ဂျူဗီ ကွင်းလယ် ပစ်မှတ်၊ တိုနီခရုစ်၊ ဘစ်ဆာကာ၊ ဂရင်းဝုဒ်၊ မာရှယ်တို့နဲ့ ယူနိုက်တက် ညနေခင်းသတင်းများ

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်နွေမှာ ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ်ထဲ အက်စတွန် ဗီလာ ကြယ်ပွင့် ဂျက် ဂရေးလစ်ချ်ကို ထည့်သွင်းလိုက်ပြီ ဖြစ်ကာ လှုပ်ရှားမှုများ စတင်နေပြီလို့ သိရပါတယ်။

မျှော်မှန်းထားသလောက် စွမ်းေ်ဆာင်မပြနိုင်ဘူးလို့ ဝေဖန်မှုတွေ ခံယူခဲ့ရပေမယ့် ဝမ်ဘစ်ဆာကာဟာ သူ့ရဲ့ အရည်အချင်းကို အချိန်ယူ သက်သေပြနေကြောင်း မန်ချက်စတာ သတင်းဌာနက သုံးသပ်သွားပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီခရုစ်က သူဟာ ယူနိုက်တက်ကို ပြောင်းဖို့ ဖြစ်ခဲ့ပေမယ့် မိုးယက်စ် ရာထူးကနေ ရုတ်တရတ် ထုတ်ပယ်ခံလိုက်ရပြီး မန်ချက်စတာဘက်က သွေးအေးသွားချိန်မှာ ထိုစဉ် ရီးရဲလ်မန်နေဂျာ အန်ဆယ်လော့တီ ခေါ်ယူမှုနဲ့ မက်ဒရစ်ကို ရောက်ခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။

ဘစ်ဆာကာက ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃၂၇၅ မိနစ် ကစားထားကာ သူ့ထက် ပိုပြီး ယူနိုက်တက် အတွက် ကစားထားတာက ဒီဂီယာနဲ့ မက်ဂွဲရားသာ ရှိပါတယ်။

မေဆန် ဂရင်းဝုဒ်ဟာ လုံး၀ ပြီးပြည့်စုံတဲ့ နံပါတ် ၉ တိုက်စစ်မှူး တစ်ဦး ဖြစ်လာလိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက် အသင်း မန်နေဂျာ ဆိုးရှားက ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျူဗင်တပ် ကွင်းလယ်ကစားသမား မာတိဒီကို စောင့်ကြည့်နေတဲ့ အသင်းတွေထဲ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ လိုင်ယွန်အသင်းတို့ ပါဝင်ပါတယ်။ ၎င်းက တနင်္လာနေ့ကပဲ ဂျူဗီနဲ့ တစ်နှစ် သက်တမ်းတိုးထားပါတယ်။

ယူနိုက်တက် ဂန္တဝင် တစ်ဦး ဖြစ်တဲ့ ရီယို ဖာဒီနန်က ၎င်း ကစားသမား ဘဝမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ အသင်းတို့က ကမ်းလှမ်းမှု ခံခဲ့ရပေမယ့် နှစ်သင်းလုံးကို ငြင်းပယ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒဏ်ရာကနေ ပြန်လာတည်းက ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ဟာ သိသိသာသာ တိုးတက် ခြေစွမ်းပြလာခဲ့ပြီလို့ ယူနိုက်တက် ကစားသမားဟောင်း ဆာဟာက ထုတ်ဖော် ချီးကျူးလိုက်ပြီး အဆုံးသတ်ပိုင်းမှာ ပြိုင်ဘက်တွေကို ဧရိယာထဲမှာ ပိုပြီး အလဲထိုးနိုင်စွမ်း တိုးတက်လာဖို့သာ လိုကြောင်း သုံးသပ်ခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ဟာ လာမယ့္ေႏြမွာ ေခၚယူဖို႔ ဦးစားေပး ပစ္မွတ္ထဲ အက္စတြန္ ဗီလာ ၾကယ္ပြင့္ ဂ်က္ ဂေရးလစ္ခ်္ကို ထည့္သြင္း လိုက္ျပီ ျဖစ္ကာ လႈပ္ရွားမႈမ်ား စတင္ေနျပီလို႔ သိရပါတယ္။

ေမွ်ာ္မွန္းထားသေလာက္ စြမ္းေ္ဆာင္မျပနိုင္ဘူးလို႔ ေ၀ဖန္မႈေတြ ခံယူခဲ့ရေပမယ့္ ၀မ္ဘစ္ဆာကာဟာ သူ႔ရဲ႕ အရည္အခ်င္းကို အခ်ိန္ယူ သက္ေသျပေနေၾကာင္း မန္ခ်က္စတာ သတင္းဌာနက သံုးသပ္သြားပါတယ္။

ရီးရဲလ္မက္ဒရစ္ ကြင္းလယ္လူ တိုနီခရုစ္က သူဟာ ယူႏုိက္တက္ကို ေျပာင္းဖို႔ ျဖစ္ခဲ့ေပမယ့္ မိုးယက္စ္ ရာထူးကေန ရုတ္တရတ္ ထုတ္ပယ္ခံလိုက္ရျပီး မန္ခ်က္စတာဘက္က ေသြးေအးသြားခ်ိန္မွာ ထိုစဥ္ ရီးရဲလ္မန္ေနဂ်ာ အန္ဆယ္ေလာ့တီ ေခၚယူမႈနဲ႔ မက္ဒရစ္ကို ေရာက္ခဲ့ေၾကာင္း ဖြင့္ဟလိုက္ပါတယ္။

ဘစ္ဆာကာက ဒီရာသီ ပရီးမီးယားလိဂ္မွာ ၃၂၇၅ မိနစ္ ကစားထားကာ သူ႔ထက္ ပိုျပီး ယူနိုက္တက္ အတြက္ ကစားထားတာက ဒီဂီယာနဲ႕ မက္ဂြဲရားသာ ရွိပါတယ္။

ေမဆန္ ဂရင္း၀ုဒ္ဟာ လံုး၀ ျပီးျပည့္စံုတဲ့ နံပါတ္ ၉ တိုက္စစ္မွဴး တစ္ဦး ျဖစ္လာလိမ့္မယ္လုိ႔ မန္ခ်က္စတာယူနုိက္တက္ အသင္း မန္ေနဂ်ာ ဆိုးရွားက ယံုၾကည္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဂ်ဴဗင္တပ္ ကြင္းလယ္ကစားသမား မာတိဒီကို ေစာင့္ၾကည့္ေနတဲ့ အသင္းေတြထဲ မန္ခ်က္စတာယူနုိက္တက္၊ အာဆင္နယ္နဲ႕ လိုင္ယြန္အသင္းတို႔ ပါ၀င္ပါတယ္။ ၄င္းက တနလၤာေန႕ကပဲ ဂ်ဴဗီနဲ႕ တစ္နွစ္ သက္တမ္းတိုးထားပါတယ္။

ယူနိုက္တက္ ဂႏၱ၀င္ တစ္ဦး ျဖစ္တဲ့ ရီယို ဖာဒီနန္က ၄င္း ကစားသမား ဘ၀မွာ ရီးရဲလ္မက္ဒရစ္နဲ႕ ဘာစီလိုနာ အသင္းတို႔က ကမ္းလွမ္းမႈ ခံခဲ့ရေပမယ့္ နွစ္သင္းလံုးကို ျငင္းပယ္ခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ဒဏ္ရာကေန ျပန္လာတည္းက ယူနုိက္တက္ တိုက္စစ္မွဴး မာရွယ္ဟာ သိသိသာသာ တိုးတက္ ေျခစြမ္းျပလာခဲ့ျပီလို႔ ယူနိုက္တက္ ကစားသမားေဟာင္း ဆာဟာက ထုတ္ေဖာ္ ခ်ီးက်ဴးလိုက္ျပီး အဆံုးသတ္ပိုင္းမွာ ျပိဳင္ဘက္ေတြကို ဧရိယာထဲမွာ ပိုျပီး အလဲထိုးနုိင္စြမ္း တိုးတက္လာဖို႔သာ လိုေၾကာင္း သံုးသပ္ခဲ့ပါတယ္။