လီဗာပူးကို ဖိအားပေးဖို့ မန်စီးတီး ဒီည ဘုန်းမောက်ကို အနိုင်ကစားမှ ဖြစ်မယ် ဆိုတဲ့ ပေါမာဆန်ရဲ့ သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ စီးတီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်အသင်းနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။

ပွဲကစားမယ့် အချိန်ကတော့ ဒီနေ့ စနေနေ့ည ၁၂ နာရီ တိတိ အချိန်မှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဘုန်းမောက် – မန်စီးတီး ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီတလော မန်စီးတီးက အထင်ကြီးဖို့ သိပ်မကောင်းပါဘူး။ ချယ်ဆီးက သူတို့ကို ခက်ခဲတဲ့ပွဲ ပေးခဲ့သလို အခွင့်အရေးတွေပါ ဖန်တီးသွားခဲ့တယ်။ ကြားရက်မှာ ဘရန့်ဖိုဒ့်နဲ့ ရင်ဆိုင်ခဲ့ရစဉ်မှာ မန်စီးတီးက သူတို့လုပ်ချင်သလို လုပ်ခွင့်မရခဲ့ပါဘူး။

ဒီပွဲက စီးတီးအတွက် လွယ်မှာ မဟုတ်ပါဘူး။ သူတို့ လီဗာပူးနဲ့ ၄ မှတ်ကွာဟနေလို့ ဖိအားတွေ ရှိနေမှာပါ။ ဒီပွဲကို မန်စီးတီး မနိုင်ရင် ဖလားပြိုင်ဆိုင်မှုမှာ လီဗာပူးကို ရှုံးတာပါပဲ။

ရာသီဝက်မှာတုန်းက ဘုန်းမောက်တို့ ရလဒ်ကောင်းတွေရခဲ့ပေမယ့် နောက်ဆုံး ၄ ပွဲမှာတော့ နိုင်ပွဲမရထားပါဘူး။ မန်စီးတီးကလည်း ပြိုင်ဘက်တွေကို ပြတ်ပြတ်သားသား မလုပ်ထားနိုင်ဘူး။ ဒီပွဲမှာတော့ လီဗာပူးကို ဖိအားပေးနိုင်ရေး စီးတီးတို့ အနိုင်ကစားမှာ ဖြစ်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် ၁-၂ မန်ချက်စတာ စီးတီး။