ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရေးမှာ စီးတီးထက် အာဆင်နယ်က သာနေပြီ ထင်နေတဲ့ ရွိုင်ကိန်း

ပြီးခဲ့တဲ့ရက် က လီဗာပူးနဲ့ မန်စီးတီးပွဲကို ကြည့်ပြီးတဲ့နောက် ဒီရာသီမှာ အာဆင်နယ်က အခွင့်အရေးကြီး ရှိနေကြောင်း သရဲနီဟောင်းကြီး ရွိုင်ကိန်းက သုံးသပ် ပြောဆိုလာပါတယ်။

မတ်လထဲ နိုင်ငံတကာ သီတင်းပတ် ပြီးရင် မတ် ၃၁ ရက်နေ့ အီတီဟတ်မှာ ယှဉ်ပြိုင်ကစားရမယ့် မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲကောင်းရှိပေမယ့် ဂန်းနားတို့ အရေးနိမ့်သွားမယ်လို့ ပြောလို့ မရတော့ကြောင်း ရွိုင်ကိန်းက သုံးသပ် စကား ဆိုပါတယ်။

စီးတီးက ထင်သလောက် မကောင်းတော့ပေမယ့် အာဆင်နယ်ကတော့ အမှားတွေကို သင်ခန်းစာယူကာ အတော်လေး ခြေစွာနေတယ်လို့လည်း ၎င်းက မှတ်ချက်ပေးခဲ့တာပါ။

ရွိုင်ကိန်းက ” ရိုးရိုးသားသား ပြောရရင် အခုချိန်ထိ မှန်းမရသေးဘူး။ မနှစ်ကတော့ မန်စီးတီးတို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရမှာကို ကျနော် လုံးဝ သံသယ မဝင်ဘူး။ အခုကတော့ နည်းနည်း သံသယ ရှိလာနေပြီ။

မန်စီးတီးကို အပြည့်အဝ ဆန့်ကျင်တာ မဟုတ်ပေမယ့် လီဗာပူးကို ရင်ဆိုင်ရာမှာ သူတို့ ပြခဲ့တဲ့ စွမ်းဆောင်ရည်၊ အခွင့်အရေး ဖန်တီးမှုနဲ့ ဂိုးသွင်းနိုင်စွမ်းတွေအရ စပြီး သံသယဝင်နေရပါပြီ။

အာဆင်နယ်ကို ကြည့်လိုက်ကြဦး။ ရုပ်ပိုင်းဆိုင်ရာကလည်း မနှစ်ကလို မဟုတ်တော့ဘူး။ အာဆင်နယ်က ပိုပြီး သန်မာတဲ့ အသင်းဖြစ်လာနေပြီး မနှစ်က အမှားကိုလည်း သင်ခန်းစား ယူလာနေခဲ့ပြီ။

အာဆင်နယ်ကို ကြည့်လိုက်ရင် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်က စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေသလိုပဲ။ ဒီရာသီ ချန်ပီယံ ဘယ်အသင်းဖြစ်မယ် မပြောနိုင်တော့ပါဘူး ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။