မန်ချက်စတာ စီးတီးနဲ့ – ယူနိုက်တက် တို့ ထိပ်တိုက်တွေ့တဲ့ ဒါဘီပွဲ ဘယ်လိုရလဒ်ထွက်မလဲ ပေါမာဆန်ကြီး ဟောကိန်းထုတ်ပြီ
ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ မန်ချက်စတာ စီးတီးအသင်းဟာ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ကို အိမ်ကွင်း အီတီဟက် မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဒီ မန်ချက်စတာ ဒါဘီပွဲ ပွဲဟာ လာမယ့် တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်စီးတီး – ယူနိုက်တက် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဟွိုင်လန်း ကြံ့ခိုင်နေမယ်ဆိုရင် ဒီပွဲမှာ ယူနိုက်တက်တို့ အနိုင်ရမယ့် အခွင့်အရေးမျိုး ရှိကောင်းရှိပါလိမ့်မယ်။ ဒိန်းမတ်တိုက်စစ်သမားနဲ့ ဂနာချို၊ ရက်ဖို့ဒ် တိုက်စစ်အတွဲက အတော်လေး မြန်ဆန်ပါတယ်။ ဒါပေမယ့် အခုက ဟွိုင်လန်းလည်း မပါတာကြောင့် မန်စီးတီးပဲ တဖတ်သတ် ဖိကစားမယ့်ပွဲ ဖြစ်လာမှာပါ။
အီတီဟတ်ကွင်းမှာ ယူနိုက်တက်တို့ ဖျက်ဆီး ခံရမှာပါပဲ။ သူတို့ ၃-၀ လောက်နဲ့ ရှုံးသွားမှာပါ။ ဒီထက် ဂိုးပိုပြီး ပြတ်သားသွားရင်လည်း ကျနော်တော့ အံ့ဩမှာ မဟုတ်ပါဘူး။
ပရီးမီးယားလိဂ် ကလပ် တစ်သင်းကို အက်ဖ်အေပွဲမှာ ဟာလန်း ၅ ဂိုး သွင်းခဲ့တာက ပုံမှန် မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ အံ့မခန်းနိုင်မှုကို ချီးကျူးဖို့ရာ ကျနော့်မှာ စကားလုံး မရှိပါဘူး။ သူက တိုက်စစ်မှာ အညှာအတာ ကင်းကင်း ကစားနေတာကို ကျနော် သိပ်သဘောကျမိပါတယ်။
ဒီပွဲထက်စာရင် လီဗာပူးနဲ့ ဖောရက်စ်ပွဲကမှ ခန့်မှန်းရ ခက်ခဲပါဦးမယ်။ ကျနော်ကတော့ မန်စီးတီးတို့ အေးအေးဆေးဆေး အနိုင်ပါပဲ။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ် – မန်ချက်စတာ စီးတီး ၃-ဝ မန်ချက်စတာ ယူနိုက်တက်။