ထိပ်တန်း ကွင်းလယ်လူရဲ့ ခြေစွမ်းကို ကြည့်ဖို့ ကင်းထောက်ချုပ်ကိုတောင် စေလွှတ်တဲ့ ယူနိုက်တက်
ယူနိုက်တက်ဟာ ဒီရာသီ လာလီဂါမှာ အတော်လေး တောက်ပနေပြီး ရီးရဲလ်မက်ဒရစ်ကနေ ဆိုစီဒက်ကို အငှားထွက်ကစားနေတဲ့ နော်ဝေသား ကွင်းလယ်လူ မာတင် အိုဒီဂတ်ရဲ့ ခြေစွမ်းကို လေ့လာမှုတွေ ပြုလုပ်နေပါတယ်။
ယူနိုက်တက်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကင်းထောက်မှုတာဝန်ခံ Marcel Bout ကိုယ်တိုင်က ကြည့်ရှုနေတာဖြစ်လို့ စိတ်ဝင်စားမှုက မြင့်မားမယ်လို့ ယုံကြည်ရတယ်။ သူဟာ ဆိုစီဒက်က ဗလန်စီယာကို အနိုင်ရတဲ့ပွဲကို တက်ရောက် ကြည့်ရှုခဲ့တာဖြစ်တယ်။ အဆိုပါပွဲမှာ ဆိုစီဒက်က ၃-၀ နဲ့ အနိုင်ရပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဆယ်ကျော်သက်မှာကတည်းက အနာဂတ်မှာ တောက်ပလာနိုင်သူလို့ ကျော်ကြားတဲ့ အိုဒီဂတ်ဟာ ဒီရာသီမှာ စတားကစားသမားတစ်ဦး ဖြစ်လာခဲ့သူပါ။ အသက် ၂၁ နှစ်အရွယ်ပဲ ရှိသေးတာဖြစ်ပြီး သူဟာ ဒီရာသီ လာလီဂါပွဲ ၂၅ ပွဲမှာ ကိုယ်တိုင် ၇ ဂိုးသွင်းပြီး ဂိုးထောက်ပံံ့မှု ၈ ကြိမ် ပြုလုပ်ထားသူဖြစ်တယ်။
အိုဒီဂတ်ဟာ တောင်ပံသမားအဖြစ်လည်း ကစားခဲ့ဖူးကာ သူဟာ ရီးရဲလ်မက်ဒရစ်မှာ ရိုနယ်ဒို၊ ဘေးလ်တို့လို ကစားသမားတွေ နဲ့ အတူ လေ့ကျင့်ခွင့်ရခဲ့ပေမယ့် စီနီယာအသင်း အတွက်တော့ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် အတွေ့အကြုံ နဲ့ ပွဲ ကစားခွင့် ပိုမို ရရှိဖို့ အငှား ထွက်ကစားရာမှာ ယမန်နှစ် ရာသီက စလို့ ပုံစံကောင်းတွေကို ပြသ လာနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့် ၅ နှစ်ကာလအတွက် အကောင်းဆုံး အစီအစဉ်တွေ ချမှတ်ထားကာ လူငယ်ကစားသမားတွေကိုပဲ အသားပေး ခေါ်ယူပြီး ချန်ပီယံဆုတွေကို စိန်ခေါ်ဖို့ လူစာရင်းတစ်ခုကို တည်ဆောက်ဖို့ စတင်နေတာဖြစ်ကာ ရုပ်လုံးပေါ်လာမယ့် အနေအထားကို ဦးတည်နေပြီဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္ဟာ ဒီရာသီ လာလီဂါမွာ အေတာ္ေလး ေတာက္ပေနျပီး ရီးရဲလ္မက္ဒရစ္ကေန ဆိုစီဒက္ကို အငွားထြက္ကစားေနတဲ့ ေနာ္ေဝသား ကြင္းလယ္လူ မာတင္ အိုဒီဂတ္ရဲ႕ ေျခစြမ္းကို ေလ့လာမႈေတြ ျပဳလုပ္ေနပါတယ္။
ယူႏုိက္တက္ရဲ႕ ကမၻာလံုးဆိုင္ရာ ကင္းေထာက္မႈတာဝန္ခံ Marcel Bout ကိုယ္တိုင္က ၾကည့္ရႈေနတာျဖစ္လို႔ စိတ္ဝင္စားမႈက ျမင့္မားမယ္လို႔ ယံုၾကည္ရတယ္။ သူဟာ ဆိုစီဒက္က ဗလန္စီယာကို အႏုိင္ရတဲ့ပြဲကို တက္ေရာက္ ၾကည့္ရႈခဲ့တာျဖစ္တယ္။ အဆိုပါပြဲမွာ ဆိုစီဒက္က ၃-၀ နဲ႔ အႏုိင္ရျပီး အမွတ္ေပးဇယား အဆင့္ ၆ ေနရာကို တက္ေရာက္ႏုိင္ခဲ့ပါတယ္။
ဆယ္ေက်ာ္သက္မွာကတည္းက အနာဂတ္မွာ ေတာက္ပလာႏုိင္သူလို႔ ေက်ာ္ၾကားတဲ့ အိုဒီဂတ္ဟာ ဒီရာသီမွာ စတားကစားသမားတစ္ဦး ျဖစ္လာခဲ့သူပါ။ အသက္ ၂၁ ႏွစ္အရြယ္ပဲ ရွိေသးတာျဖစ္ျပီး သူဟာ ဒီရာသီ လာလီဂါပြဲ ၂၅ ပြဲမွာ ကိုယ္တိုင္ ၇ ဂိုးသြင္းျပီး ဂိုးေထာက္ပံံ့မႈ ၈ ၾကိမ္ ျပဳလုပ္ထားသူျဖစ္တယ္။
အိုဒီဂတ္ဟာ ေတာင္ပံသမားအျဖစ္လည္း ကစားခဲ့ဖူးကာ သူဟာ ရီးရဲလ္မက္ဒရစ္မွာ ႐ိုနယ္ဒို၊ ေဘးလ္တို႔လို ကစားသမားေတြ နဲ႔ အတူ ေလ့က်င့္ခြင့္ရခဲ့ေပမယ့္ စီနီယာအသင္း အတြက္ေတာ့ လုံေလာက္တဲ့ စြမ္းေဆာင္ရည္မ်ိဳး မရွိခဲ့ပါဘူး။ ဒါေၾကာင့္ အေတြ႕အႀကဳံ နဲ႔ ပြဲ ကစားခြင့္ ပိုမို ရရွိဖို႔ အငွား ထြက္ကစားရာမွာ ယမန္ႏွစ္ ရာသီက စလို႔ ပုံစံေကာင္းေတြကို ျပသ လာႏိုင္ခဲ့ပါတယ္။
ယူႏုိက္တက္ဟာ လာမယ့္ ၅ ႏွစ္ကာလအတြက္ အေကာင္းဆံုး အစီအစဥ္ေတြ ခ်မွတ္ထားကာ လူငယ္ကစားသမားေတြကိုပဲ အသားေပး ေခၚယူျပီး ခ်န္ပီယံဆုေတြကို စိန္ေခၚဖို႔ လူစာရင္းတစ္ခုကို တည္ေဆာက္ဖို႔ စတင္ေနတာျဖစ္ကာ ရုပ္လံုးေပၚလာမယ့္ အေနအထားကို ဦးတည္ေနျပီျဖစ္ပါတယ္။