7.Mar.2024 မှ 13.Mar.2024 အထိ တစ်ပတ်စာ ၇ရက် သားသမီး ဟောစာတမ်း ထွက်ပါပြီ

7.Mar.2024 မှ 13.Mar.2024 အထိ တစ်ပတ်စာ ၇ရက် သားသမီး ဟောစာတမ်း ဖြစ်ပါတယ်။

#တနင်္ဂနွေ

ကိုယ့်ရဲ့ အကျိုးစီးပွားက နီးနီးနားနားတွေမှာ မရှိတဲ့ကာလပါပဲ။ ဒါကြောင့် ရပ်ဝေးကအလုပ်တွေ၊နိုင်ငံခြားနဲ့ ပတ်သက်တဲ့အလုပ်တွေ နယ်စပ်နဲ့ဆက်စပ်သော အလုပ်တွေ၊အွန်လိုင်းအလုပ်တွေက အဆင်ပြေနေတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့ ရေမှုတ်တစ်ဖက် ၊မီးစ တစ်ဖက်ပါပဲ။ ရကုန်လို့ပဲပြောမလား…ဝင်သမျှငွေ အဖတ်မတင် တာပဲလားမသိဘူး… ငွေကတော့ မမြဲဘူးဗျ။ လူချစ်လူခင်တော့ များတတ်တယ်။ ချစ်လို့ခင်လို့ ကူညီကြတာမျိုးတွေ အထူးကြုံရတယ်။ လူမျိုးကွဲ၊လူမျိုးခြား၊ဘာသာခြားတွေ တွေနဲ့ ဆက်စပ်ရင်တော့ အနည်းငယ်သတိထားပါဗျာ။ လူလိမ် ခံရတတ်ပါတယ်။

ကျန်းမာရေးတော့ ဒီအပတ်က သိပ်မပေါ့နဲ့ဗျ။ ရောဂါဟောင်းတွေပေါ်လာတတ်ပါတယ်။ အဖုအကြိတ် တွေပေါ်လာတတ်ပါတယ်။ ဒိတ်လွန်နေတာကို မသိဘဲစားမိရာကနေ ရောဂါဖြစ်တတ်တယ်ဗျ။ စနေသားတွေနဲ့ ဆက် စပ်လုပ်သောအလုပ်တွေက အဆင်မပြေဖြစ်တတ်ပါတယ်။ ရပ်ဝေးသွားပြီး ကုသိုလ်ပြုတဲ့ကိစ္စတွေကအဆင်ပြေ တတ် ပါတယ်ဗျ။ စုစည်းဆောင်ရွက်ရတဲ့ကိစ္စတွေ၊ ပူးတွဲလုပ်ရတဲ့အလုပ်တွေက ဒီအပတ်ထင်သလောက် အဆင်မပြေပါ ဘူးဗျ။ပွဲစားအလုပ်များ၊ဝန်ဆောင်မှု အလုပ် များ၊ marketing အလုပ် များ အထူးအဆင်ပြေနေပါလိမ့်မယ်။ အချစ်ရေး ကိစ္စတွေမှာ မိမိအပြောအဆိုအမူအရာတွေ ကို သဘောကျနေ သူတွေနဲ့ကြုံရတတ်ပါတယ်။ ချစ်ရေးဆိုခြင်းလဲခံရ တတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး တော့အဘက်ဘက်က စိတ်ချမ်းသာရပါလိမ့်မယ်။ အိမ်တွင်းရေး အိမ်ထောင်ရေး အညံ့နည်းတဲ့ကာလပါပဲ။ သားသမီး တွေရဲ့လိုအင် ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ ပညာရေး မှာတော့ ကျောင်း ပညာထက် အသက် မွေးဝမ်းနဲ့ ပတ်သက်သော ပညာများရလွယ်ပါတယ်။

အကျိုးပေးဂဏန်း ၂၊၄၊၆
အထူးဟော ကံသင့်ပါသည်။
ယတြာ ပုဗ္ဗဏှသုတ်တော်ကို တစ်နေ့တစ်ခေါက် တစ်ပတ်တိတိရွတ်ပွားပါ။

#တနင်္လာ
စိတ်ထဲ ပူပန်ရတာများပါတယ်။ ရန်များနေတတ်ပါတယ်။ ရန်သူတွေဝိုင်းနေတတ်တဲ့ကာလပါပဲ။ အလုပ် ကောင်းလေ ၊ရန်များလေပါပဲ။ စီးပွားရေးကိုလဲ အားထည့်လုပ်ပါ။ ရန်သူ့ခြေလှမ်းကိုလဲ စောင့်ကြည့်ပါ။ကျန်းမာရေးကို တော့ဒီကာလမှာတော့ မပေါ့သင့်ပါဘူး။တရှောင်ရှောင်ဖြစ်လွယ်ပါတယ်။ ဓာတ်သဘောတွေပျက်ယွင်းနေတတ်ပါတယ် ။ဓာတ်ကြီးလေးပါး မျှတအောင်နေပါ။ လက်ထဲရှိတဲ့ စက်ပစ္စည်းတွေ အပျက်အစီးများနေတတ်ပါတယ်။ငွေကြေးနဲ့ပတ် သက်ပြီးတော့ ငွေကြေးကံက နာမည်ကြီး ထမင်းငတ်ဆိုသလိုပါပဲ။ ရနေပေမဲ့ ပြန်ရင်းရတာတွေကလဲ များနေတတ်ပါ တယ်။

လူငယ်တွေအနေနဲ့ကတော့ အတွေ့အကြုံလိုချင်လို့ အလုပ်ဝင်လုပ်တာတွေ၊ တစ်နေရာရာမှာ အလုပ်သင်သ ဘော ပညာသင်တာမျိုးတွေအထူးကောင်းပါတယ်။ကိုယ်ပိုင်အလုပ်များဖောက်သည်တိုးတာမျိုး၊ အလုပ်နဲ့အော်ဒါ များ များ ရတာမျိုး တွေအထူးကြုံရတတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့ ထင်ထားသည်ထက် အားသာချက် လေး တွေရှိပါတယ်။ ချစ်သူမရှိသေးသူများအတွက် ချစ်သူသစ်ရလွယ်ပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ် သက်ရင် တော့ တကျက်ကျက်အလွန်ပဲဖြစ်ရတတ်ပါတယ်။ အဆိုးကြီး မဟုတ်ပေမဲ့ တစ်ယောက်တစ်ခွန်းစကား များ ရတတ်ပါ တယ်။ ပညာရေးမှာတော့ အသက်မွေးမှုပညာများသင်ယူခွင့်တွေကိုရ လာတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃၊၅၊၇
အထူးဟော ဘာသာတရားများများလုပ်လေကံ ကောင်းလေပါပဲ
ယတြာ ယပ်တောင်တစ်ချောင်းနဲ့ ဘုရားရှစ်ခိုးပြီးတိုင်း ဘုရားရှင်ကိုယပ်တော်သွင်းပါ။

#အင်္ဂါ

ဒီတစ်ပတ်အတွင်း ကောင်းသောအခြေအနေတွေနဲ့အတူ ဆိုးသောအခြေအနေတွေကိုလဲ ပူးတွဲခံစားရတတ် ပါတယ်။ အကောင်းကြားမှာ အဆိုးရောနေတတ်တယ်လို့ဆိုလိုတာပါ။ အမှုဟောင်း ပြဿနာဟောင်းတွေပေါ်လာတတ် ပါတယ်။ ကျန်းမာရေးအားကောင်းနေပေမဲ့ လမ်းလျှောက်ပေးပါ။ ဝမ်းချုပ်တာမျိုး၊ ထမင်းစားမကောင်းဘဲ အစာစား ချင်စိတ်ပျောက်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ စက်ပစ္စည်းတွေနဲ့ လေ့ကျင့်ရသူများ ထိခိုက်မှုအန္တရာယ်တွေ ဖြစ် တတ်ပါတယ်။တတ်နိုင်သ၍ အဝေးသွားခြင်း၊ နယ်စပ်ဘက်သွားခြင်းမျိုးတွေရှောင်ပါ။ ဥပဒေနဲ့မလွတ်ကင်းသော အကျိုးစီးပွားတွေလုပ်မိသူများ အန္တရာယ်ကြုံနေရတတ်ပါတယ်။တစ်ခုခုကိုအပိုင်ဆုံးဖြတ်ခြင်း၊ ရည်ရွယ်ချက်များကို အင်နှင့်အားနှင့်ကြိုးစားခြင်း၊အချိန်မဆွဲခြင်း တို့ကို ဦးစား ပေးလုပ်ဆောင်သွားသင့်တဲ့ကာလပါပဲ။

ခရီးကိစ္စများ အဆင် မပြေကြန့်ကြာတတ်ပါတယ်။ ကုန်သည်များ ရောင်းလိုသောပစ္စည်းတွေဈေးကောင်းမရတာမျိုး တွေအထူးကြုံရတတ်ပါ တယ်။ မိန်းကလေးများ ဓမ္မတာနဲ့ ပတ်သက်သောရောဂါတွေသတိထားပါ။ အချစ်ရေးမှာတော့ မိမိတို့စိတ်တိုင်းကျ ပန်း ခင်းလမ်းတော့ ဖြစ်မှာမဟုတ်ပါဘူး။ ကတောက်ကဆများစရာလေးတွေတော့ရှိနေ တတ်ပါ တယ်။ အဆင်ပြေလိုက် ၊ စိတ်ကောက်လိုက်ဆိုတာမျိုးပေါ့။ ပညာရေးကတော့ ကြိုးစားပေမဲ့ မိမိရဲ့ စိုးရိမ်စိတ်ကြောင့်ပဲ ရလဒ်တွေ မကောင်း ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ဘက်နဲ့က အလုပ်တွေများနေတာကြောင့် တေ့တေ့ဆိုင်ဆိုင်လဲ စကားမပြောဖြစ်တာက များနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၅၊၄၊၃
အထူးဟော _စိတ်ပင်ပန်းရမည်။
ယတြာ -ဘဲဥလေးတွေပြုတ်ပြီးတော့ ကိုယ်ချစ်တဲ့ခွေးတစ်ကောင်ကို ချကျွေးလိုက်ပါ။

#ဗုဒ္ဓဟူး/ရာဟု

တတ်သိနားလည်ထားတဲ့ ပညာရပ်တွေကို အသုံးချခွင့်ရလာတတ်ပါတယ်။ ဒီကာလအတွင်း ကျန်းမာရေးအား နည်းချက်များနေတာကိုတွေ့ရပါတယ်။ မပေါ့ပါနဲ့။ ကိုယ်တိုင်ကျန်းမာရေးကောင်းနေသူဆိုရင်တောင် သားသမီးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်နေရတတ်ပါတယ်။ ပုံမှန်လုပ်ငန်းတွေက အဆင်ပြေပေမဲ့ ရင်းနှီးမြုပ်နှံခြင်းနှင့် ကုန်လှောင်ခြင်း အလုပ်များကတော့ အနည်းငယ်အားနည်းနေတာကိုမေ့ထားလို့မရပါဘူး။တန်ဖိုးမြင့် စက်ပစ္စည်းတွေဝယ်ယူမယ်ဆိုရင် တော့ ကိုယ်တိုင်ဝယ်ခြင်းထက် နားလည်သူတွေကို လိုက်ဝယ်ခိုင်းတာမျိုးတွေကပိုကောင်းပါတယ်။ရင်းနှီးတဲ့ မိတ်ဆွေ တွေနဲ့ အဆက်အသွယ်ပြတ်တောက်တာမျိုးတွေဖြစ်တတ်ပါတယ်။

စပ်တူအလုပ်များ ၊ရှယ်ယာအလုပ်များလဲ ထင်သ လောက်အကျိုးအမြတ်မရသေးပါဘူး။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အနည်းငယ် ကြပ်တည်းမှုတွေဖြစ်ရတတ် တဲ့ ကာလပါပဲ။ အထင်လွဲစွပ်စွဲခံရခြင်း။ တမင်ရန်စခံရခြင်းတွေကို သတိထားလိုက်ပါ။ မနာ လိုသူတွေကတော့ ရန်လုပ်နေ တတ်ပါတယ်။လုပ်ငန်းသစ်၊အစီအစဉ်သစ်များစတင်လို့အလွန်ပဲကောင်းပါတယ်။ အပြိုင် အဆိုင်ကိစ္စများ၊အတိုက်အခံ ကိစ္စများ ဦးစားပေးဆောင်ရွက်သွားနိုင်ပါတယ်။ အိမ်မွေးတိရိစ္ဆာန် တွေနဲ့ ပတ်သက်ပြီး တော့လဲ အထူးစိတ်ညစ်ရ တတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ ဒီလိုနေ့ရက် တွေမှာ အိမ်ထောင်ဘက် က ခရီးများ နေတတ်ပါတယ်။ အမျိုး သားတွေစုတ်အား၊စန်းအား ကောင်းနေတဲ့ အတွက်သတိထားပါ။ ပညာ ရေးမှာတော့ စာကိုအကုန်မ လုပ်ဘဲ ရွေး လုပ် နေမိတတ်ပါတယ်။

အကျိုးပေးဂဏန်း-၁၊၄၊၈
အထူးဟော -အနည်းငယ်တော့ စိတ်လက်မအီမသာဖြစ်ရတတ်ပါတယ်။
ယတြာ -တတ်နိုင်သမျှ ရေအလှူလေးတွေများများလုပ်ပါ။

#ကြာသပတေး

ပညာရှင်တွေရဲ့ ပံ့ပိုးကူညီမှုတွေကို အထူးရရှိပါလိမ့်မယ်။ အဘက်ဘက်ကနေ ငွေဝင်လာဖို့ရှိနေတတ်ပါတယ်။ ပညာသင်တန်းများ စတင်တက်ရောက်သင်ကြားလို့ကောင်းပါတယ်။ ချဲ့ထွင်ထားသော လုပ်ငန်းတွေဆီကနေ အကျိုး အမြတ်တွေရလာတတ်ပါတယ်။ မိမိလက်ထဲရှိတဲ့ ပစ္စည်းတွေကို စတင်ဖြန့်ချီခြင်း၊ဈေးကွက်ထိုးဖောက်ခြင်းများ အလေး ပေးဆောင်ရွက်လို့ရတတ်ပါတယ်။ ပစ္စည်းအလဲအထပ်ကိစ္စများ၊ အရောင်းအဝယ်ကိစ္စများ အထူး အဆင်ပြေတိုးတတ်မဲ့ ကာလပါပဲ။ နိုင်ငံခြားကိစ္စများ၊ရပ်ဝေးနှင့်ဆက်သွယ်ခြင်းကိစ္စများအထူးအဆင်ပြေပါလိမ့်မယ်။ အပျော်ခရီးပဲဖြစ်ဖြစ် အလုပ်နဲ့ပတ်သက်သောခရီးတွေပဲဖြစ်ဖြစ် ခရီးနဲ့ပတ်သက်ရင် အဆင်ပြေတိုးတတ်မှုတွေရရှိပါ လိမ့်မယ်။

ကျန်းမာရေး နဲ့ပတ်သက်ပြီး စိတ်ချမ်းသာရလိမ့်မယ်။ အမြစ်မပြတ်တဲ့ရောဂါတွေကို အမြစ် ပြတ်အောင် ကုသနိုင်ပါလိမ့်မယ်။ အချစ် ရေးနဲ့ပတ်သက်ရင်တော့အညံ့ကြီးတော့မဟုတ်ပါဘူး။ဒါပေမဲ့ ချစ်သူ ကမိမိ အပေါ်သွေး အေးနေတတ်ပြီး အဆက် အသွယ်မလုပ်တာမျိုးကြုံနေရတတ်ပါတယ်။ အိမ်ထောင်ရေး နဲ့ပတ်သက်ပြီး တော့လဲ အဆင်ပြေစိတ်ချမ်းသာပါ လိမ့် မယ်။ အိမ်တွင်းစီးပွားရေးများ အထူးတိုးတတ်ပါလိမ့်မယ်။ ပညာရေးအတွက် စိတ်ချမ်းသာရပါလိမ့်မယ်။ မိမိမနားလည် လို့ပစ်ထားတဲ့ သင်ခန်းစာတွေကို ဆရာကပြန်လည် သင်ကြားပေးခြင်းဖြင့် နားလည်သဘောပေါက်သွားပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၆၊၄၊၁
အထူးဟော ကံကောင်းနေမည်
ယတြာ အကြီးအကဲတွေကိုဆံပင်အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ဘီးတို့၊ ကလစ်တို့၊ ဆံညှပ်တို့လက်ဆောင်ပေး လိုက်ပါ။

#သောကြာ

အဝေးကနေအဆက်အသွယ် ကောင်း တွေ ရလာတတ်ပါတယ်။ ကိုယ်ကအိမ်ထောင်ဦးစီးဆိုရင် တော့ အိမ်တွင်းမှာဖြစ်ပေါ်လာမဲ့ ပြဿနာအခက်အခဲ တွေ ကို ပါးပါးနပ်နပ်ကိုင်တွယ်ဖြေရှင်းတာမျိုးတွေအထူးပဲ လုပ် ဆောင် သွားသင့်ပါတယ်။ ကျန်းမာရေးကိုတော့ တတ်နိုင် သလောက်အာရုံစိုက်ထားဖို့လိုတယ်လို့မြင်ပါတယ်။ ခြေထောက်၊ ခါးစတဲ့ ခန္ဓာကိုယ်အောက်ပိုင်းနှင့်ပက်သက်ပြီး ဥပဒ်ပေးတတ်ပါတယ်။ လိင်နှင့်ပတ်သက်သောကူး စက်ရောဂါတွေ လဲသတိထားလိုက်ပါ။ဒီကာလအတွင်း အထိုင် အလုပ်များ အဆင်ပြေတတ်ပါတယ်။ ရေနှင့်ပတ်သက် သော စား သောက် ကုန်လုပ်ငန်းများ တိုးချဲ့နိုင်ပါလိမ့်မယ်။ အလုပ်ရှာနေသူများ အဆင်ပြေတတ်လမ်းရှိမဲ့အလုပ်မျိုးတွေကို အထူး ပဲရလာပါလိမ့်မယ်။ နိုင်ငံခြားသွားခြင်း၊ နိုင်ငံခြားသွားဖို့ အင်တာဗျူးဖြေခြင်းများ အထူးဆောင်ရွက်သွားနိုင် ပါတယ်။

စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ အသစ် အဆန်းတွေကိုစိတ်မဝင်စားဘဲ လက်ရှိအလုပ်တွေကိုပဲ အာရုံစိုက်လုပ်ကိုင် ခြင်း တွေ က မိမိတို့ကို အဆင်ပြေ အောင် ဖန်တီးပေးပါလိမ့်မယ်။ မိခင်၊အဒေါ်၊ကြီးတော်စတဲ့ သူတွေဆီ က အကူအညီ ကောင်းတွေရလာတတ်ပါတယ်။ တန်ဖိုး ကြီးပစ္စည်းများ ဝယ်ယူခြင်းမျိုးဒီကာလမှာအထူးဆောင်ရွက် နိုင်ပါလိမ့်မယ်။ အချစ်ရေးမှာတော့ အဆင်ပြေပါလိမ့်မယ်။ အချစ်ရေး ကတော့ ဘဝတစ်ခုတည်ဆောက်ဖို့ ဖန်တီးယူနိုင်မဲ့ကာလပါပဲ။ အိမ်ထောင်ရေးမှာတော့ သာယာပျော်ရွှင်စရာကာလ ပါပဲ။ မိသားစုနဲ့ အပျော်ခရီးလေးတွေသွားရတတ်ပါတယ်။ ပညာရေးမှာတော့ သင်တန်းနေရာပြောင်းခြင်း၊ဆရာ နေမကောင်း၍သင်တန်းပျက်ခြင်းမျိုးတွေ အထူးကြုံနေရတတ်ပါတယ်။

အကျိုးပေးဂဏန်း ဝ၊၄၊၂
အထူးဟော စုတ်ရော ၊လာဘ်ရော ဝင်မည်။
ယတြာ အုန့်နို့ကျောက်ကျောလေးတစ်ပန်းကန် ဘုရားကပ်ပေးပါ။

#စနေ

မိမိလိုအင်ဆန္ဒတွေကို ဦးစားမပေးနိုင်ဖြစ်ရတတ်ပါတယ်။ အကူအညီတောင်းခံခြင်း ၊လျှောက်လွှာတင်ခြင်း၊ ကြီးကဲသူများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများ ဦးစားပေး ဆောင်ရွက်လိုက်ပါ။ အချစ် ရေးမှာ ဖြေရှင်းစရာကိစ္စတွေ များနေတတ်ပါ တယ်။ အရင်ပတ်သက်ခဲ့ဖူးနဲ့ ဆက်ဆံ ပြောဆိုမိတာကြောင့် လက်ရှိ ချစ်သူ ရဲ့ အထင်လွှဲခြင်းကိုခံရ တတ်ပါတယ်။ အပြောမကောင်းရင်တော့ လမ်းခွဲရသည် အထိဖြစ်ရနိုင်သည်ကို သတိပြု လိုက်ပါ။ ရန်အန္တရာယ်များ ရှိတတ်သလို ကျန်းမာရေးအတွက် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ပင်လယ်စာများ အထူးလျှော့စားပါ။ အငန်လျှော့ စားပါ။ အရည်နှင့် ပတ်သက်သော အရက်အဖျော် ယာမကာများလဲ တတ်နိုင်သ လောက် လျှော့သောက်စေချင်ပါတယ်။

ပညာရေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားပညာ သင်ခြင်းကိစ္စများဆောင် ရွက်လို့အထူးကောင်းပါတယ်။ အလုပ်အတွက် လိုအပ်သော၊အလုပ်မှာအထောက်အကူ ဖြစ်စေသောသင်တန်းတွေ ကိုဦးစားပေးတတ်သင့်တဲ့လပါပဲ။ အပြိုင်အဆိုင် အတိုက်အခိုက်များနေရတတ်ပါတယ်။ အဝေးကမိတ်ဆွေတွေ ကြောင့် စိတ်ညစ်ရတတ်ပါ တယ်။ အိမ်ထောင်ရေး ကတော့ သာယာပျော်ရွှင် စရာတွေများနေတတ်ပါတယ်။ အိမ်တွင်းရေးသောကကင်းပါ လိမ့်မယ်။ ကိုယ်ပိုင်အလုပ်များ အလုပ်နဲ့ပတ်သက်ပြီး တိုးချဲ့ခြင်းမျိုး တတ်နိုင်သ လောက်ရှောင်လိုက်စေချင်ပါတယ်။ လခစားဝန်ထမ်းများလဲ အလုပ်ပြောင်းတာမျိုး တတ်နိုင်သလောက် မလုပ်ဘဲနေလိုက်စေချင်ပါတယ်။

အကျိုးပေးဂဏန်း ၁၊၇၊၅
အထူးဟော ကျန်းမာရေးညံ့နေမည်။
ယတြာ အိမ်ရှိလျှပ်စစ်ဝါယာကြိုးအဟောင်းများ၊အပျက်များ၊အားသွင်းခေါင်းအစုတ်များ လွှတ်ပစ်လိုက်ပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)