ဂရေးလစ်ချ် ရောက်ဖို့ ရောင်းခံရမယ့် ကွင်းလယ် နှစ်ဦး၊ မြန်လွန်းနဲ့ ဖာနန်ဒက်စ်နဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဂျေဆီ လင်ဂတ်ဟာ လာမယ့်နွေမှာ ပါရဲရားနဲ့ အတူ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖွယ် ရှိနေတယ်သို့ သိရပါတယ်။

ယူနိုက်တက်က အက်စတွန်ဗီလာ ကြယ်ပွင့် ဂရေးလစ်ချ်ကို ခေါ်ယူလိုတာကြောင့် အသုံးစရိတ်လည်း ပိုရအောင် လင်ဂတ်နဲ့ ပါရဲရား နှစ်ဦးကို ထွက်ခွာခွင့်ပြုဖို့ ရှိနေပြီး ဂရေးလစ်ချ်အတွက်လည်း နွေမတိုင်ခင်ဘဲ သဘောတူညီမှု ရအောင် စတင် လှုပ်ရှားနေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကစားသမား ၁၁၁ ဦး ချိတ်ဆက်ခဲ့ပြီး အဲဒီထဲကမှ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်လိုက်တာက အရေးကြီးတဲ့ ခြေလှမ်း တစ်ရပ် ဖြစ်တယ်လို့ ဝုဒ်ဝပ်က ဆိုလိုက်ပြီး လာမယ့်နွေမှာလည်း အခုလို ပြင်ဆင် ချဉ်းကပ်မှုတွေ ပြုလုပ်ဦးမယ်လို့ ပြောကြားလိုက်ပါတယ်။

ကလပ်ဘရုစ် အသင်းခေါင်းဆောင် ဗော်မာနဲ့ အားထားရတဲ့ တိုက်စစ်မှူး အီမန်မြူရယ် ဒန်းနစ်စ်တို့ဟာ ညက ဘယ်လ်ဂျီယံလိဂ်က ပွဲမှာ ဒဏ်ရာ ကိုယ်စီ ရခဲ့တာကြောင့် ယူနိုက်တက်နဲ့ ယူရိုပါလိဂ် ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကွင်းလယ်ခံစစ်သမား ဘလန်တာလည်း ပွဲပယ်ကြောင့် လွဲချော်ဦးမှာပါ။

ယူနိုက်တက်ရဲ့ ဒီရာသီ ဒုတိယမြောက် ဘဏ္ဍာရေး ရှင်းတမ်း ထွက်ပေါ်လာရာ ကြွေးမြီ စာရင်းက ပေါင် ၃၉၁.၃ သန်းထိ တက်သွားခဲ့ပြီး အရင်နှစ်ကထက် ပေါင် ၇၃.၆ သန်း များလာကြောင်း သိရပါတယ်။ ချန်ပီယံလိဂ် ကစားခွင့် မရတာက ယူနိုက်တက် ဝင်ငွေကို သိသိသာသာ ထိခိုက်စေခဲ့ပါတယ်။

ယူနိုက်တက် ဂိုးသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဘင် ဖော်စတာက ဝက်ဖို့ဒ်နဲ့ ပွဲမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ အပြေး မြန်နှုန်းကို အံ့အားသင့် ခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား ေဂ်ဆီ လင္ဂတ္ဟာ လာမယ့္ေႏြမွာ ပါရဲရားနဲ႕ အတူ မန္ခ်က္စတာ ယူနိုက္တက္ကေန ထြက္ခြာဖြယ္ ရွိေနတယ္သို႔ သိရပါတယ္။

ယူနိုက္တက္က အက္စတြန္ဗီလာ ၾကယ္ပြင့္ ဂေရးလစ္ခ်္ကို ေခၚယူလိုတာေၾကာင့္ အသံုးစရိတ္လည္း ပိုရေအာင္ လင္ဂတ္နဲ႕ ပါရဲရား နွစ္ဦးကို ထြက္ခြာခြင့္ျပဳဖို႔ ရွိေနျပီး ဂေရးလစ္ခ်္အတြက္လည္း ေႏြမတိုင္ခင္ဘဲ သေဘာတူညီမႈ ရေအာင္ စတင္ လႈပ္ရွားေနျပီ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီမွာ ကစားသမား ၁၁၁ ဦး ခ်ိတ္ဆက္ခဲ့ျပီး အဲဒီထဲကမွ ဘရူနို ဖာနန္ဒက္စ္ကို ေခၚယူနိုင္လိုက္တာက အေရးၾကီးတဲ့ ေျခလွမ္း တစ္ရပ္ ျဖစ္တယ္လို႔ ၀ုဒ္၀ပ္က ဆိုလိုက္ျပီး လာမယ့္ေႏြမွာလည္း အခုလို ျပင္ဆင္ ခ်ဥ္းကပ္မႈေတြ ျပဳလုပ္ဦးမယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ကလပ္ဘရုစ္ အသင္းေခါင္းေဆာင္ ေဗာ္မာနဲ႕ အားထားရတဲ့ တိုက္စစ္မွဴး အီမန္ျမဴရယ္ ဒန္းနစ္စ္တို႔ဟာ ညက ဘယ္လ္ဂ်ီယံလိဂ္က ပြဲမွာ ဒဏ္ရာ ကုိယ္စီ ရခဲ့တာေၾကာင့္ ယူနိုက္တက္နဲ႕ ယူရိုပါလိဂ္ ပြဲမွာ ပါ၀င္နုိင္ေတာ့မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ ကြင္းလယ္ခံစစ္သမား ဘလန္တာလည္း ပြဲပယ္ေၾကာင့္ လြဲေခ်ာ္ဦးမွာပါ။

ယူနိုက္တက္ရဲ႕ ဒီရာသီ ဒုတိယေျမာက္ ဘ႑ာေရး ရွင္းတမ္း ထြက္ေပၚလာရာ ေၾကြးျမီ စာရင္းက ေပါင္ ၃၉၁.၃ သန္းထိ တက္သြားခဲ့ျပီး အရင္နွစ္ကထက္ ေပါင္ ၇၃.၆ သန္း မ်ားလာေၾကာင္း သိရပါတယ္။ ခ်န္ပီယံလိဂ္ ကစားခြင့္ မရတာက ယူနုိက္တက္ ၀င္ေငြကို သိသိသာသာ ထိခိုက္ေစခဲ့ပါတယ္။

ယူနိုက္တက္ ဂိုးသမားေဟာင္း တစ္ဦး ျဖစ္တဲ့ ဘင္ ေဖာ္စတာက ၀က္ဖို႔ဒ္နဲ႕ ပြဲမွာ ဘရူနို ဖာနန္ဒက္စ္ရဲ႕ အေျပး ျမန္နႈန္းကို အံ့အားသင့္ ခဲ့ရေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။