ပရီးမီးယားလိဂ် ဖလားလုဘက် အဖြစ် လီဗာပူးထက် အာဆင်နယ်ကို ပိုလန့်ရကြောင်း ပက် ထုတ်ဖော် ပြောဆို
ဒီရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့မှာ လီဗာပူးထက်စာရင် အာဆင်နယ်က အဓိက စိန်ခေါ်ဘက်အဖြစ် ဂွာဒီယိုလာက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဒီနှစ်တွေအတွင်း အင်္ဂလန်ဘောလုံးလောကမှာ ကလော့ပ်နဲ့ခေတ်ပြိုင်ဖြစ်တဲ့ ဂွာဒီယိုလာကတော့ ပြိုင်ဘက်ကြီးနဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံမှုကို အန်ဖီးကွင်းမှာ ရင်ဆိုင်ရမှာပါ။ သူကတော့ ပွဲကြိုမှာ စကားစစ်ထိုးမှု ပြုလုပ်လာခဲ့ပါတယ်။
လီဗာပူးအသင်းဟာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ဖောရက်စ်ပွဲကို အနိုင်ရဖို့ ပွဲချိန် ၉၉ မိနစ်ထိ ကစားခဲ့ရချိန် အာဆင်နယ်ကတော့ နောက်ဆုံး ၇ ပွဲမှာ သွင်းဂိုး ၃၁ ဂိုးထိ သွင်းယူ ခြေစွာလွန်းနေတာပါ။
ဂွာဒီယိုလာက ‘ အာဆင်နယ်က ဖလားစိန်ခေါ်နေပြီဖြစ်ပါတယ်။ မနှစ်တုန်းက သူတို့ဟာ ကျနော်တို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်ခဲ့ပါတယ်။
သူတို့ကစားတာပဲ ကြည့်လိုက်လေ။ လီဗာပူးအသင်းက ပွဲတစ်ပွဲကို အနိုင်ရဖို့ မိနစ် ၉၀ လုံး လိုနေချိန်မှာ အာဆင်နယ်က ပွဲတွေကို ၂၅ မိနစ်မှာတင် အနိုင်ယူထားပြီးပါပြီ ’ လို့ အာဆင်နယ်က ပိုကောင်းတဲ့ပြိုင်ဘက်အဖြစ် ရွေးထုတ်ခဲ့တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ အန်ဖီးကွင်းက ပွဲစဉ်ကတော့ ပရီးမီးယားလိဂ်ပရိသတ် အားလုံးနည်းပါး စောင့်ကြည့်ရမယ့် ပွဲကောင်းလည်း ဖြစ်လာနေခဲ့ပါပြီ။