ဒီအပတ် လီဗာပူးလ်နဲ့ ကန်ရမယ့် စူပါဆန်းဒေး ပရီးမီးယားလိဂ်ပွဲကို လွဲချော်ဖို့ များနေတဲ့ မန်စီးတီးကြယ်ပွင့်

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာက ဂျယ်ရမီး ဒိုကူဟာ ဒီတပတ် လီဗာပူးလ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ဖလားထိပ်ဆုံးနေရာလုပွဲမတိုင်ခင် ကြွက်သား ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒိုကူ ဟာ မန်စီးတီးရဲ့ ဗုဒ္ဓဟူးနေ့ည ကိုပင်ဟေဂင်နဲ့ ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အတွက် ပွဲနေ့လူစာရင်းထဲမှာတောင် မပါဝင်နိုင်ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ အန်းဖီးမှာ ဒီရာသီရဲ့ အကြီးမားဆုံး ပွဲစဉ်ဖြစ်နိုင်တဲ့ပွဲကို ကစားသွားရမှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ဟာ ဇယားထိပ်ဆုံး ၂ နေရာမှာ ၁ မှတ်အကွာနဲ့ ရပ်တည်နေကြတာဖြစ်ပြီး ဒီပွဲစဉ်မှာ အနိုင်ရတဲ့အသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးဟာ အဓိကတောင်ပံကစားသမားဖြစ်တဲ့ ဂျယ်ရမီး ဒိုကူ မပါဝင်ဘဲ ကစားသွားရတော့မှာဖြစ်ပြီး ဂွါဒီယိုလာက ဘာကြောင့် ဘယ်လ်ဂျီယမ်ကြယ်ပွင့် မပါဝင်နိုင်တာလဲဆိုတာကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

“သူ့မှာ ကြွက်သားဒဏ်ရာြ ပဿနာအချို့ရှိနေခဲ့တော့ ကျွန်တော်တို့ အရဲစွန့်မသုံးချင်ပါဘူး။”လို့ ပြောဆိုခဲ့တာပါ။

ဒိုကူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကြွက်သားဒဏ်ရာကြောင့် မန်စီးတီးရဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအပါအဝင် ၈ ပွဲအထိ လွဲချော်ခဲ့ဖူးပါတယ်။

ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရင်းနေးကနေ ပြောင်းရွှေ့လာပြီးနောက် မန်စီးတီးနဲ့ ပထမဆုံးရာသီကို ဖြတ်သန်းနေသူဖြစ်ပြီး ၂၉ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။