နောက်လထဲ မန်စီးတီးနဲ့ ကန်မယ့် ပွဲတောင် မပါဝင်နိုင်တော့ဘဲ နာသွားတဲ့ လီဗာပူး အဓိက အသင်းသား
လီဗာပူးအသင်းရဲ့ အဓိက အသင်းသား တစ်ဦး ဖြစ်တဲ့ ပွဲထွက် ဂိုးသမား အယ်လစ်ဆန် ဘက်ကာဟာ လာမယ့်လ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် အရေးကြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ်။
ဘရာဇီးလ်ဂိုးသမားဟာ ဘန်လေနဲ့ ဘရန့်တ်ဖို့ဒ်တို့ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေကို တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က ကြယ်ပွင့်ဂိုးသမား ပြန်သက်သာလာမယ့် အချိန်ကို မသတ်မှတ်ပေးနိုင်ခဲ့ပါဘူး။
ဒါပေမယ့်လည်း TNT Sports Brazil နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဘရာဇီးလ်နည်းပြသစ် ဒိုရီဗယ် ဂျူနီယာက အယ်လစ်ဆန်အနေနဲ့ အင်္ဂလန်၊ စပိန်တို့နဲ့ ကစားရမယ့် မတ်လ နိုင်ငံတကာအားလပ်ရက်အတွင်း ခြေစမ်းပွဲတွေကို ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
“ကစားသမားခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ နာမည်တွေအားလုံးဟာ အရေးကြီးတဲ့ကစားသမားတွေဖြစ်ပြီး အချို့ဆိုရင် သူတို့ရဲ့အသင်းတွေမှာ ထင်ပေါ်ကျော်ကြားမှုအချို့ ရှိနေပါတယ်။ သူတို့တွေက အကြိုလူစာရင်းထဲမှာ အမှန်တကယ် ပါပါလိမ့်မယ်။
အထူးသဖြင့် နည်းနည်း ပိုပြီး ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တဲ့ ကစားသမားအချို့ အယ်လစ်ဆန်၊ ကွန်ညာ၊ ပက်ဒရို၊ နေမာတို့လိုမျိုး ကစားသမားတွေဟာ အခုအချိန်မှာ ခေါ်ယူနိုင်ခြေရှိတဲ့ထဲကနေ လုံးဝကို ဖယ်ရှားခံထားရပါတယ်။ ကျွန်တော်တို့ တစ်ယောက် မဟုတ် တစ်ယောက် နာမည်သတ်မှတ်ထားပြီးသားမဟုတ်ပါဘူး။
ဒီကျယ်ပြောတဲ့စာရင်းထဲမှာ အချို့ဆိုရင် အခုအချိန်မှာ ကျွန်တော်တို့ ခေါ်လို့ မရတော့ပါဘူး။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဘရာဇီးလ်လက်ရွေးစင်နည်းပြရဲ့ ပြောကြားချက်အရ အယ်လစ်ဆန်ဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်ခင် ပြန်လာနိုင်မှာမဟုတ်တာကြောင့် လီဗာပူးလ်ရဲ့ ပွဲစဉ် ၆ ပွဲအထိ အနည်းဆုံး လွဲချော်တော့မယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
မတ်လထဲ ဘရာဇီးလ်အသင်းရဲ့ ပွဲတွေမှာ မန်စီးတီး ဂိုးသမား အီဒါဆန်က လက်ရွေးစင် အသင်း အတွက် ပွဲထွက် ရဦးမှာပါ။