မန်စီးတီး ရှုံးကို ရှုံးမယ်လို့ အခိုင်အမာ ဟောကိန်းထုတ်သွားတဲ့ ဘီဘီစီ ခရစ်ဆက်တန်

ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ စူပါဆန်းဒေး ပွဲကြီး ပွဲကောင်း အဖြစ် လီဗာပူးနဲ့ မန်စီးတီးတို့ အန်းဖီးကွင်းမှာ ထိပ်တိုက်တွေ့တဲ့ ပွဲကောင်း ရှိနေပါတယ်။ ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁၀း၁၅ အချိန် မှာ ယှဉ်ပြိုင်ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က လီဗာပူး – မန်စီးတီး ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံ၊ ဥရောပ ချန်ပီယံ၊ ကမ္ဘာ့ ချန်ပီယံ .. သူတို့က ဘယ်သူက ရှုံးတယ် ပြောရဲမှာလဲဗျာ ? ကျွန်တော် ပြောပါတယ်။ သူတို့ ဒီပွဲ ရှုံးမယ်။

ကျွန်တော် အဲဒီလို အာရုံရနေတယ်။ လီဗာပူးက အိမ်ကွင်းမှာ ကစားတာ ဖြစ်လို့ သူတို့ ပါးပါးလေး အသာရသွားပါမယ်။ မိုဟာမက် ဆာလာ ဒဏ်ရာကနေ ပြန်လာတာကလည်း ဒီလိုပွဲကြပ်မျိုးမှာ ခြားနားမှု ဖြစ်သွားနိုင်ပါတယ်။

ပွဲပြီးချိန်မှာ ကျွန်တော်က ရူးမိုက်တဲ့သူ တစ်ယောက် လို့ ပြောခံရကောင်း ပြောခံရမယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ချစ်ဖို့ကောင်းတဲ့ ဒါဝင် နူးညက်ဇ် သွင်းဂိုးနဲ့ အတူ အနီရောင်တွေ အနိုင်ရမယ် လို့ မှန်းချင်တယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်

လီဗာပူး 2-1 မန်စီးတီး ဖြစ်ပါတယ်။