက် က ဟာလန်းကို ဖဲ့လိုတဲ့ သဘောတော့ မဟုတ်ဘဲ မန်စီးတီး ကွင်းလယ်ကနေ ဖန်တီး အခရာကျတဲ့ ကွင်းယလ်သမားတွေကိုသာ ပိုပြီး သဘောကျ နှစ်ခြိုက်ဟန် ရှိနေပါတယ်။