ပရီးမီးယားလိဂ် သမိုင်းရဲ့ ထူးခြားစံချိန် တစ်ခုကို ချိုးဖျက်သွားတဲ့ စီးတီးကွင်းလယ်လူ ရိုဒရီ

ရိုဒရီဟာ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို အနိုင်ရရှိအောင် မန်စီးတီးကို ကူညီပေးပြီးတဲ့နောက် ပရီးမီးယားလိဂ်စံချိန်တစ်ခု ရေးထိုးလာပါတယ်။
စပိန်အလယ်တန်းကစားသမားဟာ မန်ချက်စတာဒါဘီပွဲမှာ ပွဲချိန်ပြည့်ကစားသွားခဲ့ပြီး ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ မန်စီးတီးဟာ ရက်ဖို့ဒ်ရဲ့ အစောပိုင်းဂိုးကြောင့် နောက်က လိုက်ကစားခဲ့ရပေမဲ့လည်း ဖီးလ်ဖိုဒန်ရဲ့ ၂ ဂိုး၊ အာလင်းဟာလန်းရဲ့ နောက်ကျဂိုးတို့ဖြင့် အနိုင်ရရှိခဲ့တာပါ။
ရိုဒရီဟာ ယူနိုက်တက်နိုင်ပွဲကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက စပါးကို မန်စီးတီးတို့ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ကလပ်ရှုံးပွဲတစ်ပွဲမျှ မကြုံရသေးပါဘူး။ သူဟာ ယင်းပွဲနောက်ပိုင်းမှာ သူ ပါဝင်ကစားတဲ့ မန်စီးတီးပွဲ ၅၉ ပွဲအထိ ရှုံးပွဲမရှိထားတာလည်း ဖြစ်ပါတယ်။
ရိုဒရီဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဘုန်းမောက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ချဲလ်ဆီးဂန္ထဝင်နောက်ခံလူ ရီကာဒို ကာဗယ်ဟိုရဲ့ ၅၈ ပွဲ ရှုံးပွဲမရှိ စံချိန်ကို လိုက်မီခဲ့ပါတယ်။
ပေါ်တူဂီဗဟိုနောက်ခံလူ ကာဗယ်ဟိုဟာ လွန်ခဲ့တဲ့ ၁၆ နှစ်တုန်းက ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ၅၈ ပွဲ ရှုံးပွဲမရှိ မှတ်တမ်း တင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီ အနီကတ်ကြောင့် ရိုဒရီ မပါဝင်နို်င်ချိန် မန်စီးတီးဟာ ရှုံးပွဲ ၃ ပွဲကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူ ပါဝင်ချိန်မှာတော့ မန်စီးတီးတို့ရဲ့ ရလဒ်က ကွဲပြားနေပါတယ်။