ဖာနန်ဒက်စ်ကိုယ်တိုင် ချီးကျူးခဲ့ပြီး သူ အတော်လေး သဘောတွေ့နေတဲ့ ယူနိုက်တက်အသင်းဖော်

ဝတ်ဖိုဒ့်ကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဂရင်းဝုဒ်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၁ ဂိုးထိ ရှိလာခဲ့ပြီး ဒီရာသီ ဆယ်ကျော်သက်တွေထဲမှာ အမြင့်ဆုံးလည်း ဖြစ်ပါတယ်။

ဂရင်းဝုဒ်ရဲ့ ခြေစွမ်းကို ဖာနန်ဒက်စ်က သဘောတွေ့နေပြီး ဆယ်ကျော်သက်လေးဟာ ယုံကြည်မှုနဲ့ ပါရမီကောင်းတွေ ပိုင်ဆိုင်ထားကာ သူ့အတွက် ဖန်တီးမှုတွေကို ဆက်လုပ်ပေးမှာဖြစ်ပြီး အနာဂတ်မှာ ထိပ်တန်းအဆင့် ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဟောကိန်း ထုတ်ခဲ့တာဖြစ်တယ်။

ကြားရက်က ယူရိုပါလိဂ်ပွဲမှာ အဖျားကြောင့် မပါနိုင်ခဲ့ပေမယ့် ဝတ်ဖိုဒ့်ပွဲကြိုမှာ ပြန်ပါလာတဲ့ ဂရင်းဝုဒ်ဟာ လူစားဝင် ကစားသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ သူဟာ ရပ်ဖိုဒ့် ဒဏ်ရာရနေချိန်မှာ တိုက်စစ်ပိုင်း တစ်နေရာအတွက် ဂျိမ်း၊ အစ်ဟာလိုတို့နဲ့အတူ ယှဉ်ပြိုင် တိုက်ခိုက်သွားရဖွယ် ရှိလာနေတယ်။

ဖာနန်ဒက်စ်က ” ဂရင်းဝုဒ်က အရည်အချင်းကောင်းတွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။ သူက အတွေ့အကြုံကောင်းတွေနဲ့ ရင့်ကျက်လာဖို့ လိုပေမယ့်လည်း ယုံကြည်ချက်ကောင်းတွေလည်း ပိုင်ဆိုင်ထားသူဖြစ်တယ်။ သူ့အတွက် ဂိုးသွင်းခွင့်တွေကို ကျနော် ဆက်ပြီးလည်း ဖန်တီးပေးနိုင်ပါတယ်။ ဂရင်းဝုဒ်ရဲ့ အရည်အချင်းနဲ့ဆိုရင် သူက ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာမှာပါ ” လို့ ချီးကျုးခဲ့တာဖြစ်တယ်။

မန်နေဂျာဆိုးရှား တာဝန်ယူပြီးနောက်ပိုင်း အတိုးတက်ဆုံး ယူနိုက်တက်ကစားသမားက ဂရင်းဝုဒ်ဖြစ်ပြီး မန်နေဂျာကိုယ်တိုင်က ကလပ်ရဲ့ အကောင်းဆုံး အဆုံးသတ်သူအဖြစ် မာရှယ်၊ ရပ်ဖိုဒ့်တို့ကို ကျော်လွန်ပြီး ထင်မြင်ချက်ပေးထားရတာပါ။ ကစားသမားလေးက ငယ်ရွယ်လွန်းတာကြောင့် အကန့်အသတ်နဲ့ပဲ ပွဲထုတ်နေရတာဖြစ်ပါတယ်။

ZAWGYI

ဝတ္ဖိုဒ့္ကို ၃-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာ သြင္းဂိုးတစ္ဂိုး သြင္းယူႏုိင္ခဲ့တာေၾကာင့္ ဂရင္းဝုဒ္ဟာ ဒီရာသီ ျပိဳင္ပြဲစံုမွာ သြင္းဂိုး ၁၁ ဂိုးထိ ရွိလာခဲ့ျပီး ဒီရာသီ ဆယ္ေက်ာ္သက္ေတြထဲမွာ အျမင့္ဆံုးလည္း ျဖစ္ပါတယ္။

ဂရင္းဝုဒ္ရဲ႕ ေျခစြမ္းကို ဖာနန္ဒက္စ္က သေဘာေတြ႔ေနျပီး ဆယ္ေက်ာ္သက္ေလးဟာ ယံုၾကည္မႈနဲ႔ ပါရမီေကာင္းေတြ ပိုင္ဆုိင္ထားကာ သူ႔အတြက္ ဖန္တီးမႈေတြကို ဆက္လုပ္ေပးမွာျဖစ္ျပီး အနာဂတ္မွာ ထိပ္တန္းအဆင့္ ကစားသမား ျဖစ္လာလိမ့့္မယ္လို႔ ေဟာကိန္း ထုတ္ခဲ့တာျဖစ္တယ္။

ၾကားရက္က ယူရိုပါလိဂ္ပြဲမွာ အဖ်ားေၾကာင့္ မပါႏုိင္ခဲ့ေပမယ့္ ဝတ္ဖိုဒ့္ပြဲၾကိဳမွာ ျပန္ပါလာတဲ့ ဂရင္းဝုဒ္ဟာ လူစားဝင္ ကစားသမားအျဖစ္ ပြဲထြက္ခြင့္ရခဲ့တာျဖစ္ပါတယ္။ သူဟာ ရပ္ဖိုဒ့္ ဒဏ္ရာရေနခ်ိန္မွာ တိုက္စစ္ပိုင္း တစ္ေနရာအတြက္ ဂ်ိမ္း၊ အစ္ဟာလိုတို႔နဲ႔အတူ ယွဥ္ျပိဳင္ တိုက္ခိုက္သြားရဖြယ္ ရွိလာေနတယ္။

ဖာနန္ဒက္စ္က ” ဂရင္းဝုဒ္က အရည္အခ်င္းေကာင္းေတြ အမ်ားၾကီး ပိုင္ဆိုင္ထားပါတယ္။ သူက အေတြ႔အၾကံဳေကာင္းေတြနဲ႔ ရင့္က်က္လာဖို႔ လိုေပမယ့္လည္း ယံုၾကည္ခ်က္ေကာင္းေတြလည္း ပိုင္ဆိုင္ထားသူျဖစ္တယ္။ သူ႔အတြက္ ဂိုးသြင္းခြင့္ေတြကို က်ေနာ္ ဆက္ျပီးလည္း ဖန္တီးေပးႏုိင္ပါတယ္။ ဂရင္းဝုဒ္ရဲ႕ အရည္အခ်င္းနဲ႔ဆိုရင္ သူက ထိပ္တန္းကစားသမားတစ္ဦး ျဖစ္လာမွာပါ ” လို႔ ခ်ီးက်ဳးခဲ့တာျဖစ္တယ္။

မန္ေနဂ်ာဆိုးရွား တာဝန္ယူျပီးေနာက္ပိုင္း အတိုးတက္ဆံုး ယူႏုိက္တက္ကစားသမားက ဂရင္းဝုဒ္ျဖစ္ျပီး မန္ေနဂ်ာကိုယ္တိုင္က ကလပ္ရဲ႕ အေကာင္းဆံုး အဆံုးသတ္သူအျဖစ္ မာရွယ္၊ ရပ္ဖိုဒ့္တို႔ကို ေက်ာ္လြန္ျပီး ထင္ျမင္ခ်က္ေပးထားရတာပါ။ ကစားသမားေလးက ငယ္ရြယ္လြန္းတာေၾကာင့္ အကန္႔အသတ္နဲ႔ပဲ ပြဲထုတ္ေနရတာျဖစ္ပါတယ္။