လီဗာပူးနဲ့ ပွဲမှာ နာသွားတဲ့ မန်စီးတီး ဂိုးသမား အီဒါဆန် ရဲ့ အခြေအနေကတော့ မဟန်ဘူး ဖြစ်နေပါတယ်

လီဗာပူးနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ မန်စီးတီး ပွဲထွက် ဂိုးသမား အီဒါဆန်ဟာ ကာလတစ်ခု အနားယူရဖွယ်ရှိကာ မတ်လ နိုင်ငံတကာသီတင်းပတ် ပြီးနောက် ကန်ရမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲကိုပါ လွဲချော်ဖွယ် ရှိနေပါတယ်။

အီဒါဆန်ဟာ ကြွက်သားဒဏ်ရာရခဲ့ခြင်းဖြစ်ကာ ဘရာဇီး လက်ရွေးစင် အသင်း လူစာရင်းကနေပါ နှုတ်ထွက်ခဲ့ပြီဖြစ်ပါတယ်။ သူဟာ မျှော်လင့်ထားသလို ခပ်မြန်မြန် ပြန်သက်သာလာဖွယ် မရှိဘူးလို့လည်း သိရတယ်။

ပြန်လည် အားဖြည့်မှု လုပ်ငန်းစဉ်တွေ စတင်နေပေမယ့် အီဒါဆန် ပြန်လာနိုင်ဖို့ ၄ ပတ်ဝန်းကျင် အချိန်ယူရမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးနဲ့ပွဲ ပွဲချိန် ၅၆ မိနစ်မှာ လီဗာပူး တိုက်စစ်မှုး ဒါဝင် နူးညက်စ်ကို ဟန့်တားခဲ့ရာကနေ အီဒါဆန်ဟာ ဒဏ်ရာရသွားခဲ့တာပါ။

ပက်ဂွာဒီယိုလာ အနေနဲ့ စနေနေ့ နယူးကာဆယ်နဲ့ အက်ဖ်အေဖလားပွဲ၊ အာဆင်နယ်၊ အက်စတွန်ဗီလာတို့နဲ့ ပရီးမီးယားလိဂ်ပွဲ ပွဲကောင်းတွေမှာ အီဒါဆန်အစား အရန်ဂိုးသမား အိုတီဂါကို အသုံးပြုရဖွယ် ရှိနေပါတယ်။

အိုတီဂါကတော့ ‘ လီဗာပူးကို ရင်ဆိုင်တုန်းကလိုပဲ ကျနော် အဆင်သင့်ဖြစ်နေပါတယ်။ တကမ္ဘာလုံး စောင့်ကြည့်နေတဲ့ ဒီလို ပွဲကြီးပွဲကောင်မှာ ပါဝင်ကစားခွင့်ရတာ သိပ်ကောင်းပါတယ်။ ကစားခွင့်ရတဲ့ စက္ကန့်တိုင်းကို ပျော်ရွှင်မိပါတယ်။ ’ ဆိုပြီး ပြောဆိုထားပါတယ်။