မန်စီးတီးက မန်ယူကို အီတီဟက်မှာ ၆ ဂိုးထိ သွင်းမယ်လို့ ခပ်ရဲရဲ ဟောကိန်းထုတ်လိုက်တဲ့ ခရစ်ဆက်တန်

ဒီတပတ် မှာ မန်စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ပွဲအဖြစ် အီတီဟက်ကွင်းမှာ ထိပ်တိုက်တွေ့ကြပြီ ဖြစ်ပါတယ်။ ပွဲကတော့ တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၁ဝ နာရီ အချိန်၊ စီးတီးတို့ရဲ့ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ် ခရစ်ဆက်တန်က မန်စီးတီး – မန်ချက်စတာ ယူနိုက်တက် တို့ ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ကြားရက်က ဖောရက်စ်ပွဲမှာ ယူနိုက်တက်တို့ အနိုင်ရအောင် ကစားနိုင်ခဲ့တယ်။ အဆိုပါ နိုင်ပွဲဟာ နည်းပြတန်ဟက်ရဲ့ ယူနိုက်တက်အတွက် သိပ်ကို အရေးပါပါတယ်။ ဒါပေမယ့် ဟွိုင်လန်း ဒဏ်ရာရနေတာကြောင့် စီတီးဟာ ယူနိုက်တက်ကို ပြဿနာတွေ အများကြီး ပေးနိုင်မယ် မထင်ပါဘူး။

ပြီးခဲ့တဲ့အပတ် ဖူလ်ဟမ်ပွဲမှာ ယူနိုက်တက် တိုက်စစ်ကို ရက်ဖိုဒ့် ဦးဆောင်သွားတာကို ကြည့်ရပါတယ်။ သူ့ကို အတော်လေး စိတ်ပျက်မိပါတယ်။ စီးတီးနဲ့ပွဲမှာ အလုပ်ဖြစ်မယ့် နည်းစနစ်ကို တန်ဟက်က ကြိုးစား ရှာဖွေသွားရမှာပါ။ သူတို့ ကောင်တာ ကစားရမှာဖြစ်ပါတယ်။ အဲ့ဒါကပဲ သူတို့ရဲ့ အားသာချက်ဖြစ်ပါတယ်။

ယူနိုက်တက်မှာက အရေးပါတဲ့ ခံစစ်သမားတွေ ဒဏ်ရာကြောင့် လွဲချော်နေပါတယ်။ နောက်ပြီး ဟွိုင်လန်းပေါ့။

ဒီပွဲ စီးတီးပဲ အနိုင်ရမှာကို သံသယမရှိပါဘူး။ သူတို့ ဂိုးဘယ်လောက် သွင်းမလဲပဲ မေးခွန်းထုတ်ရမှာပါ။ စီးတီး အကောင်းဆုံး လုပ်နိုင်ပါလိမ့်မယ်။

ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ်

မန်စီးတီး ၆-၁ မန်ချက်စတာ ယူနိုက်တက်