ယူနိုက်တက်ရဲ့ လာဘ်ကောင် ဖာနန်ဒက်စ် သယ်ဆောင်လာပေးတဲ့ ကောင်းခြင်းတွေကို ဆိုရှား ချီးကျူး

ယူနိုက်တက်က ဝတ်ဖိုဒ့်ကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ မန်နေဂျာဆိုးရှားက ဇန်နဝါရီမှာ အသစ်ခေါ်ယူထားတဲ့ ဘရူနိုဟာ ယူနိုက်တက်အတွက် ကောင်းခြင်းတွေကို ယူဆောင်လာပေးသူအဖြစ် ချီးကျူးလိုက်ပါတယ်။

ဘရူနိုရောက်လာက အသင်းအတွက် အင်အားကြီး ဖြစ်လာခဲ့သလို အသင်းသားတွေနဲ့ ပရိသတ်တွေကို အင်အားတက်ကြွမှုတွေ သယ်ဆောင်ပေးလာခဲ့တယ်။ သူရောက်လာတဲ့နောက်ပိုင်း အသင်းရလဒ်တွေကလည်း သိသိသာသာ တိုးတက်လာနေခဲ့ပြီ ဖြစ်ပါတယ်။

ဆိုးရှားက ” ဘရူနိုက အသင်းကို ရောက်လာပြီးနောက် အသင်းက လူတိုင်းကို တက်ကြွစေခဲ့သူပါ။ သူက အသင်း၊ အသင်းဖော်တွေတင်မကပဲ အသင်းပရိသတ်တွေကိုပါ တက်ကြွစေခဲ့သူဖြစ်ပါတယ်။

ဘရူနိုက အသင်းကို ရောက်လာတဲ့ ပထမဆုံး မိနစ်မှာတင် အကျင့်စရိုက် ကောင်းမွန်သူဆိုတာ သိသာခဲ့ပါတယ်။ သူက ယုံကြည်မှုရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး စခိုး၊ ဗီရွန်တို့ကို ပေါင်းစပ်ထားတဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ သူက မြင်ရတာထက် ပိုမို လျှင်မြန်တဲ့ ကစားသမားဖြစ်ပြီး သူ့ကို ပိုင်ဆိုင်ရတာကို အရမ်း စိတ်လှုပ်ရှားမိတယ်။

သူက လူတိုင်းကို တက်ကြွနေစေပြီး ပွဲတိုင်းမှာ အံဝင်အောင် လုပ်ပြနိုင်ပါတယ်။ ရှေ့ဆက်ပြီးလည်း ကျနေ်ာတို့ ပွဲကြီးပွဲကောင်းတွေ ကစားရဦးမှာပါ။ ဘောလုံးမှာ အရေးကြီးဆုံးက သွင်းဂိုးတွေ ရယူနိုင်ဖို့ပါပဲ ” လို့ ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

ဝတ်ဖိုဒ့်ကို အနိုင်ယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာထိ တက်လာနိုင်ခဲ့ပါပြီ။ အဆင့်လေးနေရာက ချယ်ဆီးနဲ့ ရမှတ် ၃ မှတ်ပဲ ကွာဟနေကာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြန်တိုက်ခိုက်လာနိုင်နေပြီ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္က ဝတ္ဖိုဒ့္ကို ၃-၀ နဲ႔ အႏုိင္ရတဲ့ပြဲအျပီးမွာ မန္ေနဂ်ာဆိုးရွားက ဇန္နဝါရီမွာ အသစ္ေခၚယူထားတဲ့ ဘရူႏိုဟာ ယူႏုိက္တက္အတြက္ ေကာင္းျခင္းေတြကို ယူေဆာင္လာေပးသူအျဖစ္ ခ်ီးက်ဴးလိုက္ပါတယ္။

ဘရူႏိုေရာက္လာက အသင္းအတြက္ အင္အားၾကီး ျဖစ္လာခဲ့သလို အသင္းသားေတြနဲ႔ ပရိသတ္ေတြကို အင္အားတက္ၾကြမႈေတြ သယ္ေဆာင္ေပးလာခဲ့တယ္။ သူေရာက္လာတဲ့ေနာက္ပိုင္း အသင္းရလဒ္ေတြကလည္း သိသိသာသာ တိုးတက္လာေနခဲ့ျပီ ျဖစ္ပါတယ္။

ဆိုးရွားက ” ဘရူႏိုက အသင္းကို ေရာက္လာျပီးေနာက္ အသင္းက လူတိုင္းကို တက္ၾကြေစခဲ့သူပါ။ သူက အသင္း၊ အသင္းေဖာ္ေတြတင္မကပဲ အသင္းပရိသတ္ေတြကိုပါ တက္ၾကြေစခဲ့သူျဖစ္ပါတယ္။

ဘရူႏိုက အသင္းကို ေရာက္လာတဲ့ ပထမဆံုး မိနစ္မွာတင္ အက်င့္စရိုက္ ေကာင္းမြန္သူဆိုတာ သိသာခဲ့ပါတယ္။ သူက ယံုၾကည္မႈရွိတဲ့ ကစားသမားတစ္ေယာက္ျဖစ္ျပီး စခိုး၊ ဗီရြန္တို႔ကို ေပါင္းစပ္ထားတဲ့ ကစားသမားမ်ိဳး ျဖစ္ပါတယ္။ သူက ျမင္ရတာထက္ ပုိမို လွ်င္ျမန္တဲ့ ကစားသမားျဖစ္ျပီး သူ႔ကို ပိုင္ဆုိင္ရတာကို အရမ္း စိတ္လႈပ္ရွားမိတယ္။

သူက လူတိုင္းကို တက္ၾကြေနေစျပီး ပြဲတိုင္းမွာ အံဝင္ေအာင္ လုပ္ျပႏုိင္ပါတယ္။ ေရွ႔ဆက္ျပီးလည္း က်ေန္ာတို႔ ပြဲၾကီးပြဲေကာင္းေတြ ကစားရဦးမွာပါ။ ေဘာလံုးမွာ အေရးၾကီးဆံုးက သြင္းဂိုးေတြ ရယူႏုိင္ဖို႔ပါပဲ ” လို႔ ခ်ီးက်ဴးသြားခဲ့တာျဖစ္ပါတယ္။

ဝတ္ဖိုဒ့္ကို အႏုိင္ယူႏုိင္ခဲ့တာေၾကာင့္ ယူႏုိက္တက္ဟာ အမွတ္ေပးဇယားမွာ အဆင့္ ၅ ေနရာထိ တက္လာႏုိင္ခဲ့ပါျပီ။ အဆင့္ေလးေနရာက ခ်ယ္ဆီးနဲ႔ ရမွတ္ ၃ မွတ္ပဲ ကြာဟေနကာ ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ျပန္တိုက္ခိုက္လာႏုိင္ေနျပီ ျဖစ္ပါတယ္။