မြန်မာနိုင်ငံသားတွေ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ကြောင်း ထိုင်းစစ်တမ်းတွေမှာ ဖော်ပြလာ

ထိုင်းနိုင်ငံ အိမ်ခြံမြေဈေးကွက်အတွင်း မြန်မာနိုင်ငံသားများ ပိုင်ဆိုင်ထားမှုဟာ ၅ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်ကြောင်း ဗန်ကောက်ပို့စ် သတင်းတွင် ဖော်ပြလာပါတယ်။

ထို့ပြင် ၂၀၂၆ ခုနှစ်၌ ၁၂ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ဒါဟာ ထိုင်းနိုင်ငံ အိမ်ခြံမြေစျေးကွက်မှာ ထိပ်တန်းသုံးနိုင်ဖြုန်းနိုင်သူများထဲ မြန်မာနိုင်ငံသားများ ပါဝင်လာခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၂) နှစ်ခန့်ကစပြီး မြန်မာနိုင်ငံသားတွေဟာ ဈေးကြီး ကြီး အိမ်ယာတွေ ခပ်သွက်သွက် ခပ်မြန်မြန်ဝယ်ယူလာနေကြတယ်လို့ ထိုင်းရဲ့ အိမ်ခြံမြေကုမ္ပဏီ ကိုလီယာ Colliers ကလည်း ပြောထားပါတယ်။ ၎င်းကတော့ မြန်မာတွေဟာ ထိပ်တန်း သုံးနိုင်ဖြုံးနိုင်တဲ့သူတွေလို့လည်း ညွှန်းဆိုခဲ့တယ်။

ထိုင်းအစိုးရအိမ်ရာဘဏ်ရဲ့ အိမ်ခြေံမြေ သတင်းအချက် အလက်ဗဟိုဌာန (REIC) က ဆိုရင် ၂၀၂၃ခုနှစ်မှာ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့ အိမ်ယာဈေးကွက်မှာ ထိုင်းဘတ်ငွေ ၂.၂၅ ဘီလျံတန်ဖိုးအထိ အိမ်ယာတွေ ဝယ်ယူခဲ့တယ်လို့ ဖော်ပြထားတယ်။

ဒါဟာ ပထမနေရာက တရုတ်နိုင်ငံနှင့် ဒုတိယက ရုရှားတို့ပြီးရင် မြန်မာဟာ နိုင်ငံ အလိုက်မှာ တတိယမြောက် အသုံးအများဆုံးနိုင်ငံ အဆင့်ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအတွင် နိုင်ငံခြားသားများ အိမ်ခြံမြေပိုင်ဆိုင်မှု တရုတ်က အဆင့် (၁) နေရာတွင်ရှိနေပြီး ၅၉ ဒသမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ ရုရှားက ဒုတိယဖြစ်ပြီး ၇ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ကာ မကြာခင်မှာ မြန်မာက ဒုတိယနေရာထိ ရောက်လာမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။