အသက်ငယ်ငယ် ပါရမီရှင် တိုက်စစ်မှုးလေးကို ၂၀၂၉ ထိ စာချုပ်သစ် ထပ်တိုးချုပ်ဆိုလိုက်တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ လူငယ် ပါရမီရှင် တိုက်စစ်သမားလေး အော်စကာ ဘော့ကို အသင်းတွင် ၂၀၂၉ ခုနှစ်၊ နွေရာသီအထိ ထိန်းထားနိုင်မဲ့ ၅ နှစ်စာချုပ်သစ်အား ချုပ်ဆိုလာပါတယ်။
အသက် ၂၀ နှစ်ရှိ နော်ဝေတိုက်စစ်မှူးဟာ ယခုရာသီတွင် မန်စီးတီးအတွက် ၁၆ ပွဲကစားခွင့်ရထားပြီး ၂ ဂိုးသွင်းထားပါတယ်။
၂၀၁၉ ခုနှစ်တွင် ဗာလီရန်ဂါမှ မန်စီးတီးသို့ ရောက်လာခဲ့တဲ့ ဘော့ ရဲ့ ယခင်စာချုပ်မှာ ၂၀၂၆ ခုနှစ်၊ ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
စာချုပ်သစ် ချုပ်ပြီးတဲ့နောက် ဘော့က “တကယ့်ကို ကောင်းမွန်လှတဲ့ ပတ်ဝန်းကျင်ပါ။ လူငယ်ကစားသမားတစ်ဦးအတွက် အကောင်းဆုံးနေရာပါ။ ပက်၊ နည်းပြအဖွဲ့နဲ့ ကစားဖော်တွေဆီက သင်ယူနေပါတယ်။
ကလပ်မှာ ၂၀၂၉ ခုနှစ်အထိ ရှိနေခွင့်ရမယ်ဆိုတာက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ အခု အနာဂတ်တိုးတက်ကောင်းမွန်ဖို့ ဆက်ပြီးတော့ အာရုံစိုက်ရမယ်။ နေ့တိုင်း အလုပ်ကြိုးစားရမယ်။ ကလပ်ကို ပိုအောင်မြင်ဖို့ ကူညီရမယ်”လို့ ပြောကြားသွားပါတယ်။
သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နော်ဝေအသင်းအတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။