စနေညမှာ ဘုန်းမောက်ကို အဝေးကွင်း သွားရင်ဆိုင်မယ့် မန်စီးတီး ပွဲက ဘယ်လို ရလဒ်ထွက်မလဲ ဘီဘီစီမှ ဆက်တန် ခန့်မှန်းချက်ထုတ်

ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ စီးတီးအသင်းကတော့ ဘုန်းမောက်အသင်းနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ည ၁၂ နာရီ တိတိ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် ပွဲသုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ဘုန်းမောက် – မန်စီးတီး ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းမှု ပြုလုပ်လာပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ကြားရက်က ဘရန့်ဖိုဒ့်ပွဲမှာ မန်စီးတီးတို့က အကျည်းတန်လှတဲ့ ပုံစံနဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့ နိုင်ပွဲယူနိုင်နေဆဲ ဖြစ်ပါတယ်။

ဒီပွဲမှာလည်း အလာတူ အခြေအနေမျိုး မြင်ရမယ် ထင်မိတယ်။ မန်စီးတီးက တိုက်ခိုက်နေရပေမယ့် နိုင်ပွဲရှာဖွေနိုင်နေပါတယ်။

Boxing Day ကတည်းက ဘုန်းမောက်တို့ နိုင်ပွဲမရတော့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်မှာ သူတို့ ကံဆိုးလွန်းလို့ နယူးကာဆယ်ကို မနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်တလောမှာ သူတို့ တန်းဆင်းဇုန် ဖိအားလည်း မရှိပါဘူး။

ဒီပွဲမှာ ဖူလ်ဟမ်က ဂိုးသွင်းနိုင်မှာပါ ဒါပေမယ့် သူတို့ အောင်ပွဲခံခွင့်တော့ ရမှာ မဟုတ်ပါဘူး။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်

ဘုန်းမောက် ၁-၃ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။