လီဗာပူးအပေါ် မှတ်ချက်ပြုတဲ့ ပေါ့ဘာ၊ ဒမ်ဘီလီနဲ့ ဆန်ချို အလားအလာ အပါအဝင် ယူနိုက်တက် နံနက်ခင်းသတင်းများ

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက ပြိုင်ဘက် လီဗာပူးအသင်းဟာ အခြားအသင်းတွေထက် အမှတ်များစွာ အပြတ်ဖြတ်ကာ ဦးဆောင်ထားနိုင်တာကြောင့်် ဒီနှစ် ချန်ပီယံဆုနဲ့ ထိုက်တန်နေပြီ ဖြစ်ကြောင်း ဝန်ခံစကား ဆိုခဲ့ပါတယ်။

အသင်းနဲ့ အတူ စွမ်းဆောင်ရည်ကောင်းများ ပြန်လည် ပြသလာနိုင်တာကြောင့် ယူနိုက်တက် ခံစစ်မှူး လုခ်ရှောဟာ ယူရို ၂၀၂၀ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင် အသင်းမှာ ပြန် ရွေးချယ်ခံရဖို့ မျှော်လင့်နေပါတယ်။

ယူနိုက်တက်နဲ့ ချယ်ဆီးတို့ အပြိုင် ပစ်မှတ်ထားနေတဲ့ အင်္ဂလန်သား တောင်ပံတိုက်စစ်သမား ဂျာဒန် ဆန်ချို ကို ဒေါ့မွန်က လာမယ့်နွေမှာလည်း အသင်းကနေ ထွက်မသွားဖို့ ထိန်းထားနိုင်မယ် ယုံကြည်မှု ရှိနေပါတယ်။

လိုင်ယွန်အသင်းကလည်း ယူနိုက်တက်နဲ့ ချယ်ဆီးတို့ အပြိုင် စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီရဲ့ တန်ကြေးကို ပေါင် ၈၃ သန်း လို့ သတ်မှတ်လိုက်ပါတယ်။

ကလပ်ဘရုစ်နဲ့ ယူရိုပါလိဂ်ပွဲမှာ ယူနိုက်တက်ကို အဝေးကွင်းထိ လိုက်ပါ အားပေးခဲ့ကြတဲ့ ယူနိုက်တက် ပရိသတ်တွေဟာ နှစ်တော်တော်များများ အတွင်း အဆိုးဆုံး အဝေးကွင်း အတွေ့အကြုံ ရင်ဆိုင်ခဲ့ရတယ်လို့ စောဒကတက်မှုများ ရှိနေပြီး ကလပ် ဘရုစ် တာဝန်ရှိသူများထံ အိတ်ဖွင့် ပေးစာ ပို့ကာ တိုင်ကြားရန် စီစဉ်နေပါတယ်။

ရိုးမားအသင်းက အငှားခေါ်ထားတဲ့ ယူနိုက်တက် ခံစစ်မှူး စမောလင်းကို အပြီးသတ် ဝယ်ယူလိုပေမယ့် ယူနိုက်တက်က မရောင်းချလိုတာကြောင့် ဈေးတင်ထားမှုများ ပြုလုပ်ခဲ့ကာ ညှိနှိုင်းမရဘဲ ဖြစ်နေခဲ့ပါတယ်။

ဒီအခြေအနေအပေါ် စမောလင်းက ရာသီကုန်ရင် ယူနိုက်တက်ကို သူကိုယ်တိုင် ပြောဆိုဆွေးနွေးမှာ ဖြစ်ကြောင်းနဲ့ သူ့အတွက် ရိုးမားထက် ကောင်းမွန်တဲ့ နေရာပေးမှု ရမယ့် ကလပ်အသင်း မရှိနိုင်ဘူးလို့ ၎င်းက ယုံကြည်နေပါတယ်။

Zawgyi – ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာက ျပိဳင္ဘက္ လီဗာပူးအသင္းဟာ အျခားအသင္းေတြထက္ အမွတ္မ်ားစြာ အျပတ္ျဖတ္ကာ ဦးေဆာင္ထားနိုင္တာေၾကာင့္္ ဒီနွစ္ ခ်န္ပီယံဆုနဲ႕ ထိုက္တန္ေနျပီ ျဖစ္ေၾကာင္း ၀န္ခံစကား ဆိုခဲ့ပါတယ္။

အသင္းနဲ႕ အတူ စြမ္းေဆာင္ရည္ေကာင္းမ်ား ျပန္လည္ ျပသလာနုိင္တာေၾကာင့္ ယူနုိက္တက္ ခံစစ္မွဴး လုခ္ေရွာဟာ ယူရို ၂၀၂၀ ျပိဳင္ပြဲ၀င္မယ့္ အဂၤလန္လက္ေရြးစင္ အသင္းမွာ ျပန္ ေရြးခ်ယ္ခံရဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ယူနိုက္တက္နဲ႕ ခ်ယ္ဆီးတို႔ အျပိဳင္ ပစ္မွတ္ထားေနတဲ့ အဂၤလန္သား ေတာင္ပံတိုက္စစ္သမား ဂ်ာဒန္ ဆန္ခ်ိဳ ကို ေဒါ့မြန္က လာမယ့္ေႏြမွာလည္း အသင္းကေန ထြက္မသြားဖို႔ ထိန္းထားနိုင္မယ္ ယံုၾကည္မႈ ရွိေနပါတယ္။

လိုင္ယြန္အသင္းကလည္း ယူနိုက္တက္နဲ႕ ခ်ယ္ဆီးတို႔ အျပိဳင္ စိတ္၀င္စားေနတဲ့ တိုက္စစ္မွဴး မိုဆာ ဒမ္ဘီလီရဲ႕ တန္ေၾကးကုိ ေပါင္ ၈၃ သန္း လို႔ သတ္မွတ္လိုက္ပါတယ္။

ကလပ္ဘရုစ္နဲ႕ ယူရိုပါလိဂ္ပြဲမွာ ယူနိုက္တက္ကို အေ၀းကြင္းထိ လိုက္ပါ အားေပးခဲ့ၾကတဲ့ ယူနုိက္တက္ ပရိသတ္ေတြဟာ နွစ္ေတာ္ေတာ္မ်ားမ်ား အတြင္း အဆိုးဆံုး အေ၀းကြင္း အေတြ႕အၾကံဳ ရင္ဆိုင္ခဲ့ရတယ္လုိ႔ ေစာဒကတက္မႈမ်ား ရွိေနျပီး ကလပ္ ဘရုစ္ တာ၀န္ရွိသူမ်ားထံ အိတ္ဖြင့္ ေပးစာ ပို႔ကာ တိုင္ၾကားရန္ စီစဥ္ေနပါတယ္။

ရုိးမားအသင္းက အငွားေခၚထားတဲ့ ယူနိုက္တက္ ခံစစ္မွဴး စေမာလင္းကို အျပီးသတ္ ၀ယ္ယူလိုေပမယ့္ ယူနုိက္တက္က မေရာင္းခ်လိုတာေၾကာင့္ ေစ်းတင္ထားမႈမ်ား ျပဳလုပ္ခဲ့ကာ ညွိနိႈင္းမရဘဲ ျဖစ္ေနခဲ့ပါတယ္။

ဒီအေျခအေနအေပၚ စေမာလင္းက ရာသီကုန္ရင္ ယူနုိက္တက္ကို သူကိုယ္တိုင္ ေျပာဆိုေဆြးေႏြးမွာ ျဖစ္ေၾကာင္းနဲ႕ သူ႔အတြက္ ရိုးမားထက္ ေကာင္းမြန္တဲ့ ေနရာေပးမႈ ရမယ့္ ကလပ္အသင္း မရွိနုိင္ဘူးလို႔ ၄င္းက ယံုၾကည္ေနပါတယ္။