ဟာလန်းနဲ့ ဒီဘရိုင်း ပေါင်းပြီး တန်ဟက်ကို မန်ယူ နည်းပြ ရာထူးက ပြုတ်အောင် ဖြုတ်မယ် ထင်နေကြတဲ့ သရဲနီ ပရိသတ်များ

မန်စီးတီးရဲ့ အဓိက ကစားသမားတွေ ွဖဈတျဲ့အာလင်း ဟာလန်းနဲ့ ကယ်လ်ဗင် ဒီဘရိုင်းတို့ရဲ့ လုပ်အားနှုန်းတွေ စွမ်းဆောင်ရည်တွေကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် အနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့ ယူနိုက်တက် ပရိသတ်တွေက ယူဆနေကြပါတယ်။
ဒီတပတ် မန်ချက်စတာဒါဘီပွဲ မတိုင်ခင် မန်စီးတီးက လူတန်တောင်းအသင်းနဲ့ FA Cup ပဉ္စမအဆင့်ကို ယှဉ်ပြိုင်ခဲ့ရာ အဲ့ဒီပွဲမှာပဲ ဟာလန်း တစ်ဦးတည်းက သွင်းဂိုး (၅)ဂိုးအထိ သွင်းယူသွားခဲ့သလို ဒီဘရိုင်းကလည်း ဟာလန်းအတွက် ဂိုး(၄)ဂိုးကို ဖန်တီးပေးခဲ့ပါသေးတယ်။
ဒီလို ဟာလန်း-ဒီဘရိုင်းတို့ရဲ့ အတွဲအဖက်ကနေ ဂိုးတွေ အများကြီး ရရှိနေတာက ဒဏ်ရာရ ကစားသမားတွေနဲ့ ရုန်းကန်နေရတဲ့ ယူနိုက်တက်အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပြီး ယူနိုက်တက်နည်းပြ တန်ဟက် ရဲ့ အနာဂတ်အတွက် ကလည်း ပိုပြီး စိုးရိမ်စရာကောင်းလာပါတယ်။
ဒီလို အခြေအနေနဲ့ ပတ်သက်ပြီး ယူနိုက်တက်အသင်း ပရိသတ်တွေက ခုလို မှတ်ချက်ပေးနေကြပါတယ်။
“ဟာလန်းနဲ့ ဒီဘရိုင်းတို့ပေါင်းပြီး တန်ဟက် ကို ဒီရာသီမကုန်ခင်မှာ ထုတ်ပယ်ခံရအောင် လုပ်ပါလိမ့်မယ်။”
“ဟာလန်းနဲ့ ဒီဘရိုင်းတို့က အရမ်းကို ခြေစွမ်းထက်မြက်နေတာမို့ တန်ဟက် အတွက် ဆုတောင်းပေးရပါတော့မယ်။”
“ဟာလန်းနဲ့ ဒီဘရိုင်းတို့ form အရမ်းမိနေတာကြောင့် ဒါက ယူနိုက်တက်အတွက် အဆိုးဆုံး အချိန်ပါပဲ။ ယူနိုက်တက် ပရိသတ်တစ်ဦးအနေနဲ့ ငါကတော့ ဒီပွဲကို ကြည့်နိုင်မှာ မဟုတ်ပါဘူး။” လို့ ရေးသား နေကြပါတယ်။
ဒီလိုမျိုးတွေ ပြောနေကြပေမယ့် ယူနိုက်တက် ပရိသတ် တန်ဟက်ဂ်ကတော့ သူအထုတ်ခံရတော့မယ်ဆိုတဲ့ ကောလဟာလတွေကို ယုံကြည်နေမှာ မဟုတ်ပဲ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS တို့ကလည်း သူ့အပေါ် အပြည့်အဝ ယုံကြည်မှုပေးထားတယ်လို့ တုံ့ပြန် ပြောကြားထားပါတယ်။