ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဂွာဒီယိုလာ ရင်မဆိုင်ချင်တဲ့ ကလပ် ၃ သင်း

မန်စီးတီး အသင်း နည်းပြ ပက် ဂွာဒီယိုလာကတော့ မနေ့ညက ကိုပင်ဟေဂင်ကို အနိုင်ယူကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် တက်ရောက်ပြီးနောက် ကွာတားမှာ သူ ရင်ဆိုင်ရဖို့ ထိတ်လန့်နေတဲ့ ၃ သင်း ရှိကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဂွာဒီယိုလာက မန်စီးတီးကို ကွာတားမှာ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ တို့နဲ့ မတွေ့စေချင်ပါဘူး။ ကွာတားဖိုင်နယ် အနေအထားနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက အခုလို ပြောခဲ့တာပါ။

” ခင်ဗျားတို့ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ရမယ် ဆိုပါစို့ဗျာ။ သူတို့ ချန်ပီယံလိဂ် ဖလား ဘယ်နှလုံးတောင် ပိုင်ဆိုင်ထားလဲ၊ သူတို့ သမိုင်းကြောင်းက ဘယ်လောက်တောင် ကောင်းလဲဗျာ။

ကျွန်တော် သူတို့ အားလုံးကို လေးစားမှု ရှိပါတယ်။ ပြီးတော့ လန့်လည်း လန့်တယ်။ သူတို့ဘက်ကတော့ ကျွန်တော်တို့ကို လန့်လား မသိဘူးဗျာ။ ကျွန်တော်တို့ကတော့ လန့်တယ်။” လို့ ဂွာဒီယိုလာက ဆိုခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဖိုင်နယ်မှာ အင်တာမီလန်ကို အနိုင်ယူပြီး အသင်းသမိုင်းမှာ ပထမဆုံး ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ခဲ့တာပါ။

စီတီဇင်တွေဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဆက်လက် လွှမ်းမိုးထားပြီး ၈ ပွဲ ကစားပြီးချိန် ၂၄ ဂိုးထိ သွင်းယူထားပြီ ဖြစ်ပါတယ်။