အီဒါဆန်ရဲ့ စံချိန်သစ်၊ မန်ယူ ပိုင်ရှင်ကို ပက် တုန့်ပြန်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ပါကေတာ တို့ အပါအဝင် မန်စီးတီး သတင်းတိုများ

မန်စီးတီးနဲ့ နည်းပြ ပက်တို့ဟာ မကြာခင်မှာအသက် ၃၃ နှစ်ပြည့်တော့မယ့် ကီဗင် ဒီဘရိုင်း နရာကို ရေရှည်ဆက်ခံဖို့အတွက် လေဗာကူဆင်က ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့သိရပါတယ်။

မန်စီးတီး ဂိုးသမား အီဒါဆန် ဟာ မနေ့ညက ဘုန်းမောက်ကို ပေးဂိုး မရှိဘဲ နိုင်တဲ့ပွဲမှာ Clean Sheet ပွဲအရေအတွက် ၁၁ဝ ရှိသွားခဲ့ပြီး စီးတီး အသင်း သမိုင်းတလျှောက် ပရီးမီးယားလိဂ် Clean Sheet အများဆုံးဂိုးသမားဖြစ်လာခဲ့ပါတယ်။

ပက် ဂွာဒီယိုလာကသာ ခေါ်မယ် ဆိုရင်တော့ လက်ထောက်နည်းပြ လုပ်ဖို့ စိတ်ဝင်စားတယ်လို့ သရဲနီဟောင်းကြီး ဝိန်းရွန်းနီက ဖွင့်ဟခဲ့တဲ့နောက် ပက်ကလည်း အသင်းကိုလာပြီး ရွန်းနီ လေ့လာဖို့ ဖိတ်ခေါ်ပါတယ်လို့ အခုလို တုန့်ပြန်လိုက်ပါတယ်။

“ရွန်းနီ ကျွန်တော့်ဆီ လက်ထောက်အဖြစ် လာချင်တယ်လို့ ပြောတဲ့အပေါ် ကျွန်တော်ဝ မ်းသာပါတယ်။ တကယ်လို့ သူရောက်လာခဲ့ရင်လည်း နွေးထွေးစွာကြိုဆိုနေမှာပါ။ သူက အင်္ဂလန်အတွက် ထာဝရ အကောင်းဆုံးတစ်ယောက်ပါ။ ဒီကိစ္စက မန်စီးတီး အသိုင်းအဝိုင်းတစ်ခုလုံးအတွက် သိပ်ကိုအရေးကြီးပါတယ်။ ဘာလို့ဆို သူက သရဲနီဟောင်းလေ။ ဒါပေမဲ့လည်း ကျွန်တော်တို့ အားလုံးအတွက်ဆို ဒါကသိပ်ကိုကောင်းပါတယ်” လို့ ပက်က ပြောဆိုခဲ့ပါတယ်

လာမယ့်နွေရာသီမှာ ဘာနာဒိုဆေးလ်ဗားအသင်းပြောင်းဖို့ ထပ်မံတောင်းဆိုလာခဲ့ရင် စီးတီးတို့ဟာ ပါကေတာနဲ့ အစားထိုးသွားဖို့ ရည်ရွယ်ထားကြောင်း သတင်း ထွက်နေပါတယ်။ ပါကေတာက ပြီးခဲ့တဲ့နွေရာသီကတည်းက
စီးတီးကို ရောက်ရှိဖို့နီးစပ်ခဲ့ပြီးမှ မဖြစ်လာခဲ့တာပါ။

ဘာနာဒိုရဲ့အပြောင်းအရွေ့သတင်းတွေကတော့ အရင်နွေရာသီတွေကတည်းက ဆက်တိုက်ထွက်ပေါ်နေခဲ့ပြီး အခုလည်း အမ်ဘာပေကို လက်လွှတ်ရဖို့ရှိနေတဲ့ PSG က သူ့ကိုစိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။

မန်စီးတီးနဲ့ လီဗာပူးကို ၃နှစ် အတွင်း ဖလားလမ်းကြောင်းပေါ် တက်မလာနိုင်အောင် အလဲထိုးမယ် ဆိုတဲ့ မန်ယူ ပူးတွဲ ပိုင်ရှင်သစ် ဆာ ဂျင် ရက်ကလစ်ဖ်ရဲ့ အပြောကို ပက်ကတော့ အခုလို တုန့်ပြန်ခဲ့ပါတယ်။

“လီဗာပူး ဖြစ်ဖြစ်၊ မန်ယူဖြစ်ဖြစ်၊ အာဆင်နယ်ဖြစ်ဖြစ် ဘယ်အသင်းဖြစ်ဖြစ် ရှိချင်တဲ့အသင်း ဇယားထိပ်မှာရှိရှိဗျာ။ ဒါတွေအရေးမကြီးဘူး။ အဓိက က ကျွန်တော်တို့ အသင်းထိပ်ဆုံးဆိုတဲ့အဆင့်မျိုးနဲ့ရှိနေဖို့ပဲ လိုတယ်။ ကိုယ့်အသင်းပဲ ကိုယ် ဂရုစိုက်တယ်။ ရက်ကလစ်က ကျွန်တော်တို့ အသင်းကို စံနမူထားပြီးလုပ်ဆောင်ဖို့ကြိုးစားရမယ်လို့ပြောတာဟာ ရိုးရှင်းတဲ့အမှန်တရားတစ်ခုပဲ။ သူတို့ထိပ်တန်းအဆင့်မှာရှိတုန်းက ကျွန်တော်တို့ သူတို့ဆီက လေ့လာ သင်ယူခဲ့ရတာပဲ။ ” လို့ ပက်က ဆိုခဲ့တာပါ။