စီးပွားရေး ကြပ်တည်းတဲ့ ဒဏ်ကို ဘယ်လိုနည်းလမ်းတွေနဲ့ တောင့်ခံကျော်လွှားမလဲ

ခုဆို လူတော်တော်များများရဲ့ စီးပွားရေးက ကြပ်တည်းနေကြပါပြီ။ ပညာရှင်တွေ အပြောစောင့်နေစရာမလို စီးပွားရှင်တို့ ကိုယ့်ဘေးနားနဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်လိုက်ရင်ကို သိနေပြီ။ စီးပွားကျရင် တကိုယ်ရည် လုပ်ရမှာ ၃နည်းပဲ ရှိပါတယ်။

ကျန်းမာရေး ဂရုစိုက်ပါ၊ ချွေတာပါ၊ ငွေရှာပါ။

၁) ကျန်းမာရေး ဂရုစိုက်။

ပထမအလုပ်ဖြစ်တဲ့ ကျန်းမာရေး ဂရုမစိုက်ရင် ဒုတိယနဲ့ တတိယဖြစ်တဲ့ ချွေတာမယ့်အလုပ်ရော ငွေရှာမယ့်အလုပ်ရော နောက်ကောက်ကျပါမယ်။ ဆေးကုရရင် ငွေကုန်မယ်၊ လူက အိပ်ရာပေါ်မှာဆို ဘယ်လိုလုပ် ငွေရှာမလဲ။ ကိုယ့်မိသားစုထဲက အပြင်မှာ ငွေသွားရှာမယ့်သူလည်း ကိုယ့်ကိုပြုစုနေရရင် ငွေမရှာနိုင်တော့ဘူး။ ဒါ့ကြောင့် စီးပွားကျတဲ့ကာလမှာ ကျန်းမာရေး က နံပါတ်တစ်။

ကျန်းမာအောင် စိတ်ကို ဂရုစိုက်ပါ။ စီးပွားရေးကျတဲ့အချိန်မှာ စိတ်ညစ်မှာပဲ။ ဒါပေမယ့် စိတ်ထောင်းကိုယ်ကြေ ဖြစ်တာကြောင့် ကျန်းမာရေး ထိခိုက်လောက်အောင်တော့ စိတ်ညစ်ခံလို့မရပါ။ စိတ်မထောင်းအောင် တရားထိုင်ပါ၊ ယောဂကျင့်ပါ၊ ကျန်းမာအောင် လှတဲ့အစာတွေထက် အာဟာရပြည့်တဲ့အစာတွေစားပါ။

ွပည်ပကသွင်းလာတဲ့ ဈေးကြီး ဖြည့်စွက်စာတွေအစား အရိုးကိုနူးအောင်ပြုတ်သောက်တာတို့ ဟင်းသီးဟင်းရွက် ပဲ စသည် စားပါ။ ငွေမကုန်ဘဲ အာဟာရပြည့်တဲ့အစာတွေအကြောင်း ချက်နည်းပြုတ်နည်းအကြောင်း သိတဲ့သူတွေ ဖြည့်စွက် ပြောပေးကြပါ။

အားကစားလုပ်ပါ။ ဘာအားကစားပဲဖြစ်ဖြစ် ကောင်းတယ်။ ချွေတာရတဲ့ကာလမှာ gym ဖိုး လေ ျှာ့ချချင်ရင် လမ်းလေ ျှာက်ပါ၊ အိမ်ထဲမှာပဲ နေရာကျဉ်းကျဉ်းနဲ့ လုပ်နိုင်တဲ့ ဒိုက်ထိုး၊ plank ထောက်၊ ထိုင်ထ လုပ်ပါ။

၂) ချွေတာပါ။

မချွေတာနိုင်လောက်တဲ့အထိချွေတာပါ။ ဈေးကြီးတဲ့အဝတ်အစားတွေ အရင်လိုဝယ်မယ့်အစား သက်သောင့်သက်သာရှိပြီး သက်သာတဲ့ အဝတ်အစားတွေဝတ်ပါ။ များသောအားဖြင့် ဒေါ်လာနဲ့ ဝယ်ရတဲ့ဟာတွေက ပိုဈေးတက်နိုင်ပါတယ်။

အရည်အသွေးချင်းသိပ်မကွာရင် ဒေါ်လာနဲ့ သွင်းလာတာမဟုတ်တဲ့ ပြည်တွင်းဖြစ်ကို သုံးပါ။ စီးပွားရှင်တို့ ပြည်တွင်းပစ္စည်းဝယ်သုံးလိုက်တဲ့ ပြည်တွင်းကငွေက ကိုယ့်ဆီ ပြန်ရောက်လာနိုင်ချေ ပိုများပါတယ်။

ကိုယ့်အသုံးစရိတ်ကို အသေးအမွှားက အစ စာရင်းရေးမှတ်ပါ။ ၃လလောက် မှတ်လိုက်ပြီး ပျမ်းမ ျှ ချလိုက်ရင် ကိုယ့်တလ အသုံးစရိတ်တွက်လို့ ရပြီ။ ၃လလောက်မှတ်ခိုင်းတာက တလနဲ့ တလ အသုံးစရိတ်က အတက်အကျဖြစ်တတ်လို့ပါ။

ကိုယ်က တစ်နယ်ကနေ တစ်နယ် ပြောင်းရွှေ့နေတယ် အလုပ်သစ်လုပ်တယ်ဆိုရင် စရိတ်က ထိုးတက်တတ်တယ်။ အပြင်မှာထွက်နေရာကနေ မိဘအိမ်ပြန်နေဖြစ်တာမျိုးဆိုရင် စရိတ်ကကျသွားတတ်တယ်။ ဒါ့ကြောင့် သုံးလလောက် ပျမ်းမ ျှမှ ပိုနီးစပ်မှာ။

ဆီစားသက်သာတဲ့ ကားတွေစီး၊ မီးအားဆွဲတာသက်သာတဲ့ မီးလုံး မီးချောင်းတွေထွန်းပါ။

၃) ငွေရှာပါ

ချွေတာရုံနဲ့ မပြီး၊ ငွေရှာရမယ်။

အလုပ်ကြိုးစားပါ။ လုပ်ငန်းတွေအကုန် ရှင်သန်ရေး ကြိုးစားနေကြတာမို့ ကိုယ်ကလည်း အားကုန်ထုတ်နိုင်မှ ကျန်ရစ်မှာပါ။ ကိုယ့်ဆီက ဝယ်စားနေကြသူတွေကို လေးစားပါ၊ အကောင်းဆုံးဝန်ဆောင်မှု ပေးပါ။

စီးပွားရေး ကျဆင်းဒဏ်ကို ခံနိုင်တဲ့လုပ်ငန်းနယ်ပယ်ကိုရွေးပါ။

စီးပွားရေး ကျဆင်းလို့ ရှိသမ ျှလုပ်ငန်းနယ်ပယ်တွေ ပြိုသွားတယ်ဆိုတာ မရှိပါဘူး။ ကောင်းတဲ့လုပ်ငန်းနယ်ပယ်က ကောင်းတာပါပဲ။ စီးပွားရေးကျဆင်းချိန်မှ ပိုကောင်းတတ်တဲ့ လုပ်ငန်းနယ်ပယ်တွေ   ရှိသလို စီးပွားရေးကျဆင်းဒဏ်ခံနိုင်တဲ့ recession-proof လုပ်ငန်းနယ်ပယ်တွေလည်း ရှိပါတယ်။

လူတွေချွေတာလာတဲ့အတွက် ဖက်ရှင်ထည်လိုမျိုးတွေ ထိနိုင်ပါတယ်။ ခရီးသွားလာမှုတွေ လျော့လာနိုင်တယ်။ ဆေးဝါးလုပ်ငန်း၊ အစားအသောက်လုပ်ငန်း ဒီလုပ်ငန်းတွေကတော့ စီးပွားရေးကျလည်း ခံနိုင်တဲ့လုပ်ငန်းနယ်ပယ်တွေပါ။

ချွေတာလာကြတဲ့အတွက် ပစ္စည်းအသစ်ဝယ်မယ့်အစား ပစ္စည်းဟောင်းကိုပဲ ပြင်သုံးကြတာကြောင့် ပစ္စည်းတစ်ပတ်ရစ် အရောင်းအဝယ်လုပ်ငန်းတွေ၊ ပြင်ဆင်တဲ့ repair shop တွေ အခြေအနေကောင်းနိုင်ပါတယ်။ စိတ်ဓာတ်ကျတဲ့အတွက် အရက်ရောင်းဝယ်ရေး၊ ဗေဒင်လက္ခဏာလုပ်ငန်း ဒါတွေ ကောင်းနိုင်ပါတယ်။

နိုင်ငံခြားထွက်လုပ်။

လူငယ်လူလတ်ပိုင်းတွေ ဒီမှာအလုပ်ရှာရခက်ရင် နိုင်ငံခြားထွက်လုပ်ကြပါ။ နိုင်ငံခြားထွက်လုပ်ရင် ငွေသာမကဘဲ ရေခြားမြေခြားမှာ ကိုယ့်ထမင်းကိုယ်ရှာစားပြီး ရှင်သန်ရပ်တည်နိုင်တဲ့ အစွမ်းပါ ရပါလိမ့်မယ်။

စီးပွားရေးကျဆင်းမှုဒဏ်ကို ကျော်လွှားဖို့ ကိုယ်ကိုယ်တိုင်ကျင့်သုံးအလုပ်ဖြစ်နေတဲ့နည်းတွေရှိရင်လည်း ဝိုင်းဖြည့် ဆွေးနွေးပေးကြပါဦး။