ပက်ရဲ့ ငြင်းပယ်မှု၊ ဒိုကူ ဒဏ်ရာ၊ စီးတီး အရှုံးချည်း မှန်းနေတဲ့ ဆရာကြီးများ၊ ဇယားထိပ် ယူသွားတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ မန်စီးတီး သတင်းများ

မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ လီဗာပူးလ်နဲ့ ပွဲမတိုင်ခင် စကားလုံးစစ်ပွဲဆင်နွှဲဖို့ ငြင်းဆိုသွားခဲ့ပါတယ်။
လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ ဂွာဒီယိုလာဟာ ကမ္ဘာ့အတော်ဆုံး နည်းပြ ဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာက ဂျယ်ရမီး ဒိုကူဟာ လီဗာပူးလ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ဖလားထိပ်ဆုံးနေရာလုပွဲမတိုင်ခင် ကြွက်သားဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
မန်စီးတီး တိုက်စစ်မှူး ဟာလန်းကတော့ လက်ရှိ အသင်းမှာ ပျော်ရွှင်နေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပေမယ့် အသင်းမှာ ဆက်နေမလားဆိုတဲ့ မေးခွန်းကိုတော့ အဖြေမပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
မန်ယူအသင်းဟာ မြို့ခံပြိုင်ဘက် မန်စီးတီးမှာ ခြေစွမ်းပြနေတဲ့ ဟာလန်းကို အရင်ကတည်းက ခေါ်ယူခွင့်ရခဲ့ပေမယ့် နှစ်ကြိမ်တိုင် အသင်းဘက်က ငြင်းဆန်ခဲ့ကြောင်း နည်းပြ ဆိုးရှားက ဖော်ထုတ်သွားခဲ့ပါတယ်။
မန်စီးတီးတို့ လီဗာပူးနဲ့ ကန်မယ့် ပွဲမတိုင်ခင်မှာ အာဆင်နယ်က ဘရန့်ဖို့ဒ်ကို နိုင်သွားတာကြောင့် အမှတ်ပေးဇယား ပထမ နေရာကို သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။
ဘောလုံးပွဲ သုံးသပ်ဆရာကြီးတွေ ဖြစ်တဲ့ ခရစ်ဆက်တန်နဲ့ ပေါမာဆန် တို့ကတော့ ဒီအပတ် လီဗာပူး – မန်စီးတီး ပွဲမှာ အိမ်ရှင် လီဗာပူးက ၂-၁ နဲ့ နိုင်မယ်ချည်း ခန့်မှန်းထားကြပါတယ်။