အန်းဖီးမှာ ကန်မယ့် ဒီတပတ် လီဗာပူးနဲ့ မန်စီးတီး ပွဲ ဘယ်လိုရလဒ် ထွက်မလဲ ဆရာကြီး ပေါမာဆန်ရဲ့ ဟောကိန်း ထုတ်ချက်

မန်စီးတီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ အမှတ်ပေးဇယား ထိပ်က လီဗာပူးနဲ့ တွေ့ဆုံနေပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ည ၁၀း၁၅ အချိန်၊ အန်းဖီးကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က လီဗာပူး – မန်စီးတီး ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီပွဲအဖြေက ဆာလာ ပါနိုင်မလား မပါနိုင်ဘူးလား အပေါ် မူတည်နေပါတယ်။ သူ လေ့ကျင့်ရေးတော့ ပြန်ဝင်နေပါပြီ။ အန်ဖီးမှာတော့ လီဗာပူးကို နှာတစ်ဖျား အသာပေးချင်ပါတယ်။ သူတို့က အန်ဖီးမှာတော့ အတော်လေး ကြောက်စရာ ကောင်းပါတယ်။

အယ်လီဆန်၊ ထရန့်၊ ဂျုံး၊ ဂျိုတာတို့ မပါနိုင်ပေမယ့် လီဗာပူးက တောင့်တင်းဆဲပါ။ လူစာရင်းထဲ ပါလာကတည်းက ဘရတ်ဒလေဟာ ထူးချွန်ထားပါတယ်။ ဒိုကူကို ရင်ဆိုင်ရမှာဆိုပေမယ့် ဘရတ်ဒလေက လီဗာပူး ကစားသမားဘဝမှာ ခြေချော်တာမျိုး မရှိထားသေးပါဘူး။

ဆာလာ vs အကီ ထိပ်တိုက်တွေ့မှုကလည်း စောင့်ကြည့်ချင်စရာပါ။ အကီဟာ ကစားသမားကောင်း ဆိုပေမယ့် အရင်အပတ် ဂနာချိုကို ရင်ဆိုင်တုန်းက သိပ်မကောင်းခဲ့သလို ရက်ဖိုဒ့်ရဲ့ ဂိုးမှာလည်း သူ့တာဝန် မကင်းပါဘူး။

ဘရတ်ဒလေက ဒိုကူနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ကစားဖို့ လိုအပ်ပါတယ်။ ဆာလာ vs အကီ ထိပ်တိုက်တွေ့မှုကတော့ အဓိက နေရာပါပဲ။

ပေါမာဆန် ခန့်မှန်းရလဒ်

လီဗာပူး ၂-၁ မန်စီးတီး ဖြစ်ပါတယ်။