လင်ကို မယားငယ် များများ ယူစေချင်နေတဲ့ မယားကြီးရဲ့ အဖြစ်
February 29, 2024 | No Comments

ရန်ကုန်က သူဌေးတစ်ယောက် လွန်ခဲ့တဲ့ ၅ နှစ်က မန္တလေးမှာ မယားငယ်တစ်ယောက် ထားတယ်။
မယားငယ်နေဖို့အတွက် သိန်း ၄ဝဝဝ တန် အိမ်တစ်လုံး ဝယ်ထားလိုက်တယ်။
မယားငယ်ကို လစဉ် တစ်လ ၁ဝ သိန်းထောက်ပံ့ပါသေးတယ်။
၅ နှစ်ပြည့်တော့ မယားငယ်ကို လမ်းခွဲလိုက်တယ်။
အဲ့တာနဲ့ ဝယ်ထားတဲ့အိမ်ကို ပြန်ရောင်းတော့ သိန်းတစ်သောင်းရတယ်။
တွက်ကြည့်လိုက်တော့ မယားငယ် အလကားထားရ၊ လစဉ်ထောက်ပံ့ပေးထါးတဲ့ သိန်း ၆ဝဝ ပြန်နှုတ်လိုက်ပြီး သိန်း ၅၄ဝဝ အသားတင်မြတ်သွားပါတယ်။
“အိမ်ခြံမြေ အရောင်းအဝယ်ကို သူ ကျေးဇူးတင်တယ်။ မယားငယ်ဆိုတာ ရင်းနှီးမြုပ်နှံမှုတစ်ခုလို့” သူကဆိုလာတယ်။
အဲ့လိုပြောတာကို သူဌေးရဲ့ မယားကြီးက ကြားသွားတော့ ပါးကို ဆတ်းခနဲ့ ” ဖြန်း ” ရိုက် … ပြီးတော့ဆူတယ်။
“ဒီလောက်မြတ်နေတာ ကို ဘာဖြစ်လို့ မယားငယ်တစ်ယောက်ပဲ ထားခဲ့ ရတာလဲ ငတုံးရဲ့ တဲ့ “။
ဘဝ အမောတွေပြေကြပါစေ