ဒီည ကန်မယ့် လူတန် – မန်စီးတီး တို့ အက်ဖ်အေပွဲ ဘယ်လို အဖြေထွက်လာမလဲ ဘီဘီစီမှ ဆက်တန် ဟောကိန်းထုတ်ချက်

မန်ချက်စတာ စီးတီးအသင်းက ဒီညမှာ အက်ဖ်အေဖလားပွဲစဉ် အဖြစ် လူတန်တောင်း အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ပွဲချိန်ကတော့ ဒီနေ့ အင်္ဂါနေ့ည ၂ နာရီခွဲ အချိန်မှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က လူတန် – မန်စီးတီး ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန် ပွဲကြို သုံးသပ်ချက်

မန်စီးတီးက သိပ်ကောင်းကောင်း မကစားနိုင်ပေမယ့် နိုင်ပွဲတွေ ရနေပါတယ်။ သူတို့ နှစ်ပွဲဆက်တိုက် ၁-၀ တွေနဲ့ အနိုင် ရထားခဲ့တယ်။

ခရစ္စမတ်မတိုင်ခင်တုန်းက အိမ်ကွင်းမှာ လူတန်ဟာ မန်စီးတီးကို ပွဲကောင်းတစ်ပွဲ ကစားပြခဲ့ပြီး ပထမပိုင်း ၁-၀ နဲ့ ဦးဆောင်ခဲ့ပြီးမှ ၂-၁ ရလဒ်နဲ့ ရှုံးခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ရှင်သန်နိုင်ရေးက ဦးစားပေးဆိုပေမယ့် ဒီတစ်ကြိမ်မှာလည်း လူတန်တို့ လုပ်ပြဦးမှာပါ။

ဒီတစ်ကြိမ်မှာ မန်စီးတီးတို့ နှာတစ်ဖျား အသာရသွားမယ် ထင်ပါတယ်။ ဂွာဒီယိုလာက ဒီပွဲကို ဘယ်လို ပွဲထုတ်မလဲ မသေချာပါဘူး။ အချို့ကစားသမားတွေကို အနားပေးတာတွေ လုပ်နေပါတယ်။

မန်စီးတီးရဲ့ အားသာချက် တစ်ခုက သူတို့ဟာ အလှည့်ကျ စနစ်တွေကို ထုတ်သုံးနိုင်အောင် အားကောင်းတာပါ။ လူတန်က ၁ ဂိုးတော့ ရလောက်ပေမယ့် ဒီပွဲကိုတော့ မနိုင်နိုင်ပါဘူး။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

လူတန်တောင်း ၁-၂ မန်ချက်စတာ စီးတီး။