ငွေကုန်သက်သာပြီး စိတ်ချရတာကို သေချာ တွေးတတ်တဲ့ သူဌေးအတွေး ဆိုတာ ဘယ်လိုမျိုးလဲ

သူဌေးတွေဟာ ငွေကုန်သက်သာပြီး စိတ်ချရတဲ့ အလုပ်တွေကိုသာ ရွေးချယ်လေ့ရှိပါတယ်။ အချိန်တိုင်းမှာလည်း ဘယ်လိုသက်သာတဲ့နည်းလမ်းနဲ့ အကောင်းဆုံး လုပ်ဆောင်မလဲဆိုတာ တွေးနေကြသူတွေပါ။
ငွေကုန်သက်သာပြီး စိတ်လည်းချမ်းသာစေသော အကြံတွေကိုလည်း ထုတ်လေ့ရှိကြပါတယ်။
သူဌေးတစ်ယောက်အကြောင်းလေး မျှဝေပေးပါမယ်ဗျာ။
သူဌေးတစ်ယောက်ဟာ တစ်ရက်မှာ ခရီးသွားဖို့ ရှိပါတယ်။ သူ ခရီးသွားစဉ်မှာ ဒေါ်လာသန်းချီတန်တဲ့ သူ့ကားကို ဘယ်မှာထားခဲ့ရမလဲစဉ်းစားပါတယ်။ စဉ်းစားမိသည်နှင့် တစ်ပြိုင်နက် သူဟာ ဘဏ်ကိုသွားပါတယ်။
ဘဏ်ရောက်တော့ ဘဏ်မန်နေဂျာကို သူကပြောပါတယ်။ အရေးပေါ်ငွေလိုလို့ $ 5000 ချေးပါလို့ပြောပါတယ်။ သူဟာ ဘဏ်မှာငွေစာရင်း မဖွင့်ထားလို့ အပေါင် ပစ္စည်းအဖြစ်ကားကိုထားခဲ့မယ်ပြောတော့ မန်နေဂျာက ရပါတယ် ကားကိုထားခဲ့ပါလို့ ပြန်ပြောလိုက်ပါတယ်။
သူဟာ နှစ်ပတ် ခရီးသွားပြီး ပြန်ရောက်တော့ ဘဏ်မှာ $5000 နဲ့ အတိုး $20 ပေးပြီး ကားကိုပြန်ရွေးပါတယ်။ ဘဏ်မန်နေဂျာက ခင်ဗျားဟာမီလျံနာ သူဌေးတစ်ယောက်ဖြစ်ပြီး ဘာကြောင့် ကားကိုဘဏ်မှာထားခဲ့လည်းလို့ မေးပါတယ်။
သူဌေးက ဒေါ်လာသန်းချီတန်တဲ့ကားကို ဒေါ်လာ ၂၀ သာပေးရပြီး လုံခြုံစွာကားပါကင်ထိုးထားနိုင်တဲ့နေရာ ဘယ်နေရာရှိဦးမလဲလို့ ပြန်မေးလိုက်ပါတယ်။ မန်နေဂျာဟာ သဘောက်ပေါက်သွားပါတယ်။ ဒါကြောင့်လည်း သူဟာ သူဌေးဖြစ်နေတာပဲလို့ တွေးမိလိုက်ပါတယ်။
ကျွန်တော်တို့တွေလည်း သူဌေးဖြစ်ချင်ရင် သူများထက် ပိုတွေးရပါမယ်။ မတူတာကိုတွေးနိုင်ရပါမယ်။ ငွေကိုအနည်းဆုံးအသုံးပြုပြီး စိတ်ချတဲ့သဘောရှိရပါမယ်။
ငွေအကြောင်းကို သိအောင်ကြိုးစားရပါမယ်။
အဲဒါကြောင့် ယခုအချိန်မှစပြီး လေ့လာသင်ယူမှုတွေနဲ့အတူ စတင်လိုက်ပါဗျာ။ နောက်မကျသေးပါဘူး။
Motikha