ဖိအားကြီးတွေ ရှိတဲ့ကြား လီဗာပူးလ်ကို ပင်နယ်တီမပေးတဲ့ဒိုင်က ကမ္ဘာ့အကောင်းဆုံးဒိုင်လူကြီးပဲ လို့ ဝေါ်ကာ ချီးကျူးေ

လီဗာပူးလ်ကို ပင်နယ်တီမပေးတဲ့ဒိုင်က ကမ္ဘာ့အကောင်းဆုံးဒိုင်လို့ မန်စီးတီးနောက်ခံကစားသမား ဝေါ်ကာ က ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

စီးတီး အသင်းခေါင်းဆောင် ကိုင်လီ ဝေါ်ကာက တနင်္ဂနွေနေ့ညက အန်းဖီးမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း နောက်ဆုံးမိနစ်မှာ ဒိုကုက ဘောလုံးရှင်းထုတ်ရင်း မက္ကယ်လစ္စတာရဲ့ ရင်ဘတ်ကို ကန်မိခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်နဲ့ VAR တို့က ပင်နယ်တီ မပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါတယ်။

“ဒိုင်လူကြီးက တကယ်ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ခင်ဗျား အန်းဖီးကိုရောက်တာနဲ့ သူတို့နောက်မှာ ပရိသတ်အုပ်ကြီး ရှိတယ်။ သူ့အနေနဲ့ ထိတ်လန့်တုန်လှုပ်ခဲ့မှာပါ။

ဒါပေမယ့် ဒီဆုံးဖြတ်ချက်က သူ့ရဲ့ အတွေ့အကြုံရှိမှုနဲ့ ဘာကြောင့် သူက ဒီနိုင်ငံနဲ့ ကမ္ဘာပေါ်က အကောင်းဆုံးဒိုင်လူကြီးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရလဲဆိုတာကို ပြသခဲ့တာပါ”လို့ ပြောဆိုခဲ့တာပါ။

စီးတီးဟာ နောက်ဆုံး မိနစ်ကျမှ ပင်နယ်တီ ပေးရလုနီးပါး ရှိခဲ့ပြီး ထို ဆုံးဖြတ်ချက်ကြောင့် သက်သာရာ ရခဲ့ကာ အန်းဖီးမှာ သရေ တစ်မှတ် ရယူနိုင်ခဲ့ပါတယ်။