သရဲနီတွေ မနှစ်သက်တဲ့ ယူနိုက်တက်အသင်းသားကို အေဘရာဟီမိုဗစ် လှောင်ပြောင်
အေစီမီလန်တိုက်စစ်မှူးနဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်က အသင်းဖော်ဟောင်းဖြစ်သူ လင်ဂတ်ကို တွစ်တာကနေ လှောင်ပြောင်မှုတစ်ခု ပြုလုပ်သွားပါတယ်။
အေစီမီလန်မှာ ဂိုးတွေသွင်းနေတဲ့ အီဘရာဟီမိုဗစ်က ယူနိုက်တက် ကွင်းလယ်အတွဲဖြစ်တဲ့ လင်ဂတ်နဲ့ ပါရဲရားတို့ကို လှောင်ပြောင်ခြင်းလို့ သိရတယ်။ သူ့ရဲ့ ပြောဆိုမှုက တွစ်တာမှာ အတော်လေး လူသိများခဲ့ပြီး ကြည့်နှုန်း သန်းကျော် ရှိခဲ့တယ်လို့လည်း သိရပါတယ်။
အီဗရာမိုဗစ်က “ ပွဲ ၂၀ ကစားပြီး တစ်ဂိုးမှ မသွင်းနိုင်ဘူး။ WTF ဘယ်လောက်တောင် ထူးဆန်းတဲ့ ကိစ္စလဲကွာ။ ဒါကို စိတ်တောင်ပူမိတယ်။ ဂိုဘယ်လို သွင်းရတယ်ဆိုတာ လေ့လာလိုလား။ ငါ့ရဲ့ ကျောင်းကို လာပြီး သင်ယူသင့်တယ်။ ဂိုးဘယ်လို သွင်းရမလဲဆိုတာ ငါပြပေးမှာပေါ့ ” လို့ အဆိုပါ ဗီဒီယိုမှာ ပြောဆိုခဲ့တာပါ။
ယူနိုက်တက်မှာ ကစားခဲ့တဲ့ နှစ်ရာသီအတွင်း ၃၃ ပွဲမှာ ၁၇ ဂိုး သွင်းယူခဲ့တဲ့ အီဗရာဟီမိုဗစ်ဟာ စီးရီးအေကလပ်ကို ဒုတိယအကြိမ်မြောက် ပြန်ရောက်နေခဲ့တာပါ။ ရပ်ဖိုဒ့်နေရာမှာ အစားထိုးဖို့ ယူနိုက်တက်ဟာ အေဘရာဟီမိုဗစ်ကို ပြန်ခေါ်ဖို့ စောင့်ကြည့်ခဲ့သေးတယ်လို့လည်း သတင်းထွက်ခဲ့တယ်။
ဒါပေမယ့်လည်း ဘုန်းမောက်မှ ကင်းနဲ့ တရုတ်ကလပ်မှ အစ်ဟာလိုတို့ကိုပဲ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကာ ရာသီကုန်ထိ အငှား စာချပ်ဖြင့် အစ်ဟာလိုကို ခေါ်ယူဖို့ကိုပဲ ကြိုးစားခဲ့တာဖြစ်တယ်။ ယူနိုက်တက်ဟာ အဓိက ခေါ်ယူမှုကြီးအဖြစ်တော့ ဖာနန်ဒက်စ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး ပေါ်တူဂီ ကစားသမားက ပွဲဦးထွက်တွေမှာတင် ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။
ZAWGYI
ေအစီမီလန္တိုက္စစ္မွဴးနဲ႔ ယူႏုိက္တက္တိုက္စစ္မွဴးေဟာင္း အီဘရာဟီမိုဗစ္က အသင္းေဖာ္ေဟာင္းျဖစ္သူ လင္ဂတ္ကို တြစ္တာကေန ေလွာင္ေျပာင္မႈတစ္ခု ျပဳလုပ္သြားပါတယ္။
ေအစီမီလန္မွာ ဂိုးေတြသြင္းေနတဲ့ အီဘရာဟီမိုဗစ္က ယူႏုိက္တက္ ကြင္းလယ္အတြဲျဖစ္တဲ့ လင္ဂတ္နဲ႔ ပါရဲရားတို႔ကို ေလွာင္ေျပာင္ျခင္းလို႔ သိရတယ္။ သူ႔ရဲ႕ ေျပာဆိုမႈက တြစ္တာမွာ အေတာ္ေလး လူသိမ်ားခဲ့ျပီး ၾကည့္ႏႈန္း သန္းေက်ာ္ ရွိခဲ့တယ္လို႔လည္း သိရပါတယ္။
အီဗရာမိုဗစ္က “ ပြဲ ၂၀ ကစားျပီး တစ္ဂိုးမွ မသြင္းႏုိင္ဘူး။ WTF ဘယ္ေလာက္ေတာင္ ထူးဆန္းတဲ့ ကိစၥလဲကြာ။ ဒါကို စိတ္ေတာင္ပူမိတယ္။ ဂိုဘယ္လို သြင္းရတယ္ဆိုတာ ေလ့လာလိုလား။ ငါ့ရဲ႕ ေက်ာင္းကို လာျပီး သင္ယူသင့္တယ္။ ဂိုးဘယ္လို သြင္းရမလဲဆိုတာ ငါျပေပးမွာေပါ့ ” လို႔ အဆိုပါ ဗီဒီယိုမွာ ေျပာဆိုခဲ့တာပါ။
ယူႏုိက္တက္မွာ ကစားခဲ့တဲ့ ႏွစ္ရာသီအတြင္း ၃၃ ပြဲမွာ ၁၇ ဂိုး သြင္းယူခဲ့တဲ့ အီဗရာဟီမိုဗစ္ဟာ စီးရီးေအကလပ္ကို ဒုတိယအၾကိမ္ေျမာက္ ျပန္ေရာက္ေနခဲ့တာပါ။ ရပ္ဖိုဒ့္ေနရာမွာ အစားထိုးဖို႔ ယူနုိက္တက္ဟာ ေအဘရာဟီမိုဗစ္ကို ျပန္ေခၚဖို႔ ေစာင့္ၾကည့္ခဲ့ေသးတယ္လို႔လည္း သတင္းထြက္ခဲ့တယ္။
ဒါေပမယ့္လည္း ဘုန္းေမာက္မွ ကင္းနဲ႔ တရုတ္ကလပ္မွ အစ္ဟာလိုတို႔ကိုပဲ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ခဲ့ကာ ရာသီကုန္ထိ အငွား စာခ်ပ္ျဖင့္ အစ္ဟာလိုကို ေခၚယူဖို႔ကိုပဲ ၾကိဳးစားခဲ့တာျဖစ္တယ္။ ယူႏုိက္တက္ဟာ အဓိက ေခၚယူမႈၾကီးအျဖစ္ေတာ့ ဖာနန္ဒက္စ္ကို ေခၚယူခဲ့တာျဖစ္ျပီး ေပၚတူဂီ ကစားသမားက ပြဲဦးထြက္ေတြမွာတင္ ေျခစြမ္းျပေနတာ ျဖစ္ပါတယ္။