အသင်းသားနှစ်ဦး သတိပေးခံရ၊ ဒမ်လီလီ၊ ဂရီလစ်၊ ကာဗာနီ အပြောင်းအရွှေ့နဲ့ ယူနိုက်တက် ညနေခင်းသတင်းများ
ယူနိုက်တက်က စိတ်ဝင်စားခြင်း ခံနေရတဲ့ လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီက ပရီးမီးယားလိဂ်ကို ပြောင်းလာလိုပြီး ပြင်သစ်ကလပ်ဘက်က အပြောင်းရွှေ့ကိစ္စကို ခွင့်ပြုပေးဖို့ကို အလိုရှိနေပါတယ်။
အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရီလစ်က ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေအပေါ် စိတ်လှုပ်ရှားမိကြောင်းကို ဝန်ခံခဲ့ပေမယ့် ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ နေရာရဖို့ကိုပဲ အာရုံစိုက်လိုနေပါတယ်။
တိုက်စစ်မှူးမာရှယ်က ကွင်းလယ်လူ ဖာနန်ဒက်စ်ထံ နောက်အကြိမ်တွေမှာ ပိုကောင်းတဲ့ ထောက်ပံ့မှုမျိုး လုပ်ပါလို့ စနောက်သွားခဲ့ပါတယ်။
မန်နေဂျာဆိုးရှားက ဂရင်းဝုဒ်ဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်ကစားသမား တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ချီးကျူးစကားဆိုလိုက်ပါတယ်။ ဂရင်းဝုဒ်ဟာ ဒီရာသီမှာ အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ပရီးမီးယားလိဂ် ၂၁ ပွဲမှာ ၅ ဂိုးသွင်းယူထားနိုင်သူဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နွေရာသီဈေးကွက်မှာ ဝုဖ်အသင်း တိုက်စစ်မှူး ဒီယေဂိုဂျိုတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲပါ။ မန်နေဂျာဆိုးရှားက အသင်းရဲ့ တိုက်စစ်ပိုင်းကို အားရကျေနပ်မှု မရှိတာကြောင့် နွေရာသီဈေးကွက်အတွင်း တိုက်စစ်မှူးသစ် ထပ်ခေါ်လိုနေပါတယ်။
ဗန်ပါစီက ပီအက်ဂျီတိုက်စစ်မှူး ကာဗာနီဟာ စစ်မှန်တဲ့ တိုက်စစ်မှူးဖြစ်ပြီး သမိုင်းကြောင်းလည်း ကောင်းခဲ့သူဖြစ်ကာ နွေမှာ ယူနိုက်တက်က သူ့ကို ခေါ်ယူနိုင်ဖိ့ ကြိုးစားသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။
မန်နေဂျာဆိုးရှားက အသင်းမှာ နေရာပြိုင်ဆိုင်မှုက ပိုမို ပြင်းထန်လာနေပြီဖြစ်လို့ လင်ဂတ်နဲ့ ပါရဲရားကို ပိုကောင်းကောင်း စွမ်းဆောင်နိုင်မှ နေရာရမယ်လို့ သတိပေးလိုက်ပါတယ်။
ယူနိုက်တက်ဟာ ပိုလန်လူငယ်နှစ်ဦးကို အသင်းထံ ခေါ်ယူပြီး တစ်ပတ်ကြာ လေ့ကျင့်ရေး ဆင်းစေဖို့ သဘောတူညီချက် ယူထားပါတယ်။
ZAWGYI
ယူႏုိက္တက္က စိတ္ဝင္စားျခင္း ခံေနရတဲ့ လိုင္ယြန္တုိက္စစ္မွဴး ဒမ္ဘီလီက ပရီးမီးယားလိဂ္ကို ေျပာင္းလာလုိျပီး ျပင္သစ္ကလပ္ဘက္က အေျပာင္းေရႊ႔ကိစၥကို ခြင့္ျပဳေပးဖို႔ကို အလိုရွိေနပါတယ္။
အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ဂရီလစ္က ယူႏုိက္တက္နဲ႔ အေျပာင္းအေရႊ႔ သတင္းေတြအေပၚ စိတ္လႈပ္ရွားမိေၾကာင္းကို ဝန္ခံခဲ့ေပမယ့္ ယူရိုျပိဳင္ပြဲဝင္ အဂၤလန္အသင္းမွာ ေနရာရဖို႔ကိုပဲ အာရံုစိုက္လိုေနပါတယ္။
တိုက္စစ္မွဴးမာရွယ္က ကြင္းလယ္လူ ဖာနန္ဒက္စ္ထံ ေနာက္အၾကိမ္ေတြမွာ ပိုေကာင္းတဲ့ ေထာက္ပံ့မႈမ်ိဳး လုပ္ပါလို႔ စေနာက္သြားခဲ့ပါတယ္။
မန္ေနဂ်ာဆိုးရွားက ဂရင္းဝုဒ္ဟာ ၿပီးျပည့္စုံတဲ့ တိုက္စစ္ကစားသမား တစ္ဦး ျဖစ္လာလိမ့္မယ္လို႔ ခ်ီးက်ဴးစကားဆိုလိုက္ပါတယ္။ ဂရင္းဝုဒ္ဟာ ဒီရာသီမွာ အသင္းနဲ႔ အတူ ပရီးမီးယားလိဂ္ ပရီးမီးယားလိဂ္ ၂၁ ပြဲမွာ ၅ ဂိုးသြင္းယူထားႏိုင္သူျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ ေႏြရာသီေဈးကြက္မွာ ဝုဖ္အသင္း တိုက္စစ္မႉး ဒီေယဂိုဂ်ိဳတာကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲပါ။ မန္ေနဂ်ာဆိုးရွားက အသင္းရဲ႕ တိုက္စစ္ပိုင္းကို အားရေက်နပ္မႈ မရွိတာေၾကာင့္ ေႏြရာသီေဈးကြက္အတြင္း တိုက္စစ္မွဴးသစ္ ထပ္ေခၚလိုေနပါတယ္။
ဗန္ပါစီက ပီအက္ဂ်ီတိုက္စစ္မွဴး ကာဗာနီဟာ စစ္မွန္တဲ့ တိုက္စစ္မွဴးျဖစ္ျပီး သမိုင္းေၾကာင္းလည္း ေကာင္းခဲ့သူျဖစ္ကာ ေႏြမွာ ယူႏုိက္တက္က သူ႔ကို ေခၚယူႏုိင္ဖိ႔ ၾကိဳးစားသင့္တယ္လို႔ အၾကံေပးလိုက္ပါတယ္။
မန္ေနဂ်ာဆိုးရွားက အသင္းမွာ ေနရာျပိဳင္ဆိုင္မႈက ပိုမို ျပင္းထန္လာေနျပီျဖစ္လို႔ လင္ဂတ္နဲ႔ ပါရဲရားကို ပိုေကာင္းေကာင္း စြမ္းေဆာင္ႏုိင္မွ ေနရာရမယ္လုိ႔ သတိေပးလိုက္ပါတယ္။
ယူႏုိက္တက္ဟာ ပိုလန္လူငယ္ႏွစ္ဦးကို အသင္းထံ ေခၚယူျပီး တစ္ပတ္ၾကာ ေလ့က်င့္ေရး ဆင္းေစဖို႔ သေဘာတူညီခ်က္ ယူထားပါတယ္။