ယူနိုက်တက်က ခေါ်မယ်ဆို နွေမှာ ပြောင်းလာလိုနေကြတဲ့ လူငယ် ကြယ်ပွင့်နှစ်ဦး
အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂရီလစ်က နွေမှာ ယူနိုက်တက်ထံ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေခြင်းအပေါ် ကျေနပ်မှုရှိပါကြောင်း ဝန်ခံလိုက်ပါတယ်။
အင်္ဂလန်သတင်းဌာနတွေကတော့ ယူနိုက်တက်ဟာ ဂရီလစ်နဲ့ မတ်ဒီဆန် နှစ်ဦးလုံးကို ခေါ်ယူဖို့ ကြိုးစားနေကာ ဗီလာအသင်းသားက မန်ချက်စတာမှာ အိမ်ရှာနေပြီလို့တောင် ဖော်ပြခဲ့တာပါ။ အပြောင်းအရွှေ့ ကိစ္စတွေကို ငြင်းဆန်တာမျိုး မလုပ်ခဲ့တဲ့ ဂရီလစ်က ဒီလို သတင်းထွက်နေတာကိုလည်း ကျေနပ်မှု ရှိတယ်လို့ ဝန်ခံခဲ့တယ်။
ဂရီလစ်က The Athletic နဲ့ အင်တာဗျူးကို ဖြေပေးရာမှာ ” ဒါပေမယ့် အပြောင်းအရွှေ့ သတင်းတွေ ကြားရတာက စိတ်ကျေနပ်ဖို့ ကောင်းပါတယ်။ အခုလို သတင်းမျိုးတွေကို ဘယ်သူကတော့ မကြိုက်ပဲ နေမလဲ။ ဒါပေမယ့် ရိုးသားစွာ ပြောရမယ်ဆိုရင် လက်တလောမှာ ကွင်းထဲ အကောင်းဆုံး ခြေစွမ်းပြဖို့ကိုပဲ အာရုံစိုက်ထားပါတယ် ” လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်က ဂရီလစ်ကို ခေါ်ယူလိုတယ်ဆိုရင် ပေါင် ၄၅ သန်း ဝန်းကျင် ပေးဖို့ လိုအပ်မှာဖြစ်တယ်။ နွေမှာ ပေါ့ဘာကို ရောင်းထုတ်ရပါက ပြန်လည် အစားထိုးဖို့ ဂရီလစ်နဲ့ မတ်ဒီဆန်ကို စိတ်ဝင်စားနေသလို မန်နေဂျာ ဆိုးရှားက တိုက်စစ်ပိုင်းအတွက်လည်း တောင်ပံတိုက်စစ်နဲ့ တိုက်စစ်မှူးနေရာတွေကို ချိန်ရွယ်နေဆဲဖြစ်တယ်။
ယူနိုက်တက်ဟာ လိုင်ယွန်အသင်းမှ တိုက်စစ်မှူး ဒမ်ဘီလီကို ချိန်ရွယ်နေသေးတာဖြစ်ကာ ပြင်သစ်လီဂူးကလပ်ဘက်ကတော့ နွေမှာ ဒမ်ဘီလီကို ထွက်ခွာခွင့်ပေးမယ်ဆိုတဲ့ အရိပ်အခြေတွေကို ပြသလာပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်သား တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးကိုတော့ ဈေးပေါပေါနဲ့ ခွင့်ပြုပေးသွားမယ့် သဘောမှာတော့ ရှိမနေတာ ဖြစ်ပါတယ်။
ZAWGYI
အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ ဂရီလစ္က ေႏြမွာ ယူႏုိက္တက္ထံ ေျပာင္းေရႊ႔မယ္လို႔ သတင္းေတြ ထြက္ေနျခင္းအေပၚ ေက်နပ္မႈရွိပါေၾကာင္း ဝန္ခံလိုက္ပါတယ္။
အဂၤလန္သတင္းဌာနေတြကေတာ့ ယူႏုိက္တက္ဟာ ဂရီလစ္နဲ႔ မတ္ဒီဆန္ ႏွစ္ဦးလံုးကို ေခၚယူဖို႔ ၾကိဳးစားေနကာ ဗီလာအသင္းသားက မန္ခ်က္စတာမွာ အိမ္ရွာေနျပီလို႔ေတာင္ ေဖာ္ျပခဲ့တာပါ။ အေျပာင္းအေရႊ႔ ကိစၥေတြကို ျငင္းဆန္တာမ်ိဳး မလုပ္ခဲ့တဲ့ ဂရီလစ္က ဒီလို သတင္းထြက္ေနတာကိုလည္း ေက်နပ္မႈ ရွိတယ္လို႔ ဝန္ခံခဲ့တယ္။
ဂရီလစ္က The Athletic နဲ႔ အင္တာဗ်ဴးကို ေျဖေပးရာမွာ ” ဒါေပမယ့္ အေျပာင္းအေရႊ႔ သတင္းေတြ ၾကားရတာက စိတ္ေက်နပ္ဖို႔ ေကာင္းပါတယ္။ အခုလို သတင္းမ်ိဳးေတြကို ဘယ္သူကေတာ့ မၾကိဳက္ပဲ ေနမလဲ။ ဒါေပမယ့္ ရိုးသားစြာ ေျပာရမယ္ဆိုရင္ လက္တေလာမွာ ကြင္းထဲ အေကာင္းဆံုး ေျခစြမ္းျပဖို႔ကိုပဲ အာရံုစိုက္ထားပါတယ္ ” လို႔ ဖြင့္ဟခဲ့တာျဖစ္ပါတယ္။
ယူႏုိက္တက္က ဂရီလစ္ကို ေခၚယူလိုတယ္ဆိုရင္ ေပါင္ ၄၅ သန္း ဝန္းက်င္ ေပးဖို႔ လိုအပ္မွာျဖစ္တယ္။ ေႏြမွာ ေပါ့ဘာကို ေရာင္းထုတ္ရပါက ျပန္လည္ အစားထိုးဖို႔ ဂရီလစ္နဲ႔ မတ္ဒီဆန္ကို စိတ္ဝင္စားေနသလို မန္ေနဂ်ာ ဆိုးရွားက တိုက္စစ္ပိုင္းအတြက္လည္း ေတာင္ပံတိုက္စစ္နဲ႔ တိုက္စစ္မွဴးေနရာေတြကို ခ်ိန္ရြယ္ေနဆဲျဖစ္တယ္။
ယူႏုိက္တက္ဟာ လိုင္ယြန္အသင္းမွ တိုက္စစ္မွဴး ဒမ္ဘီလီကို ခ်ိန္ရြယ္ေနေသးတာျဖစ္ကာ ျပင္သစ္လီဂူးကလပ္ဘက္ကေတာ့ ေႏြမွာ ဒမ္ဘီလီကို ထြက္ခြာခြင့္ေပးမယ္ဆိုတဲ့ အရိပ္အေျခေတြကို ျပသလာပါတယ္။ ဒါေပမယ့္လည္း ျပင္သစ္သား တိုက္စစ္မွဴးအတြက္ ေျပာင္းေရႊ႔ေၾကးကိုေတာ့ ေစ်းေပါေပါနဲ႔ ခြင့္ျပဳေပးသြားမယ့္ သေဘာမွာေတာ့ ရွိမေနတာ ျဖစ္ပါတယ္။