အဘက်ဘက် ရှေ့တက်နေလို့ အီတီဟက်မှာ စီးတီးနဲ့ ကန်ဖို့ အားရှိနေပြီ လို့ အာဆင်နယ် တိုက်စစ်မှုး ဆာကာ စိန်ခေါ်

အာဆင်နယ်အသင်းဟာ ပေါ်တိုကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ရောက် သွားတဲ့အတွက် မန်စီးတီးကွင်းကိုသွားဖို့ ယုံကြည်ချက် အပြည့်ရှိသွားပြီလို့ အာဆင်နယ် တိုက်စစ်မှူး ဘူကာယို ဆာကာက ပြောပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရက်က ကစားခဲ့ တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပေါ်တိုကို ပင်နယ်တီ အဆုံးအဖြတ် ၄-၂ ရလဒ်နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်ကို ရောက်သွားခဲ့ပါတယ်။
လန်ဒန်ကလပ်ဟာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တစ်ကြိမ်မှ မရောက်ဖူးတဲ့ အသင်းဖြစ်ပြီး ဒီရာသီမှာတော့ ပထမဆုံးအကြိမ် ပြန်ရောက်လာတာပါ။
ဒါ့အပြင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာဆိုရင်လည်း ထိပ်ဆုံးက ဦးဆောင်နေတဲ့အသင်းဖြစ်နေပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ် သမိုင်းဝင် အောင်ပွဲဟာ အခု တစ်ပတ်မှာ ကစားမယ့် မန်စီးတီးနဲ့ အီတီဟတ်ပွဲအတွက် ခွန်အားရစေတယ်လို့ ဆာကာက ပြောပါတယ်။
” ကျွန်တော် စိတ်တွေအရမ်း လှုပ်ရှားနေတယ်။ တစ်သင်းလုံးအတွက် အရမ်းပဲ ဂုဏ်ယူရပါတယ်။ ကျွန်တော်တို့ဟာ ပုံစံကောင်းတွေ အများကြီး လုပ်ပြခဲ့ကြတာပါ။
အခုဆိုရင် ကျွန်တော် တို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာလည်း ရှိနေသလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကိုလည်း ရောက်သွားပြီ။
ဒါဟာ အီတီဟတ်ကို သွားပြီးကစားမယ့်ပွဲအ တွက် ရလဒ်ကောင်းတစ်ခုရဖို့ ခွန်အားရစေပါတယ်။ ဒီပွဲမျိုးတွေအတွက်ပဲ ကျွန်တော်တို့ ဘောလုံး ကစားနေကြတာပါ ” လို့ ဆာကာက TNT Sport သတင်းဌာနကို ပြောသွားခဲ့ တာပါ။