ဘယ်သူမှ မချီးကျူးသေးတဲ့ ဖာနန်ဒက်စ်ရဲ့ အရည်အချင်းကောင်းတစ်ရပ်ကို ဖော်ထုတ်သွားတဲ့ ခရော့

အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာခရော့က ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်ဟာ စပို့တင်းမှ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူလိုက်နိုင်တာက တကယ်ကို အကျိုးများပါတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အထူးသဖြင့် ဖာနန်ဒက်စ်က ယူနိုက်တက်နဲ့ အသင်းပရိသတ်တွေ လိုအပ်နေတဲ့ ခေါင်းဆောင်တစ်ဦးကို ရလိုက်ခြင်းဖြစ်ပြီး ယူနိုက်တက် လိုအပ်နေတဲ့ နေရာအတွက် အင်အားဖြည့်တင်းနိုင်မှုလည်း ဖြစ်လာတယ်လို့ ထောက်ပြသွားခဲ့တယ်။

ခရော့က ပြောရာမှာ ” သူက ယူနိုက်တက်အသင်းနဲ့ ပရိသတ်တွေကို မတင်ပေးနိုင်ခဲ့ပြီး တကယ်ကို ခေါင်းဆောင်တစ်ယောက် လိုပါပဲ။ သူက အနည်းငယ် ကိန်းကြီးခန်းကြီး နိုင်ပြီး ယူနိုက်တက်က အဲ့လို ကစားသမားမျိုးကို လိုအပ်နေတာပါ။ ဘယ်လိုပေးရမလဲဆိုတာကို သူမြင်ပြီး အရမ်းကွာလှမ်းမှုတွေကနေလည်း ပေးနိုင်စွမ်းရှိတယ်။ သူက တကယ်ကို လှုပ်ရှားနိုင်ပါတယ်။

တိုက်စစ်ကိုလည်း ဖွင့်ပေးနိုင်စွမ်းရှိတယ်။ ကျနော်ကတော့ မာတာကိုတောင် ပြန်သတိရမိတယ်။ ဒါပေမယ့် မာတာက တိုက်စစ်လိုက်ဖို့ ပြေးလွှားနိုင်စွမ်း မရှိပေမယ့် သူကတော့ အရှိန်နဲ့ ကစားနိုင်စွမ်းရှိပြီး ပင်နယ်တီကို အနိုင်ရတာလည်း ဒီအားသာချက်ကြောင့်ပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဝတ်ဖိုဒ့်ကို အနိုင်ရတဲ့ပွဲမှာ ကိုယ်တိုင် ဂိုးသွင်းနိုင်သလို ဂိုးထောက်ပံ့မှုလည်း လုပ်ပေးနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ချယ်ဆီးကို အနိုင်ရတဲ့ ပွဲတုန်းကလည်း ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်ခဲ့သေးတာပါ။

” ဖာနန်ဒက်စ်က ယုံကြည်မှုတွေ သိပ်ပြည့်ဝနေတယ်။ သူ့ရဲ့ ဖြတ်တင်ဘောတွေကို ကျနော် သဘောကျပါတယ်။ ပရိသတ်တွေကလည်း အဲ့တာမျိုးကို သဘောကျပါလိမ့်မယ် ” လို့ ဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ဘော ကောင်းမွန်မှုကို ခရော့က ချီးကျူးခဲ့သေးတာ ဖြစ်ပါတယ်။

ZAWGYI

အဂၤလန္တိုက္စစ္မွဴးေဟာင္း ပီတာခေရာ့က ဇန္နဝါရီအေျပာင္းအေရႊ႔မွာ ယူႏုိက္တက္ဟာ စပို႔တင္းမွ ကြင္းလယ္လူ ဖာနန္ဒက္စ္ကို ေခၚယူလိုက္ႏုိင္တာက တကယ္ကို အက်ိဳးမ်ားပါတယ္လို႔ ဖြင့္ဟလိုက္ပါတယ္။

အထူးသျဖင့္ ဖာနန္ဒက္စ္က ယူႏုိက္တက္နဲ႔ အသင္းပရိသတ္ေတြ လိုအပ္ေနတဲ့ ေခါင္းေဆာင္တစ္ဦးကို ရလိုက္ျခင္းျဖစ္ျပီး ယူႏုိက္တက္ လိုအပ္ေနတဲ့ ေနရာအတြက္ အင္အားျဖည့္တင္းႏုိင္မႈလည္း ျဖစ္လာတယ္လို႔ ေထာက္ျပသြားခဲ့တယ္။

ခေရာ့က ေျပာရာမွာ ” သူက ယူႏုိက္တက္အသင္းနဲ႔ ပရိသတ္ေတြကို မတင္ေပးႏုိင္ခဲ့ျပီး တကယ္ကို ေခါင္းေဆာင္တစ္ေယာက္ လိုပါပဲ။ သူက အနည္းငယ္ ကိန္းၾကီးခန္းၾကီး ႏိုင္ျပီး ယူႏုိက္တက္က အဲ့လို ကစားသမားမ်ိဳးကို လိုအပ္ေနတာပါ။ ဘယ္လိုေပးရမလဲဆိုတာကို သူျမင္ျပီး အရမ္းကြာလွမ္းမႈေတြကေနလည္း ေပးႏုိင္စြမ္းရွိတယ္။ သူက တကယ္ကို လႈပ္ရွားႏုိင္ပါတယ္။

တိုက္စစ္ကိုလည္း ဖြင့္ေပးႏုိင္စြမ္းရွိတယ္။ က်ေနာ္ကေတာ့ မာတာကိုေတာင္ ျပန္သတိရမိတယ္။ ဒါေပမယ့္ မာတာက တိုက္စစ္လိုက္ဖို႔ ေျပးလႊားႏုိင္စြမ္း မရွိေပမယ့္ သူကေတာ့ အရွိန္နဲ႔ ကစားႏုိင္စြမ္းရွိျပီး ပင္နယ္တီကို အႏုိင္ရတာလည္း ဒီအားသာခ်က္ေၾကာင့္ပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဝတ္ဖိုဒ့္ကို အႏုိင္ရတဲ့ပြဲမွာ ကိုယ္တိုင္ ဂိုးသြင္းႏုိင္သလို ဂိုးေထာက္ပံ့မႈလည္း လုပ္ေပးႏုိင္ခဲ့တဲ့ ဖာနန္ဒက္စ္ဟာ ခ်ယ္ဆီးကို အႏုိင္ရတဲ့ ပြဲတုန္းကလည္း ဂိုးေထာက္ပံ့မႈ လုပ္ေပးႏုိင္ခဲ့ေသးတာပါ။

” ဖာနန္ဒက္စ္က ယံုၾကည္မႈေတြ သိပ္ျပည့္ဝေနတယ္။ သူ႔ရဲ႕ ျဖတ္တင္ေဘာေတြကို က်ေနာ္ သေဘာက်ပါတယ္။ ပရိသတ္ေတြကလည္း အဲ့တာမ်ိဳးကို သေဘာက်ပါလိမ့္မယ္ ” လို႔ ဖာနန္ဒက္စ္ရဲ႕ ျဖတ္တင္ေဘာ ေကာင္းမြန္မႈကို ခေရာ့က ခ်ီးက်ဴးခဲ့ေသးတာ ျဖစ္ပါတယ္။