လီဗာပူးပွဲကြို ဒဏ်ရာ ပြဿနာတွေအကြောင်း ပြောလာတဲ့ နည်းပြပက်

ချန်ပီယံလိဂ်ပွဲအဖြစ် ကိုပင်ဟေဂင်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲမှာတော့ မန်စီးတီးတိုက်စစ်သမား ဒိုကူ မပါနိုင်ခဲ့ပါဘူး။

ကြွ့်သားဒဏ်ရ ခံစားနေရတဲ့ ဒိုကူဟာ ဒီဇင်ဘာတုန်းကလည်း ၈ ပွဲဝန်းကျင် လွဲချော်ခဲ့ပါသေးတယ်။ ဒီအပတ် တနင်္ဂနွေနေ့ အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် ပွဲကို ဒိုကူ ဆက်လက် လွဲချော်နိုင်ချေ ရှိနေပါတယ်။

နည်းပြဂွာဒီယိုလာကတော့ ‘ ဒိုကူမှာ ကြွက်သားဒဏ်ရာ ပြဿနာ ရှိနေပါတယ်။ ဒါကြောင့် ကျနော်တို့ စွန့်စားပြီး မသုံးခဲ့တာပါ ’ လို့ ပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ်ပွဲမှာတော့ ဖိုဒန်၊ ဒီဘရိုင်း၊ ဝေါ်ကာတို့လို အဓိက ကစားသမားတွေကို ထည့်သုံးခြင်း မရှိဘဲ လီဗာပူးပွဲအတွက် အနားပေးခဲ့ပါတယ်။

ကိုပင်ဟေဂင်ပွဲမှာ ကွင်းလယ်လူ နူးနက်စ်ကတော့ လက်ချောင်း ဒဏ်ရာရခဲ့ပေမယ့် လီဗာပူးနဲ့ပွဲအတွက် အဓိက ကစားသမားတွေကတော့ ကြံ့ခိုင်မှု ကောင်းမွန်နေပါလိမ့်မယ်။