ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး မှတ်တမ်းကော၊ အဆိုးဆုံး မှတ်တမ်းပါ ပူးတွဲ ပိုင်ဆိုင်နေတဲ့ ဟာလန်း
အာလင်းဟာလန်းဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး အများဆုံးအဖြစ် ၁၈ ဂိုး ရထားပေမယ့်လို့ ထင်မှတ်မထားတဲ့ မှတ်တမ်းဆိုးကိုလည်း ပိုင်ဆိုင်နေပါတယ်။
ထွက်ပေါ်လာတဲ့ မှတ်တမ်းအရ နော်ဝေတိုက်စစ်မှူးဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ အပိုင်အခွင့်အရေး ဖြုန်းတီးမှု အများဆုံးကစားသမားအဖြစ် အံ့ဩသင့်ဖွယ် ရပ်တည်နေတာ တွေ့ရပါတယ်။
သူဟာ မန်စီးတီးအတွက် ဂိုးသွင်းစက်အဖြစ် ရပ်တည်နေပေမဲ့လည်း အခြားကစားသမားတွေထက် အပိုင်အခွင့်အရေး ပိုမိုဖြုန်းတီးပစ်နေပါတယ်။ ဟာလန်းဟာ အပိုင်အခွင့်အရေး ဖြုန်းတီးမှု ၂၆ ကြိမ်ဖြင့် တစ်ပွဲလျှင် တစ်ကြိမ်ထက်ပိုပြီး အပိုင်အခွင့်အရေး ဖြုန်းတီးမှု ပြုလုပ်နေပါတယ်။
အပိုင်အခွင့်အရေး ဖြုန်းတီးမှုအများဆုံးစာရင်းမှာ ဒုတိယနေရာက ကပ်လိုက်နေတဲ့သူကတော့ လီဗာပူးတိုက်စစ်မှူးဒါဝင်နူနက်ဇ် ဖြစ်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးက ၂၁ ကြိမ်ဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
တတိယနေရာမှာ အက်စတွန်ဗီလာတိုက်စစ်မှူးအိုလီဝတ်ကင်က ၁၈ ကြိမ်ဖြင့် ရပ်တည်နေပြီး စတုတ္ထနေရာမှာ ချဲလ်ဆီးတိုက်စစ်မှူး နီကိုလပ်စ်ဂျက်ဆင်က ၁၅ ကြိမ်ဖြင့် ရပ်တည်နေပါတယ်။
အဆင့် ၅ နေရာမှာ ယူနိုက်တက်တိုက်စစ်မှူးဟွိုင်းလန်းက ၁၂ ကြိမ်ဖြင့် ရပ်တည်နေပြီး အဲဗာတန်တိုက်စစ်မှူးဒိုမီနစ်ကယ်ဗတ်လူးဝစ်၊ နယူးကာဆယ်တိုက်စစ်မှူးအိုင်ဆစ်တို့လည်း ၁၂ ကြိမ်ဖြုန်းတီးထားကြပါတယ်။
ပရီးမီးယားလိဂ်ရဲ့ အပိုင်အခွင့်အရေး ဖြုန်းတီးမှုအများဆုံးစာရင်းမှာ ဘုန်းမောက်စတားဒိုမီနစ်ခ်ဆိုလန်ကီလည်း ၁၀ ကြိမ်ဖြင့် ပါဝင်နေပါတယ်။