အံ့ဖွယ် အချက်အလက်တွေနဲ့ ယူနိုက်တက် ဆယ်ကျော်သက်လေး မေဆန်ဂရင်းဝုဒ်

ယူနိုက်တက် လူငယ် မေဆန် ဂရင်းဝုဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အတောက်ပဆုံး ဆယ်ကျော်သက် လူငယ်တွေထဲ ပါဝင်ပါတယ်။ တနင်္ဂနွေညက ဝက်ဖို့ဒ်နဲ့ ပွဲမှာလည်း ယူနိုက်တက် အတွက် အနိုင်ဂိုး တစ်ဂိုး သွင်းယူခဲ့တဲ့ ဂရင်းဝုဒ်ဟာ အသက် ၁၈ နှစ်သာ ရှိသေးပေမယ့် ဒီရာသီ ယူနိုက်တက် အတွက် သွင်းဂိုး ၁၁ ဂိုး ရှိသွား ခဲ့ပြီ ဖြစ်ပါတယ်။

အင်္ဂလန်သားဟာ ယူနိုက်တက် စီနီယာ အသင်းကြီးနဲ့ အတူ ပထမဆုံး စတင်ကစားခဲ့တာက ပြီးခဲ့တဲ့ နှစ် မတ်လက ယူနိုက်တက်ရဲ့ ပီအက်စ်ဂျီ ကို နိုင်ခဲ့တဲ့ နာမည်ကျော် come back နိုင်ပွဲမှာ ဖြစ်ပါတယ်။ ထိုပွဲကနေ စတင်လို့ အသင်းကြီး လူစာရင်းမှာ နေရာရလာတဲ့ ဂရင်းဝုဒ်ဟာ ပုံမှန်လို ပွဲထွက်ခွင့် ရလာခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ဒီရာသီ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ကစားတာ ၃၃ ပွဲရှိသွားပြီ ဖြစ်ပြီး သွင်းဂိုးက ၁၁ ဂိုး ရှိကာ ဂိုးထောက်ပံ့မှု လေးကြိမ် ပြုလုပ်ထားပါတယ်။ ပျမ်းမျှ အနေနဲ့ ဂရင်းဝုဒ်က ၁၀၃ မိနစ်တိုင်း တစ်ကြိမ် တစ်ဂိုး သွင်းနေတာလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ရဲ့ အံ့ဖွယ် အချက်အလက်တွေကြောင့် အင်္ဂလန် မီဒီယာတွေကလည်း ချီးကျူးနေကြပြီး ယူနိုက်တက် နည်းပြ ဆိုးရှား ကိုယ်တိုင်က အဆုံးသတ် ကောင်းလွန်းတဲ့ ဂရင်းဝုဒ်လို့ ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

ဝက်ဖို့ဒ်နဲ့ ပွဲပြီးမှာ သွင်းဂိုးနဲ့ ပတ်သတ်ပြီး ဂရင်းဝုဒ်က – ” တကယ့် အံ့အားသင့်စရာ ခံစားမှုပါပဲ။ ကျနော်ကတော့ ကလပ်အသင်းအတွက် ကြိုးစား အလုပ်လုပ်နေပါတယ်။ ဂိုးသွင်းနိုင်ခဲ့တာ အတွက် ပျော်ရွှင်ပြီး ကျေးဇူးတင်နေတယ်။ အခုလိုပဲ ကြိုးကြိုးစားစား ဆက်ပြီး အလုပ်လုပ်သွားဦးမှာပါ။ ” လို့ ဆိုခဲ့ပါတယ်။

ဆယ်ကျော်သက် ယူနိုက်တက် လူငယ်လေးဟာ လာမယ့် ကြာသပတေးနေ့ ကလပ် ဘရုစ်နဲ့ ယူရိုပါလိဂ်ပွဲ ဒုတိယ အကျော့မှာလည်း ပွဲကစားခွင့် ထပ်ရဖွယ် ရှိပါတယ်။ ယူနိုက်တက်ဟာ ပထမအကျော့မှာ ကလပ်ဘရုစ်နဲ့ တစ်ဂိုး စီ သရေကျထားခဲ့တာပါ။

Zawgyi – ယူနိုက္တက္ လူငယ္ ေမဆန္ ဂရင္း၀ုဒ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ အေတာက္ပဆံုး ဆယ္ေက်ာ္သက္ လူငယ္ေတြထဲ ပါ၀င္ပါတယ္။ တနဂၤေႏြညက ၀က္ဖို႔ဒ္နဲ႕ ပြဲမွာလည္း ယူနိုက္တက္ အတြက္ အနိုင္ဂိုး တစ္ဂိုး သြင္းယူခဲ့တဲ့ ဂရင္း၀ုဒ္ဟာ အသက္ ၁၈ နွစ္သာ ရွိေသးေပမယ့္ ဒီရာသီ ယူနုိက္တက္ အတြက္ သြင္းဂိုး ၁၁ ဂိုး ရွိသြား ခဲ့ျပီ ျဖစ္ပါတယ္။

အဂၤလန္သားဟာ ယူနိုက္တက္ စီနီယာ အသင္းၾကီးနဲ႕ အတူ ပထမဆံုး စတင္ကစားခဲ့တာက ျပီးခဲ့တဲ့ နွစ္ မတ္လက ယူနုိက္တက္ရဲ႕ ပီအက္စ္ဂ်ီ ကို နုိင္ခဲ့တဲ့ နာမည္ေက်ာ္ come back နိုင္ပြဲမွာ ျဖစ္ပါတယ္။ ထိုပြဲကေန စတင္လို႔ အသင္းၾကီး လူစာရင္းမွာ ေနရာရလာတဲ့ ဂရင္း၀ုဒ္ဟာ ပံုမွန္လို ပြဲထြက္ခြင့္ ရလာခဲ့ပါတယ္။

ဂရင္း၀ုဒ္ဟာ ဒီရာသီ ယူနုိက္တက္ အတြက္ ျပိဳင္ပြဲစံု ကစားတာ ၃၃ ပြဲရွိသြားျပီ ျဖစ္ျပီး သြင္းဂိုးက ၁၁ ဂိုး ရွိကာ ဂိုးေထာက္ပံ့မႈ ေလးၾကိမ္ ျပဳလုပ္ထားပါတယ္။ ပ်မ္းမွ် အေနနဲ႕ ဂရင္း၀ုဒ္က ၁၀၃ မိနစ္တိုင္း တစ္ၾကိမ္ တစ္ဂိုး သြင္းေနတာလို႔ ဆိုရမွာ ျဖစ္ပါတယ္။

ဂရင္း၀ုဒ္ရဲ႕ အံ့ဖြယ္ အခ်က္အလက္ေတြေၾကာင့္ အဂၤလန္ မီဒီယာေတြကလည္း ခ်ီးက်ဴးေနၾကျပီး ယူနိုက္တက္ နည္းျပ ဆိုးရွား ကိုယ္တိုင္က အဆံုးသတ္ ေကာင္းလြန္းတဲ့ ဂရင္း၀ုဒ္လို႔ ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ပါတယ္။

၀က္ဖို႔ဒ္နဲ႕ ပြဲျပီးမွာ သြင္းဂိုးနဲ႕ ပတ္သတ္ျပီး ဂရင္း၀ုဒ္က – ” တကယ့္ အံ့အားသင့္စရာ ခံစားမႈပါပဲ။ က်ေနာ္ကေတာ့ ကလပ္အသင္းအတြက္ ၾကိဳးစား အလုပ္လုပ္ေနပါတယ္။ ဂိုးသြင္းနုိင္ခဲ့တာ အတြက္ ေပ်ာ္ရႊင္ျပီး ေက်းဇူးတင္ေနတယ္။ အခုလိုပဲ ၾကိဳးၾကိဳးစားစား ဆက္ျပီး အလုပ္လုပ္သြားဦးမွာပါ။ ” လို႔ ဆိုခဲ့ပါတယ္။

ဆယ္ေက်ာ္သက္ ယူနိုက္တက္ လူငယ္ေလးဟာ လာမယ့္ ၾကာသပေတးေန႔ ကလပ္ ဘရုစ္နဲ႕ ယူရိုပါလိဂ္ပြဲ ဒုတိယ အေက်ာ့မွာလည္း ပြဲကစားခြင့္ ထပ္ရဖြယ္ ရွိပါတယ္။ ယူနိုက္တက္ဟာ ပထမအေက်ာ့မွာ ကလပ္ဘရုစ္နဲ႕ တစ္ဂိုး စီ သေရက်ထားခဲ့တာပါ။