မန်ချက်စတာ ဒါဘီက မန်ယူအတွက် မကန်ခင်က စီးတီးကို ရှုံးနှင့်နေပြီ လို့ မချိတင်ကဲ ဆိုနေတဲ့ ဂယ်ရီနဗီး

မန်ယူ နောက်ခံလူဟောင်းကြီး ဂယ်ရီ နဗီးကတော့ လာမယ့် တနင်္ဂနွေနေ့ အီတီဟတ်မှာ ကစားရမယ့် မန်ချက်စတာဒါဘီအတွက် ကြိုတင်ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက်အတွက် စိုးရိမ် စိတ်ပူနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ၄ ပွဲဆက်နိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က ပြန်လည်အသက်ဝင်လာပြီးနောက်ပိုင်း ပုံစံကောင်းနဲ့ အရှိန်ပြန်ရလာခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း စနေနေ့က ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ မန်ချက်စတာယူနိုက်တက်အတွက် ဥရောပဝင်ခွင့်ရဖို့ကသာ အကောင်းဆုံးဖြစ်နေပြီး အဲဒီမျှော်လင့်ချက်ဟာ တနင်္ဂနွေနေ့ အီတီဟတ်မှာ လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ မန်စီးတီးနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲမှာ နောက်ထပ်တစ်ကြိမ် ကြီးကြီးမားမား ထိုးနှက်ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီအစောပိုင်းတုန်းက ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက ရှုံးနိမ့်ခဲ့ပြီး ဖိုဒန်နဲ့ ဟာလန်းတို့ ၂ ဦးစလုံး ဟက်ထရစ်သွင်းဂိုးတွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ တန်ဟက်လက်အောက် ကြီး ၆ ကြီးနဲ့ အဝေးကွင်းမှတ်တမ်းအရ ဂယ်ရီ နဗီးက အသင်းဟောင်းအနေနဲ့ ဘယ်လိုအခြေအနေမျိုးနဲ့မှ ရလဒ်ကောင်းရဖို့ မမြင်ဘူးလို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“လာမယ့်အပတ် စီးတီးနဲ့ပွဲမှာ ခင်ဗျား မကစားခင်ကတည်းက ရှုံးနေပြီးသားပါ။ ခင်ဗျား ဘာပြောနိုင်မှာလဲ။ ခင်ဗျားအနေနဲ့ မန်ချက်စတာယူနိုက်တက်က အဲဒီပွဲကနေ လေးစားစရာအဆင့်အချို့နဲ့အတူ ပြန်လာနိုင်ဖို့ကို နည်းနည်းတွေးနေတာကိုက ကံကိုယုံပြီး ဆူးပုံနင်းရသလို ဖြစ်လုနီးပါးဖြစ်နေပါပြီ။

အဲဒီပွဲစဉ်က ခင်ဗျား သရဲနီတစ်ယောက်အနေနဲ့ စတင်ဖို့ ဆိုးရွားတဲ့နေရာပါ။ ခင်ဗျား ဒီပွဲကို ကောင်းကောင်း လုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ ကစားသွားရမှာဖြစ်ပြီး ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်တယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ အဲဒီပွဲက ဂိုးနည်းမယ့်ပွဲလို့ မျှော်လင့်ပြီး သရေလောက်တော့ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ခင်ဗျား အဲဒီမှာ ငါတို့တွေ အနိုင်ရသွားနိုင်တယ်လို့ စပြီး မတွေးခင်မှာ ခင်ဗျားစိတ်ထဲမှာ တွေးစရာတွေက တသီတတန်းကြီးပါ။ ခင်ဗျားအနေနဲ့ ငါတို့တွေ ဒီပွဲကို ဘယ်လိုလုပ်နိုင်အောင် ကစားနိုင်မှာလဲဆိုတဲ့ အတွေးကနေ ရုန်းမထွက်နိုင်ဖြစ်နေမှာပါ။ ဒါက မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ယောက်အနေနဲ့ ငါတို့တွေ ဒီပွဲကို နိုင်အောင် ဘယ်လိုကစားမှာလဲဆိုပြီး ကျွန်တော် အမြဲတမ်းတွေးခဲ့တဲ့ တွေးတောခြင်းလုပ်ငန်းစဉ်ပါ။

မန်ချကစ်တာယူနိုက်တက်က ဒီနေ့ ဒီပွဲမှာ ဘယ်လို အနိုင်ကစားနိုင်မလဲ။ အသင်းကြီးတွေနဲ့ အဝေးကွင်းမှာ ဒီလိုမျိုး ကစားရတဲ့ပွဲမှာဆို တွေးဖို့က ပိုပိုပြီး ခက်ခဲလာပါတယ်။ သူတို့တွေ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက အက်စတန် ဗီလာကို ကြီးမားတဲ့ အဝေးကွင်းနိုင်ပွဲရခဲ့တာ ပထမဆုံးအကြိမ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အဲဒီပွဲတောင်မှ ရှုံးသွားနိုင်ခဲ့ပါသေးတယ်။

ဒါပေမယ့် သူတို့တွေ အဝေးကွင်းမှာ အသင်းကြီးကို အနိုင်ယူပြီး ရမှတ်ရယူဖို့ ဘယ်လိုလုပ်လဲဆိုတာ ခင်ဗျား တွေးမိမှာပါ။ ကျွန်တော်တို့ ဘာဖြစ်လာမလဲ ကြည့်တာပေါ့။ ကျွန်တော်ကတော့ဒီနေ့ကတည်းက စိုးရိမ်နေပါပြီ။”လို့ ပြောကြားခဲ့ပါတယ်။