ယူနိုက်တက် သက်တမ်းမတိုးလို့ အသင်းသစ်တွေ ချိတ်နေပြီ ဖြစ်တဲ့ ကွင်းလယ်ကစားသမား
မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ်ကစားသမား နီမန်ဂျာ မာတစ်ကို စာချုပ်သစ် သက်တမ်း ထပ် မတိုးဖို့ ဆုံဖြတ်လိုက်ပြီ ဖြစ်တာကြောင့် ကစားသမား အေးဂျင့် ဖြစ်သူက မာတစ်ကို ခေါ်ယူဖို့ ကလပ်အသင်းတွေနဲ့ မေးမြန်း ချိတ်ဆက်နေပြီ ဖြစ်ပါတယ်။
အသက် ၃၁ နှစ် အရွယ် ကွင်းလယ်သမားဟာ လာမယ့်နွေမှာပဲ စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့ စာချုပ်သစ် ကမ်းလှမ်း မခံခဲ့ရပါဘူး။ ဆာဘီးယားသားရဲ့ အေးဂျင့် ဖြစ်သူက ရာသီကုန်ထိ မစောင့်တော့ဘဲ အသင်းသစ် ရှာဖွေ ချိတ်ဆက်မှုတွေ စတင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
မာတစ် အတွက် ချိတ်ဆက်နေတဲ့ အသင်းတွေထဲမှာ စီးရီးအေ အင်အားကြီးကလပ်တွေ ဖြစ်တဲ့ ဂျူဗင်တပ်၊ အေစီနဲ့ အင်တာမီလန် အသင်းတွေ ပါဝင်ပြီး ထိုကလပ်တွေရဲ့ တုန့်ပြန်မှုကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း အီတလီသတင်းဌာနတွေက ဖော်ထုတ်ထားပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ လက်ရှိ လစာက တစ်နှစ် ယူရို ၁၀ သန်း ဖြစ်လို့ အေစီမီလန် အသင်းကတော့ အဆင်မပြေနိုင်ဘူးလို့ သိရပါတယ်။
ဂျူဗင်တပ်ကတော့ နွေ ကစားသမား ခေါ်ယူမှု အစီအစဉ်များ ပြင်ဆင်နေဆဲ ဖြစ်ပြီး မာတစ် အတွက် တုန့်ပြန်မှု မပြုလုပ်ရသေးပါဘူး။ အင်တာ မီလန် အသင်းကလည်း ဇန်နဝါရီမှာ အဲရစ်ဆန်ကို ခေါ်ယူထားပေမယ့် မာတစ်ကို ခေါ်ဖို့ ငြင်းဆန်ခြင်း မပြုသေးဘဲ စဉ်းစားနေတယ်လို့ သိရပါတယ်။
ဝါရင့် ကွင်းလယ်သမား မာတစ်ဟာ ဒီရာသီ အစောပိုင်းမှာ ဆိုးရှားရဲ့ ပွဲထွက် စာရင်းထဲ မပါဝင်ခဲ့ပေမယ့် ဒီဇင်ဘာလထဲ ပြန် ပါဝင်ခွင့် ရချိန်က စလို့ ယူနိုက်တက်ရဲ့ လိဂ်ပွဲ နောက်ဆုံး ကစားထားတဲ့ ၈ ပွဲမှာ တစ်ပွဲသာ လွဲချော်ထားတယ်။ ထိုတစ်ပွဲကလည်း ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့တာပါ။
မာတစ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက် အတွက် ၁၀ ပွဲသာ ပါဝင် ကစားခွင့် ရထားပါတယ်။ ဒါပေမယ့် ပေါ့ဘာနဲ့ တော်မီနေးတို့ နှစ်ယောက်လုံး ဒဏ်ရာ ရှိနေတဲ့ ဒီတလော သီတင်းပတ်တွေမှာတော့ အရေးကြီးတဲ့ နေရာက ပါဝင်ကစားနေပါတယ်။
Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ ကြင္းလယ္ကစားသမား နီမန္ဂ်ာ မာတစ္ကို စာခ်ဳပ္သစ္ သက္တမ္း ထပ္ မတိုးဖို႔ ဆံုျဖတ္လိုက္ျပီ ျဖစ္တာေၾကာင့္ ကစားသမား ေအးဂ်င့္ ျဖစ္သူက မာတစ္ကို ေခၚယူဖို႔ ကလပ္အသင္းေတြနဲ႕ ေမးျမန္း ခ်ိတ္ဆက္ေနျပီ ျဖစ္ပါတယ္။
အသက္ ၃၁ နွစ္ အရြယ္ ကြင္းလယ္သမားဟာ လာမယ့္ေႏြမွာပဲ စာခ်ဳပ္ ကုန္ဆံုးေတာ့မွာ ျဖစ္ျပီး အုိုးထရက္ဖို႔ဒ္မွာ ဆက္ရွိေနဖို႔ စာခ်ဳပ္သစ္ ကမ္းလွမ္း မခံခဲ့ရပါဘူး။ ဆာဘီးယားသားရဲ႕ ေအးဂ်င့္ ျဖစ္သူက ရာသီကုန္ထိ မေစာင့္ေတာ့ဘဲ အသင္းသစ္ ရွာေဖြ ခ်ိတ္ဆက္မႈေတြ စတင္ေနျပီ ျဖစ္ေၾကာင္း သိရပါတယ္။
မာတစ္ အတြက္ ခ်ိတ္ဆက္ေနတဲ့ အသင္းေတြထဲမွာ စီးရီးေအ အင္အားၾကီးကလပ္ေတြ ျဖစ္တဲ့ ဂ်ဴဗင္တပ္၊ ေအစီနဲ႕ အင္တာမီလန္ အသင္းေတြ ပါ၀င္ျပီး ထိုကလပ္ေတြရဲ႕ တုန္႔ျပန္မႈကို ေစာင့္ဆိုင္းေနဆဲ ျဖစ္ေၾကာင္း အီတလီသတင္းဌာနေတြက ေဖာ္ထုတ္ထားပါတယ္။ ဒါေပမယ့္ ကစားသမားရဲ႕ လက္ရွိ လစာက တစ္နွစ္ ယူရို ၁၀ သန္း ျဖစ္လို႔ ေအစီမီလန္ အသင္းကေတာ့ အဆင္မေျပနိုင္ဘူးလို႔ သိရပါတယ္။
ဂ်ဴဗင္တပ္ကေတာ့ ေႏြ ကစားသမား ေခၚယူမႈ အစီအစဥ္မ်ား ျပင္ဆင္ေနဆဲ ျဖစ္ျပီး မာတစ္ အတြက္ တုန္႔ျပန္မႈ မျပဳလုပ္ရေသးပါဘူး။ အင္တာ မီလန္ အသင္းကလည္း ဇန္န၀ါရီမွာ အဲရစ္ဆန္ကို ေခၚယူထားေပမယ့္ မာတစ္ကို ေခၚဖို႔ ျငင္းဆန္ျခင္း မျပဳေသးဘဲ စဥ္းစားေနတယ္လို႔ သိရပါတယ္။
၀ါရင့္ ကြင္းလယ္သမား မာတစ္ဟာ ဒီရာသီ အေစာပိုင္းမွာ ဆိုးရွားရဲ႕ ပြဲထြက္ စာရင္းထဲ မပါ၀င္ခဲ့ေပမယ့္ ဒီဇင္ဘာလထဲ ျပန္ ပါ၀င္ခြင့္ ရခ်ိန္က စလို႔ ယူနိုက္တက္ရဲ႕ လိဂ္ပြဲ ေနာက္ဆံုး ကစားထားတဲ့ ၈ ပြဲမွာ တစ္ပြဲသာ လြဲေခ်ာ္ထားတယ္။ ထိုတစ္ပြဲကလည္း ပြဲပယ္ေၾကာင့္ မပါ၀င္နုိင္ခဲ့တာပါ။
မာတစ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ယူနိုက္တက္ အတြက္ ၁၀ ပြဲသာ ပါ၀င္ ကစားခြင့္ ရထားပါတယ္။ ဒါေပမယ့္ ေပါ့ဘာနဲ႕ ေတာ္မီေနးတို႔ နွစ္ေယာက္လံုး ဒဏ္ရာ ရွိေနတဲ့ ဒီတေလာ သီတင္းပတ္ေတြမွာေတာ့ အေရးၾကီးတဲ့ ေနရာက ပါ၀င္ကစားေနပါတယ္။