ဘွန်ဒက်လီဂါ ထိပ်တန်း ကစားသမားကို ခေါ်ယူရေး ထိပ်တိုက်တွေ့ကြမယ့် မန်စီးတီးနဲ့ လီဗာပူး

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့က မကြာသေးမီကမှ ဘိုင်ယန်မြူးနစ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ လူငယ်ကြယ်ပွင့် မူစီအာလာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စောင့်ကြည့်နေကြပါတယ်။

အင်္ဂလန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ မူစီအာလာကို တပတ် လုပ်ခလစာ ယူရို ၁သိန်းခွဲနဲ့ ၅နှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

မူစီအာလာက ဘိုင်ယန်မြူးနစ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး လာမယ့် နွေဈေးကွက်မှာ သူ့အတွက် ရောက်လာမယ့် ကမ်းလှမ်းချက်တွေကို ကြည့်ကာ သူ့ရဲ့ အနာဂတ် အတွက် ချင့်ချိန် စဉ်းစားသွားမယ်လို့ သိရှိရပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း နှစ်သင်း ဖြစ်သလို ဘွန်ဒက်လီဂါပြိုင်ပွဲရဲ ကစားသမားတွေကို မကြာခဏ ခေါ်ယူလေ့ ရှိတဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့က မူစီအာလာနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။

မူစီအာလာကသာ အသင်းပြောင်းဖို့ ဆန္ဒရှိမယ် ဆိုရင် မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ နှစ်သင်းစလုံးက မူစီအာလာ အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။